အင်တာနက်မှတဆင့် သုက်ပိုး​ တရားမဝင်​ ရောင်းချသူ​ နှစ်ဦးအား ဖမ်းဆီးရမိ

alt

အင်​တာ​နက်​မှ​တ​ဆင့်​​ ​သုက်​ပိုး​တ​ရား​မ​ဝင်​ ​ရောင်း​ချ​သူ​ ​ဗြိ​တိန်​နိုင်ငံ​သား​​ ​နှစ်ဦး​မှာ​ ​တ​ရား​ရုံး​တွင်​​ ​စွဲ​ချက်​တင်​ခံ​နေ​ရ​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​သက်​​ ​၄၂​ ​နှစ်​ရှိ​ ​နီ​ဂယ်​ဝု​ဖို့နှင့်​​ ​အ​သက်​ ​၄၈​ ​နှစ်​အ​ရွယ်​​ ​ရစ်​ကီ​ဂေ့​တို့​ ​နှစ်ဦး​သည်​ Sperm​ Direct​ ဆို​သော​ ​ဝက်​ဆိုက်​တစ်​ခု​ကို​​ ​တည်​ထောင်​ကာ​

​ပြင်​ပ​သ​န္ဓေ​အောင်​နည်း​ဖြင့်​​ ​က​လေး​လို​ချင်​သော​ အ​မျိုး​သ​မီး​များ​ကို​​ ​သုက်​ပိုး​ရောင်း​ချ​ပြီး​​ ​ပေါင်​စ​တာ​လင်​ ​၂၅၀၀၀၀​​ ​မျှ​ ​ဝင်ငွေ​ရ​ရှိ​ထား​ကြောင်း​​ ​သိ​ရ​သည်​။​

​ယင်း​တို့​သည်​​ ​အ​မည်​မ​ဖော်​လို​သူ​​ ​သုက်​ပိုး​အ​လှူ​ရှင်​များ​ထံ​မှ​​ ​ယ​ခု​သုက်​ပိုး​များ​ကို​​ ​ရ​ရှိ​ခဲ့​ခြင်း​ဟု​ ​လိမ်​ညာ​ကာ​​ ​ငွေ​ကြေး​ရ​ယူ​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​အ​ကယ်၍​ ​ပြစ်​မှု​ထင်​ရှား​ပါ​က​​ ​ယင်း​တို့​နှစ်ဦး​သည်​​ ​ထောင်​ဒဏ်​ ​၂​ ​နှစ်​ထိ​ ကျ​ခံ​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​​ ​ဝက်စ်​မင်​နစ်​စ​တာ​ ​တ​ရား​ရုံး​မှ​ ​အ​စိုး​ရ​ရှေ့​နေ​ ​တို​နီကွန်​နယ်​က​ ​တ​ရား​စွဲ​ဆို​ခံ​ရ​သူ​ ​နှစ်ဦး​သည်​ ​အ​မျိုး​သ​မီး​များ​အား​ ​တ​ရား​ဝင် ​လိုင်​စင်​မ​ရှိ​ဘဲ​ ​သုက်​ပိုး​ရောင်း​ချ​မှု​ ​ပြု​လုပ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​သွား​သည်​။​

​နီ​ဂယ်​နှင့်​ ​ရစ်​ကီ​တို့​သည်​ ​သုက်​ပိုး​ကို​ ​ပို့​ဆောင်​ခ​ ​စ​ရိတ်​အ​တွက်​ ​အ​ပို​ဆောင်း​ ​ပေါင်​စ​တာ​လင်​ ​၁၅၀​ ​ထပ်​မံ​ရ​ယူ​သေး​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။​ ယင်း​တို့​နှစ်ဦး​၏​ ​ရှေ့​နေ​များ​က​ ​အင်​တာ​နက်​မှ​ ​ရောင်း​ချ​မှု​များ​ကို​ ​ပြု​လုပ်​ရာ​တွင်​ ​လိုင်​စင်​မ​လို​အပ်​ကြောင်း​၊​ ​ယ​ခု​ကိ​စ္စ​သည်​ ​သုက်​ပိုး​ကို​ ​ရောင်း​ကုန်​တစ်​ခု​သ​ဖွယ်​ ​သ​ဘော​ထား​ခဲ့​ခြင်း​သာ​ဖြစ်​ပြီး​ ​မည်​သူ့​ကို​မျှ​ ​မ​ထိ​ခိုက်​စေ​ကြောင်း​ ​တုန့်​ပြန်​လျှောက်​ထား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here