လိင်​ဆက်​ဆံ​နေ​စဥ်​ ​အ​ခြား​​ အ​မျိုး​သား​အ​မည်​ ​ပြော​မိ​သည့်​​ ချစ်​သူ​အား​ ​သတ်​ဖြတ်

alt

မိ​မိ​နှင့်​ ​လိင်​ဆက်​ဆံ​နေ​စဥ်​ ​အ​ခြား​အ​မျိုး​သား​ ​တစ်ဦး​၏​ ​အ​မည်​ကို​ ​ပါး​စပ်​မှ​ ​ထုတ်​ပြော​မိ​သည့်​ ​ချစ်​သူ​အား​ ​သတ်​ဖြတ်​ခဲ့​သည့်​ ​လူ​တစ်ဦး​ကို​ ​ဗြိ​တိန်​နိုင်ငံ​၊​ ​မန်​ချက်​စ​တာ​ ​တ​ရား​ရုံး​က​ ​ထောင်​ဒဏ်​တစ်​သက်​ ​ချ​မှတ်​လိုက်​သည်​။​

​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ​သ​ဝန်​ကြောင်​ ​အ​ချစ်​သ​မား​ ​ဂယ်​ရီ​ဟစ်​သည်​ ​အ​သက်​ ​၄၁​ ​နှစ်​အ​ရွယ်​ ​ဂျို​နာ​ကစ်​ချန်း​နှင့်​ ​ယ​ခု​နှစ်​ ​ဧ​ပြီ​လ​ ​၁၃​ ​ရက်​နေ့​က​ ​ချစ်​တင်း​နှီး​နှော​နေ​စဥ်​ ​အ​မျိုး​သ​မီး​က​​ "​ခ​ရစ်​ရယ်​၊​ ​ခပ်​ပြင်း​ပြင်း​ ​လုပ်​စမ်း​ပါ”​ဟု​ ညည်း​ညူ​မိ​သည့်​အ​တွက်​ ​ဒေါ​သ​ပေါက်​ကွဲ​ပြီး​ ​သတ်​ပစ်​လိုက်​ခြင်း​ဖြစ်​သည်​။​

​ဂယ်​ရီ​သည်​ ​မီး​ဖို​ချောင်​ထဲ​သို့​ ​ပြေးဝင်​ကာ​ ​ဓား​တစ်​ချောင်း​ကို​ယူ​ပြီး​ ​ဂျို​နာ​၏​ ​ကျော​နှင့်​ရင်​ဘတ်​တို့​တွင်​ ​ထိုး​စိုက်​ပစ်​ခဲ့​သည်​။​ ​နောက်​ပိုင်း​တွင်​ ​ဂယ်​ရီ​က​ ​ရဲ​တပ်​ဖွဲ့​သို့​ ​ဆက်​သွယ်​ပြီး​ ၎င်း​သည်​ ​ခ​ရစ်​ဆို​သော​ ​အ​မည်​နှင့်​ ​ပတ်​သက်​ပြီး​ ​ဂျို​နာ​အား​ ​မေး​ခဲ့​ကြောင်း​၊​ ​သူ​မ​က​ ​သ​မီး​ဖြစ်​သူ​၏​ ​ချစ်​သူ​ဖြစ်​သော​ ​ခ​ရစ်​အ​ကြောင်း​ ​စဥ်း​စား​မိ​ရာ​မှ​ ​ယောင်​ပြီး​ပြော​မိ​ခြင်း​ဟု​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​စိတ်​မ​ထိန်းနိုင်​ဘဲ​ ​သတ်​ခဲ့​ကြောင်း​ ​ဖြောင့်​ချက်​ပေး​ခဲ့​သည်​။​ ၎င်း​သည်​ ​ဂျို​နာ​အား​ ​ရန်​ပြု​ရန်​ ​ရည်​ရွယ်​ချက်​မ​ရှိ​ခဲ့​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​လွန်​ရူး​မိုက်​သော​ ​ကိ​စ္စ​ကို​ ​မ​ဆင်​မ​ခြင်​ ပြု​ခဲ့​မိ​ကြောင်း​ ​ဝန်​ခံ​သွား​သည်​။​

​ဂယ်​ရီသည်​ ​အ​နည်း​ဆုံး​ ​ထောင်​ဒဏ်​ ​၁၅​ ​နှစ်​ ​ကျ​ခံ​ရ​မည်​ဖြစ်​ပြီး​ ​ထို​ပြစ်​ဒဏ်​ ​ပြ​ည့်​မြောက်​ချိန်​တွင်​ ၎င်း​အား​ ​လွှတ်​ပေး​ရန်​ ​သင့်​မ​သင့်​ ​တ​ရား​သူ​ကြီး​များ​က​ ​ဆုံး​ဖြတ်​မည်​ဖြစ်သည်​။​ ​ဂယ်​ရီ​နှင့်​ ​ဂျို​နာ​တို့​သည်​ ​ပြီး​ခဲ့​သည့်​ ​နှစ်​ကုန်​ပိုင်း​က​ Facebook​ တွင်​ ​တွေ့​ဆုံ​သိ​ကျွမ်း​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဂျို​နာတွင်​ ​သ​မီး​နှစ်​ယောက်​နှင့်​ ​မြေး​နှစ်​ယောက်​တို့​ ​ကျန်​ခဲ့​သည်​။​ ​ယ​ခု​လူ​သတ်​မှု​မှာ​ ​ဂျို​နာ​အ​လုပ်​မှ​ ​အိမ်​ပြန်​လာ​ချိန်​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​သ​မီး​ဖြစ်​သူ​ ​ရေ​ဘက်​ကာ​နှင့်​ ​သူ​မ​၏​ချစ်​သူ​ ​ခ​ရစ်​တို့​အား​ ​အိမ်​ထဲ​တွင်​ ​ချစ်​တင်း​နှီး​နှော​လျက်​သား​ ​တွေ့​ရှိ​ပြီး​နောက်​ ​ဖြစ်​ပွား​ခဲ့​ခြင်း​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here