မိုး​မျှော်​တိုက်​ပေါ်​ ​တွယ်​တက်​ခဲ့​သူ​အား​ ​ဆန်​ဖ​ရန်​ဆစ်​စ​ကို​ရဲ​တပ်​ဖွဲ့​ဖမ်း​ဆီ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဆန်​ဖ​ရန်​ဆစ်​စ​ကို​မြို့​ ​ရဲ​တပ်​ဖွဲ့​သည်​ ​မြို့​ထဲ​ရှိ​ ​၅၈​ ​ထပ်​မြင့်​သော​ ​မိုး​မျှော်​တိုက်​တစ်​လုံး​အား​ ​တွယ်​တက်​ခဲ့​သူ​ ​တစ်ဦး​ကို​ ​ဖမ်း​ဆီး​လိုက်​သည်​။​

​စက်​တင်​ဘာ​ ​၆​ ​ရက်​နေ့​က​ ​တိုက်​ပေါ်​သို့​ ​တွယ်​တက်​ကာ​ ​အ​မေ​ရိ​ကန်​ ​အ​လံ​တစ်​ခု​ကို​ ​တက်​ချိတ်​သည့်​ ​လူ​တစ်ဦး​အား​ ​ဖမ်း​ဆီး​ခဲ့​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ ​ကြေ​ညာ​သည်​။​ ​အ​ဖမ်း​ခံ​ရ​သူ​မှာ​ ​ဝါ​ရင့်​တောင်​တက်​သ​မား​ ​ဒန်​ဂွတ်​ဝင်း​ဆို​သူ​ဖြစ်​ကြောင်း​လည်း​ ​ရဲ​များ​က​ဆို​သည်​။​

​လိတ်​တာ​ဟိုး​တွင်​ ​နေ​ထိုင်​သည့်​ ​အ​သက်​ ​၅၄​ ​နှစ်​အ​ရွယ်​ ​တောင်​တက်​သ​မား​သည်​ ​စုပ်​ခွက်​များ​ကို​ ​အ​သုံး​ပြု​ခဲ့​သည့်​တိုင်​ ​ကြိုး​မ​ပါ​ဘဲ​ ​၆၄၅​ ​ပေ​မြင့်​သည့်​ ​မီ​လီ​နီ​ယမ်​ ​မျှော်​စင်​သို့​ ​တက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဆန်​ဖ​ရန်​ဆစ်​စ​ကို​ ​ပင်​လယ်​ကွေ့​ကို​ ​စီး​မြင်​နိုင်​သည့်​ ​မျှော်​စင်​ထိပ်​သို့​ ​ဆက်​မ​တက်​ရန်​ အ​မိန့်​ပေး​မှု​ကို​လည်း​ ​ဂွတ်​ဝင်း​က​ ​မျက်​ကွယ်​ပြု​ခဲ့​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​ ရဲ​များ​ ​သိ​ရှိ​ချိန်​တွင်​ ​ဂွတ်​ဝင်း​သည်​ ​ထိပ်​ဆုံး​ရောက်​ရန်​ ​အ​တော်​လို​သေး​ပြီး​ ​မီး​သတ်​တပ်​ဖွဲ့​များ​က​ပါ​ ​ကယ်​ဆယ်​ရေး​အ​တွက်​ ​အ​သင့်​နေ​ရာ​ယူ​ ​ထား​ခဲ့​ရ​သည်​။​

​လူ​စွန့်​စား​ ​ဂွတ်​ဝင်းသည်​ ​၃​ ​နာ​ရီ​နီး​ပါး​ ​အ​ချိန်​ယူ​ခဲ့​ရ​ပြီး​နောက်​ ​ထိပ်​ဆုံး​သို့​ ​ရောက်​ရှိ​ခဲ့​သည်​။​ ၎င်း​သည်​ ​ရဲ​များ​ထံ​ ​အ​ဖမ်း​မ​ခံ​မီ​ ​အ​မေ​ရိ​ကန်​ ​အ​လံ​ကို​ ​အ​ဆောက်​အ​အုံ​ထိပ်​တွင်​ ​ချည်​နှောင်​ခဲ့​သေး​ကြောင်း​ သိ​ရှိ​ရ​သည်​။​ ၎င်း​က​ ​အ​မေ​ရိ​ကန်​ရှိ​ ​မိုး​မျှော်​တိုက်​များ​သည်​ ​၂၀၀၁​ ​ခု​နှစ်​၊​ WTC​​ အ​ဆောက်​အ​အုံ​ ​တိုက်​ခိုက်​မှု​ကြီး​ကဲ့​သို့​ ​အ​ကြမ်း​ဖက်​သ​မား​များ​၏​ ပစ်​မှတ်​များ​ ​ဖြစ်​နေ​နိုင်​သည်​ကို​ ​သ​တိ​ပြု​မိ​စေ​ရန်​နှင့်​ ​ကင်​ဆာ​ရော​ဂါ​ ​ဝေ​ဒ​နာ​သည်​များ​အ​တွက်​ ​စိတ်​ဓာတ်​မြှင့်​တင်​ရန်​ ​ရည်​ရွယ်​ကာ​ ​ယ​ခု​လို​ ​တက်​ရောက်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​သည်​ ​အ​ခွင့်​သင့်​ပါ​က​ ​တိုက်​အ​မြင့်​များ​သို့​ တက်​ရောက်ဦး​မည်​ဟု​လည်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here