မ​က္က​စီ​ကို​စစ်​တပ်​နှင့်​ ​မူး​ယစ်​မှောင်​ခို​ ဂိုဏ်းများ​ ​အ​ပြန်​အ​လှန်​​ ပစ်​ခတ်​မှု​​ ဖြစ်​ပွား

alt

မက္က​စီ​ကို​နိုင်ငံ​မှ​ မူး​ယစ်​မှောင်​ခို​ဂိုဏ်း​များ​နှင့်​ ​စစ်​တပ်​ကြား​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​မှောင်​ခို​ဂိုဏ်း​သား​ ​၂၅​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​စစ်​ဖက်​မှ​ ​အ​တည်​ပြု​ ​ပြော​ကြား​ခဲ့​သည်​။​

​အ​မေ​ရိ​ကန်​နှင့်​ ​နယ်​နိ​မိတ်​ ​စည်း​မျဥ်း​အ​နီး​ ကင်း​လှည့်​နေ​သော​ ​စစ်​တပ်​ကို​ ​မှောင်​ခို​အ​ဖွဲ့​က​ ​ချံု​ခို​တိုက်​ခိုက်​ရာ​မှ​ ​တိုက်​ပွဲ​စ​တင်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​တာ​မော​လီ​ပက်​ဒေ​သ​တွင်​ ​စက်​တင်​ဘာ​ ​၂​ ​ရက်​နေ့​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​တိုက်​ပွဲ​အ​တွင်း​ ​စစ်​သား​ ​၂​ ဦး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သည်​။​ ​တာ​မော​လီ​ပက်​သည်​ ​မူး​ယစ်​မှောင်​ခို​ ​ဂိုဏ်း​များ​နှင့်​ ​မ​က္က​စီ​ကို​ ​လုံ​ခြံု​ရေး​ ​လက်​နက်​ကိုင်​တပ်​ဖွဲ့​များ​ မ​ကြာ​ခ​ဏ​ ​ထိပ်​တိုက်​တွေ့​ဆုံ​ရာ​ ​ပြည်​နယ်​တစ်​ခု​ဖြစ်​သည်​။​

​၂၀၀၆​ ​ခု​နှစ်​က​ ​သ​မ္မ​တ​ ​ဖီ​လစ်​ပီ​ ​ကယ်​ဒါ​ရွန်​က​ ​စစ်​တပ်​နှင့်​ ​ပြည်​ထောင်​စု​ ​ရဲ​တပ်​ဖွဲ့​အား​ ​မူး​ယစ်​နှိမ်​နင်း​ရေး​ ​လုပ်ငန်း​များ​ကို​ ​အင်​တိုက်​အား​တိုက်​ ​ဆောင်​ရွက်​ရန်​ ​အ​မိန့်​ချ​မှတ်​လိုက်​ပြီး​နောက်​ပိုင်း​ ​ထိပ်​တိုက်​တွေ့​ဆုံ​မှု​များ​ကြောင့်​ ​လူ​ပေါင်း​ ​၂၈၀၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ပြီး​ဖြစ်​သည်​။​ ​ထို့​အ​ပြင်​ ​မ​က္က​စီ​ကို​ ​သ​မ္မ​တ​၏​ ​မူး​ယစ်​ဆေး​ဝါး​ ​တိုက်​ဖျက်​ရေး​ ​ပေါ်​လ​စီ​သည်​ ​အ​မေ​ရိ​ကန်​သို့​ ​မူး​ယစ်​ဆေး​ဝါး​ ​တင်​သွင်း​မှု​များ​ကို​ ​ထိ​ထိ​ရောက်​ရောက်​ ​ဟန့်​တား​နိုင်​စွမ်း​ ​မ​ရှိ​ကြောင်း​ ​ဝေ​ဖန်​မှု​များ​လည်း​ ​ထွက်​ပေါ်​နေ​သည်​။​ ​

ကယ်​ဒါ​ရွန်​က​မူ​ ​အ​ရေး​ပါ​သော​ ​ဒု​စ​ရိုက်​ ​ခေါင်း​ဆောင်​များ​ကို​ ​ဖမ်း​ဆီး​နှိမ်​နင်း​ခြင်း​ဖြင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​မှု​များ​အား​ ​ချေ​ဖျက်​တား​ဆီး​နိုင်​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here