နိုဝင်ဘာလဆန်းတွင် မိုင်းတွင်​ လုပ်သားများအား ကယ်တင် နိုင်မည်ဟု ကယ်ဆယ်ရေး​ အဖွဲ့မျှော်လင့်

alt

ကယ်​ဆယ်​ရေး​​ ​တပ်​ဖွဲ့​များ​က​ ​ချီ​လီ​တွင်​​ ​ပိတ်​မိ​နေ​သော​ ​မိုင်း​လုပ်​သား​​ ​၃၃​ ဦး​ကို​ ​နို​ဝင်​ဘာ​လ​ဆန်း​တွင်​​ ​ကယ်​တင်​နိုင်​မည်​ဟု​​ ​မျှော်​လင့်​ကြောင်း​​ ​ပြော​ကြား​ခဲ့​သည်​။

​​ ​ရက်​ပေါင်း​ ​၄၀​ ​ကျော်​ကြာ​သည်​အ​ထိ​​ ​မီ​တာ​ ​၇၀၀​ ​အ​နက်​ရှိ​​ ​မြေ​အောက်​တွင်​ ​ပိတ်​မိ​နေ​ဆဲ​ဖြစ်​သော​​ ​မိုင်း​အ​လုပ်​သ​မား​များ​ထံ​​ ​မြေ​တူး​စက်​ ​လွန်​သွား​ကြီး​​ ​နှစ်​ခု​ဖြင့်​ ​တူး​ဖော်​မှု​များ​​ ​ပြု​လုပ်​နေ​ရာ​ ​မီ​တာ​​ ​၃၅၀​ ​နှင့်​ ​မီ​တာ​​ ​၃၀၀​ ​အ​နက်​စီ​ထိ​ ​အ​သီး​သီး​​ ​ရောက်​ရှိ​နေ​ပြီ​ဖြစ်​သည်​။​​ ​ယင်း​အ​လုပ်​သ​မား​များ​သည်​​ ​မိုင်း​တွင်း​မ​တော်​တ​ဆ​​ ​ပြို​ကျ​မှု​ ​တစ်​ခု​အ​တွင်း​ ဩ​ဂုတ်​လ​ ၅​ ​ရက်​နေ့​က​တည်း​က​​ ​ပိတ်​မိ​နေ​ခြင်း​ဖြစ်​သည်​။​​ ​ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​များ​သည်​​ ​ရေ​နှင့်​ ​အ​စား​အ​သောက်​များ​​ ​အ​ရေး​ပေါ်​လိုင်း​မှ​​ ​ပို့​လွှတ်​ထား​သ​ဖြင့်​​ ​မိုင်း​တွင်း​လုပ်​သား​​ ​အား​လုံး၏​ ​ကျန်း​မာ​ရေး​​ ​ကောင်း​မွန်​နေ​ဆဲ​ဟု​​ ​ပြော​ကြား​ခဲ့​သည်​။​​

​တူး​ဖော်​မှု​များ​ ​ပြု​လုပ်​နေ​သည့်​​ ​အင်​ဂျင်​နီ​ယာ​ ​အ​ဖွဲ့​ခေါင်း​ဆောင်​ ရန်​နီ​အ​ဂွီ​လာ​က​ ​တူး​နေ​သည့်​​ ​စက်​ကြီး​များ​အ​နက်​​ ​တစ်​ခု​သည်​ ​သ​တ္တု​စ​များ​ကို​​ ​ထိ​ခိုက်​မိ​သော​ကြောင့်​​ ​တစ်​ပါတ်​မျှ​ ​လုပ်ငန်း​ရပ်​နား​ထား​ကြောင်း​​ ​ပြော​ဆို​သွား​သည်​။​​ ​မူ​လ​က​ ​မိုင်း​တွင်း​အ​လုပ်​သ​မား​များ​ကို​ ​ဒီ​ဇင်​ဘာ​လ​ထိ​ ​ကယ်​တင်​နိုင်​မည်​ ​မ​ဟုတ်​ဟု​ ​မျှော်​လင့်​ခဲ့​သော်​လည်း​ ယ​ခု​အ​ခါ​ ​ကယ်​ဆယ်​ရေး​ ​တပ်​ဖွဲ့​များ​က​ ​မျှော်​လင့်​ချက်​ ​မြင့်​မြင့်​မား​မား​ ​ထား​ရှိ​လာ​နိုင်​ပြီ​ဟု​ ​အ​တည်​ပြု​ခဲ့​သည်​။​

အ​ဂွီ​လာ​က​ ​မိုင်း​တွင်း​အ​လုပ်​သ​မား​များ​ ​မြေ​ပြင်​ပေါ်​ ​ပြန်​လည်​ရောက်​ရှိ​ရေး​အ​တွက်​ ​မြန်​နိုင်​သ​မျှ​မြန်​မြန်​ ​ကြိုး​ပမ်း​ဆောင်​ရွက်​သွား​မည်​ဖြစ်​ပြီး​ ​အ​စော​ဆုံး​ ​နို​ဝင်​ဘာ​ ​လ​ဆန်း​ခန့်​တွင်​ ​အောင်​မြင်​ပြီး​စီး​မည်​ဟု​ ​ယုံ​ကြည်​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here