အမေရိကန်မှ အကူအညီပေးရေး ကျန်းမာရေး​ လုပ်သားများအား ဇင်ဘာဘွေ​ ရဲတပ်ဖွဲ့ဖမ်းဆီး

alt

ဇင်​ဘာ​ဘွေ​​ ​ရဲ​တပ်​ဖွဲ့​သည်​ ​အ​မေ​ရိ​ကန်​မှ​​ ​အ​ကူ​အ​ညီ​ပေး​ရေး​ ​ကျန်း​မာ​ရေး​လုပ်​သား​များ​အား​​ ​ဖမ်း​ဆီး​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​ရဲ​များ​က​​ ​နိုင်ငံ​အ​တွင်း​ ​မှတ်​ပုံ​မ​တင်​ထား​သော​​ ​ဆေး​ခန်း​ဖွင့်​လှစ်​မှု​၊​​ ​လိုင်​စင်​မ​ရှိ​ဘဲ​ ​ဆေး​ဝါး​များ​​ ​ဖြန့်​ဝေ​နေ​မှု​တို့​ကြောင့်​ ​

ယ​ခု​လို​ ​အ​မေ​ရိ​ကန်​ ​ထောက်​ပံ့​ရေး​ ​အလုပ်​သ​မား​များ​အား​ ​ဖမ်း​ဆီး​ခဲ့​ခြင်း​ဟု​ ​ဟာ​ရာ​ရေး​မြို့​တော်​ ​အ​ခြေ​စိုက်​ ​အ​မေ​ရိ​ကန်​ ​သံ​ရုံး​က​ ​ပြော​ကြား​ခဲ့​သည်​။​

​မူ​တို​ကို​နှင့်​ ​ဟာ​ရာ​ရေး​တို့​တွင်​ ​ဆေး​ခန်း​နှစ်​ခု​ ​ဖွင့်​ပေး​ထား​သည့်​ ​ခ​ရစ်​ယာန်​ ​စေ​တ​နာ့​ဝန်​ထမ်း​ ​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​အ​ဖွဲ့​သည်​ ​ကယ်​လီ​ဖိုး​နီး​ယား​မှ​ ​ဆ​ရာ​ဝန်​တစ်ဦး​၊​ ​သူ​နာ​ပြု​ ​နှစ်ဦး​နှင့်​ ​အ​ထွေ​ထွေ​ ​အ​လုပ်​သ​မား​တစ်ဦး​ ​ပါ​ဝင်​သည်​။​ ​ယင်း​တို့​သည်​ ​ဇင်​ဘာ​ဘွေ​ရှိ​ ​မိ​ဘ​မဲ့​က​လေး​များ​နှင့်​ HIV​ ပိုး​ ​ရှိ​နေ​သူ​များ​အား​ ​အ​ဓိ​က​ ​ကူ​ညီ​စောင့်​ရှောက်​ ​ကု​သ​ပေး​နေ​ခြင်း​ဖြစ်​သည်​။​ ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​တစ်ဦး​က​မူ​ ​ဇင်​ဘာ​ဘွေ​ ​အ​စိုး​ရ​ပိုင်​ ​ဟာ​ရယ်​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​ရာ​တွင်​ ​ဖမ်း​ဆီး​ထား​သူ​မှာ​ ​၆​ ဦး​ဖြစ်​ပြီး​ ​ခွင့်​ပြု​လိုင်​စင်​ ​မ​ရ​ဘဲ​ ​ဆေး​ဝါး​များ​ ​ဝေငှ​နေ​မှု​နှင့်​ ​ဆေး​ခန်း​ဖွင့်​ခွင့်​ပါ​မစ်​ ​မ​ရှိ​ဘဲ​ ​လူ​နာ​များ​အား​ ​ကု​သ​နေ​ခြင်း​တို့​အ​ပေါ်​ ​စစ်​ဆေး​မေး​မြန်း​သွား​မည်​ဟု​ ​ပြော​ကြား​သွား​သည်​။​

​ဇင်​ဘာ​ဘွေ​နိုင်ငံ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ HIV​ ပိုး​ ​ကူး​စက်​ခံ​ရ​သူ​ ​အ​ရေ​အ​တွက်​ ​အ​မြင့်​မား​ဆုံး​ ​နိုင်ငံ​များ​အ​နက်​မှ​ ​တစ်​ခု​ဖြစ်​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here