Privacy ချိုးဖောက်မှုအတွက် ဝန်ထမ်းတစ်ဦးအား Google ထုတ်ပယ်

alt

Google​ ​ကု​မ္ပ​ဏီ​သည်​​ ၎င်း​တို့​၏​ User​​ များထံ​မှ​​ Account​​ ကို​ ​သုံး​စွဲ​ခဲ့​သော​​ ​ဝန်​ထမ်း​တစ်ဦး​ကို​​ Privacy​ ​ချိုး​ဖောက်​မှု​အ​တွက်​​ ​ထုတ်​ပယ်​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​

​အ​သက်​​ ​၂၇​ ​နှ​စ်​အ​ရွယ်​ ​အင်​ဂျင်​နီ​ယာ​​ ​ဒေး​ဗစ်​ဘက်စ်​ဒါ​လေး​သည်​​ Google​ ​၏​ User​​ များ​ဖြစ်​သော​​ ​ဆယ်​ကျော်​သက်​ ​၄​ ဦး​၏​​ Gmail​​ နှင့်​ Gvoice​ Account​ ​များ​ကို​​ ​ဖွင့်​ကြည့်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ Google​ ​က​ ​ဇူ​လိုင်​လ​အ​တွင်း​က​​ ​ကိ​စ္စ​များ​ကြောင့်​​ ​ဒေး​ဗစ်​ကို​ ​ထုတ်​ပယ်​လိုက်​ကြောင်း​​ ​စက်​တင်​ဘာ​ ​၁၅​ ​ရက်​နေ့​က​​ ​အ​တည်​ပြု​ ​ပြော​ကြား​ခဲ့​သော်​လည်း​​ ​အ​သေး​စိတ်​ ​အ​ချက်​အ​လက်​များ​ကို​မူ​​ ​ကြေ​ညာ​သွား​ခြင်း​ ​မ​ရှိ​ပေ​။​​ Google​ ​၏​ ​တင်း​ကြပ်​သော​​ Privacy​​ ကဏ္ဍ​ ​ပြ​ဌာန်း​ချက်​များ​အား​​ ​ချိုး​ဖောက်​သည့်​ ​ဝန်​ထမ်း​ကို​​ ​အ​ရေး​ယူ​ခဲ့​ကြောင်း​၊​​ Google​​ အ​နေ​နှင့်​ ​ဝန်​ထမ်း​များ​က​​ Privacy​ ​ဆိုင်​ရာ​ ​ကျင့်​ဝတ်​မ​စောင့်​ထိန်း​မှု​မျိုး​​ ​ဖြစ်​လာ​မည်​ကို​ ​အ​လေး​ထား​​ ​ထိန်း​ချုပ်​နေ​ကြောင်း​​ ​ကု​မ္ပ​ဏီ​က​ ​ကြေ​ညာ​သွား​သည်​။​​

Google​​ မှ​ ​အ​ကြီး​တန်း​​ ​ဒု​တိ​ယ​ ဥ​က္က​ဌ​​ တစ်ဦး​ဖြစ်​သော​​ ​ဘီ​ကူ​ဂ​ရန်​က​ ​ကု​မ္ပ​ဏီ​၏​​ ​လုံ​ခြံု​ရေး​ဆိုင်​ရာ​​ ​ထိန်း​ချုပ်​မှု​များ​ကို​​ ​မ​ကြာ​ခ​ဏ​ ​အ​ဆင့်​မြှင့်​တင်​နေ​ကြောင်း​လည်း​​ ​ပြော​ကြား​သွား​သည်​။​​ ​အ​မေ​ရိ​ကန်​မှ​ ​အ​စိုး​ရ​​ ဥ​ပ​ဒေ​ပြု​ ​အ​မတ်​များ​သည်​​ ​နိုင်ငံ​အ​တွင်း​ ​အင်​တာ​နက်​​ Privacy​​ လုံ​ခြံုမှု​ဆိုင်​ရာ​​ ​စည်း​မျဥ်း​များ​ ​တိုး​မြှင့်​ရန်​​ Google​နှင့်​ ​အ​ခြား​သော​​ ​နည်း​ပ​ညာ​ ​ကု​မ္ပ​ဏီ​ကြီး​များ​အား​​ ​ဖိ​အား​ပေး​ ​နှိုး​ဆော်​လျက်​ရှိ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here