အစာအငတ်ခံကာ ဆံပင်ရိတ်ပြီး ကင်ဆာ​ ရောဂါသည် ဟန်ဆောင်ခဲ့သည့် ကနေဒါသူ

alt

အ​မျိုး​သ​မီး​တစ်ဦး​သည်​​ ​မိ​မိ​ကိုယ်​ကိုယ်​ ​အ​စာ​အငတ်​ခံ​ကာ​​ ​ဆံ​ပင်​များ​ပါ​ ​ရိတ်​ပစ်​ပြီး​​ ​ကင်​ဆာ​ရော​ဂါ​သည်​အ​ဖြစ်​​ ​ဟန်​ဆောင်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​က​နေ​ဒါနိုင်ငံ​မှ​​ ​အက်​ရှ​လေ​အ​န်​နီ​ ​ကီ​ရီ​လို​ဆို​သော​​ ​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​​ ​အ​မျိုး​သ​မီး​သည်​ ​

ထို​သို့​ပြု​လုပ်​ကာ​​ ​မိ​သား​စု​နှင့်​ ​မိတ်​ဆွေ​များ​ထံ​မှ​​ ​ပေါင်​စ​တာ​လင်​ ​ထောင်​နှင့်​ချီ​ပြီး​​ ​ထောက်​ပံ့​ငွေ​များ​ ​ရယူ​ခဲ့​ကြောင်း​​ ​ဝန်​ခံ​သွား​သည်​။​

က​နေ​ဒါ​​ ​တ​ရား​ရုံး​တစ်​ခု​တွင်​​ ​ကီ​ရီ​လို​က​ ​သူ​မ​အ​နေ​နှင့်​​ ​လှည့်​စား​လိမ်​ညာ​ခဲ့​ကြောင်း​​ ​ဝန်​ခံ​ထွက်​ဆို​ခဲ့​ပြီး​​ ​သူ​မ​၏​ ​အ​ဓိ​က​ ​ရည်​ရွယ်​ချက်​မှာ​​ ​ကင်​ဆာ​ရော​ဂါ​သည်​ ​ဟန်​ဆောင်​ပြီး​ အိမ်​ခွဲ​နေ​သော​ ​မိ​ဘ​နှစ်​ပါး​ကို​​ ​ပြန်​လည်​သင့်​မြတ်​စေ​ရန်​ဖြစ်​ကြောင်း​​ ​ဖွင့်​ဟ​ခဲ့​သည်​။​ ​သူ​မ​သည်​​ ​မိ​သား​စု​ ​ပေါင်း​စည်း​စေ​ချင်​သည်​မှ​လွဲ​ပြီး​​ ​အ​ခြား​ရည်​ရွယ်​ချက်​​ ​မ​ရှိ​ခဲ့​ကြောင်း​၊​​ ​သို့​သော်​လည်း​ ​ထို​ကိ​စ္စ​သည်​​ ​သူ​မ​၏​ ​အ​မှား​လည်း​ဖြစ်​ကြောင်း​​ ​ကီ​ရီ​လို​က​ ​တ​ရား​သူ​ကြီး​ထံ​​ ​ပြော​ကြား​ခဲ့​သည်​။​

၂၀၀၈​​ ​ခု​နှစ်​က​ ​ကီ​ရီ​လို​သည်​​ ​ရင်​သား​တွင်​ ​အ​ကြိတ်​တစ်​ခု​အ​တွက်​​ ​ခွဲ​စိတ်​ကု​သ​ခဲ့​ရ​ပြီး​​ ​နောက်​ပိုင်း​တွင်​ ​သူ​မ​သည်​​ ​မိတ်​ဆွေ​များ​အား​ ​ရင်​သား​ကင်​ဆာ​​ ​ဝေ​ဒ​နာ​ ​ခံ​စား​နေ​ရ​သည်​ဟု​ လိမ်​လည်​ပြော​ဆို​ခဲ့​သည်​။​​ ​ကီ​ရီ​လို​က​ ​ဖ​ခင်​ဖြစ်​သူ​မိုက်​အား​​ ​သူ​မ​သည်​ ​ရိုး​တွင်း​ချဥ်​ဆီ​​ ​အ​စား​ထိုး​ရန်​ ​လို​အပ်​ကြောင်း​၊​​ ​မ​ဟုတ်​ပါ​က​ ​၆​ ​လ​အ​တွင်း​​ ​သေ​ဆုံး​ရ​မည်​ဖြစ်​ကြောင်း​​ ​ပြော​ဆို​ကာ​ ​အိမ်​ပြန်​လာ​ရန်​​ ​တောင်း​ဆို​ခဲ့​ရာ​ ​မိုက်​က​​ ​သံ​သ​ယ​ ​ဖြစ်​လာ​ခြင်း​ဟု​​ ​သိ​ရ​သည်​။​ မိုက်​သည်​​ ​၁၀​ ​ရက်​မျှ​ ​အ​ကြာ​တွင်​မှ​​ ​သ​မီး​ဖြစ်​သူ​ထံ​ ​ရောက်​သွား​သော​အ​ခါ​​ ​ကီ​ရီ​လို​သည်​ ​စိတ်​ဆိုး​မာန်​ဆိုး​​ ​အော်​ထုတ်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​

​မိ​ခင်​ဖြစ်​သူ​​ ​ဆင်​ဒီ​အက်​ဒွပ်​က​ ​ကီ​ရီ​လို​သည်​​ ​သူ​မ​ထံ​မှ​ ​ပိုက်​ဆံ​ရ​ယူ​ရန်​သာ​​ ​နည်း​မျိုး​စုံ​ဖြင့်​​ ​ကြံ​စည်​လီ​ဆည်​နေ​ကြောင်း​​ ​စွပ်​စွဲ​ခဲ့​သည်​။​ ​တ​ရား​ရုံး​သည်​​ ​ယ​ခု​အ​မှု​အ​တွက်​ ​ဆက်​လက်​စစ်​ဆေး​နေ​ဆဲ​ဖြစ်​ပြီး​​ ​ကီ​ရီ​လို​၏​ ​မိ​ဘ​နှစ်​ပါး​သည်​​ ​သူ​မ​အ​သက်​ ​၁၄​ ​နှစ်​က​တည်း​က​​ ​သီး​ခြား​နေ​ထိုင်​ခဲ့​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here