ဒူဘိုင်းတွင် တောင်းရမ်း​ စားသောက်သူက ကြယ်ငါးပွင့်​ အဆင့်ဟိုတယ်တွင် နေထိုင်ခဲ့

alt

ဒူ​ဘိုင်း​တွင်​​ ​မ​ကြာ​သေး​မီ​က​ ​အ​ဖမ်း​ခံ​ရသော​​ ​​တောင်း​ရမ်း​စား​သောက်​သူ​ တစ်ဦး​သည်​ ​ကြယ်ငါး​ပွင့်​အ​ဆင့်​​ ​ဟို​တယ်​ကြီး​တစ်​ခု​တွင်​​ ​နေ​ထိုင်​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​​ ​

ဒူ​ဘိုင်း​ရဲ​ဌာ​န​က​ နယ်​နှင်​ဒဏ်​​ ​ပေး​လိုက်​သော​လည်း​ ​ဝင်​ငွေ​မြင့်​မား​သည့်​​ ​အ​ဆို​ပါ​ ​ တောင်း​ရမ်း​စား​သောက်​သူ​သည်​ ​ဒူ​ဘိုင်း​သို့​ ​ပြန်​လည်​ရောက်​ရှိ​လာ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ပင်​လယ်​ကွေ့​ဒေ​သ​ ​နိုင်ငံ​၏​ ​ရဲ​တပ်​ဖွဲ့​က​ ​ယင်း​​တောင်း​ရမ်း​စား​သောက်​သူ​သည်​ ​အာ​ရှ​သား​ ​တစ်ဦး​ဟု​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​မည်​သည့်​နိုင်ငံ​သား​ ​ဖြစ်​သည်​ကို​ ​တိ​တိ​ကျ​ကျ​ ​မ​ကြေ​ညာ​ခဲ့​ချေ​။​

​ဒူ​ဘိုင်း​ရဲ​ဌာ​န​၏​ ​က​မ္ဘာ​လှည့်​ခ​ရီး​သည်​ ​လုံ​ခြံု​ရေး​ဌာ​န​ ​ဒါ​ရိုက်​တာ​ ​မို​ဟာ​မက်​ရာ​ရှစ်​ ​အယ်​မူ​ဟိုင်​ရီ​က​ ​အ​ဆို​ပါ​ ​ တောင်း​ရမ်း​စား​သောက်​သူ​အား​ နယ်​နှင်​ဒဏ်​ ​ပေး​ခဲ့​သော်​လည်း​ ​နိုင်ငံ​၏​ ​ပြည်​ဝင်​ခွင့်​ ​စည်း​ကမ်း​အ​ရ​ ​ဝင်​ငွေ​မြင့်​မား​ကြောင်း​ ​ပြ​သ​နိုင်​သည့်​အ​တွက်​ ​တောင်း​စား​ရန်​ ​ခွင့်​ပြု​ချက်​ ​ပေး​ခဲ့​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​

​ချမ်း​သာ​ကြွယ်​ဝသော​ ​ဒူ​ဘိုင်း​တွင်​ ​တောင်း​ရမ်း​စား​သောက်​သူ​ အ​များ​စု​သည်​ ​နိုင်ငံ​ခြား​သား​ ​အ​များ​စု​ဖြစ်​ပြီး​ ​အာ​ရှ​နိုင်ငံ​များ​မှ​ ​အ​ဓိ​က​ဖြစ်​သည်​။​ ​ဒု​တိ​ယ​နေ​ရာ​တွင်​ ​အာ​ရပ်​ဒေ​သ​ ​နိုင်ငံ​သား​များ​က​ ​ရပ်​တည်​နေ​ကြောင်း​ ​သ​ိ​ရ​သည်​။​ ​ဒူ​ဘိုင်း​ရဲတပ်​ဖွဲ့​သည်​ ​ရာ​မာ​ဒန်​နှင့်​ ​အစ်​ကာ​လ​များ​တွင်​ ​မြို့​တွင်း​ရှိ​ ​နိုင်ငံ​ခြား​သား​ ​တောင်း​ရမ်း​စား​သောက်​သူ​များ​ကို​ ​လိုက်​လံ​ဖမ်း​ဆီး​ရာ​ ​လူ​ပေါင်း​ ​၃၆၀​ ​ကျော်​ အ​ဖမ်း​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here