မျက်​လုံး​အ​တွင်း​မှ​​ ​အ​သက်​ရှင်​နေ​သော​ ​တုပ်​ပိုး​ကောင်​​ ​တစ်​ကောင်​အား​​ ​​အောင်​မြင်​စွာ​ ဖယ်​ရှား​နိုင်​ခဲ့​

alt

လူ​တစ်ဦး​၏​​ ​မျက်​လုံး​အ​တွင်း​မှ​​ ​အ​သက်​ရှင်​နေ​သော​ ​တုပ်​ပိုး​ကောင်​​ ​တစ်​ကောင်​အား​ ​ဆ​ရာ​ဝန်​များ​က​​ ​ဖယ်​ရှား​ပေး​လိုက်​ရ​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​သက်​​ ​၈၂​ ​နှစ်​အ​ရွယ်​ ​အိ​န္ဒိ​ယ​သား​​ ​အ​ဖိုး​အို​သည်​ ​မျက်​လုံး​နာ​ကျင်​မှု​ကြောင့်​​ ​

သီ​ရူ​ဗန်​နန်​ ​သာ​ပူ​ရမ်​ ​ဆေး​ရုံ​သို့​ ​ရောက်​ရှိ​လာ​ရာ​ ​မျက်​လုံး​အ​တွင်း​မှ​ Dirofilaria​ tenui ​မျိုး​စိတ်​ Filarial​ Worm​ ​ပိုး​ကောင်​ကို​ ​ဆ​ရာ​ဝန်​များ​က​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​

​စက်​တင်​ဘာ​ ​၁၂​ ​ရက်​နေ့​က​ ​ဖယ်​ထုတ်​လိုက်​သော​ ​ပိုး​ကောင်​သည်​ ၁၂​ ​စင်​တီ​မီ​တာ​ ​ရှည်​လျား​ပြီး​ ​၄၅​ ​မီ​လီ​မီ​တာ​ ​လုံး​ပတ်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​ပိုး​ကောင်​သည်​ ​အေ​ဒီး​၊​ ​အ​နော​ဖ​လိ​နှင့်​ ​ကျူး​လက်​ခြင်​များ​ ​ကိုက်​ခံ​ရ​ပါ​က​ ​လူ့​သွေး​ထဲ​သို့​ ​ရောက်​ရှိ​လာ​တတ်​ကြောင်း​ ​ဆ​ရာ​ဝန်​များ​က​ဆို​သည်​။​

မျက်​လုံး​များ​ ​နီ​မြန်း​ပြီး​ ​အ​လွန်​နာ​ကျင်​သည့်​ ​ဝေ​ဒ​နာ​ကြောင့်​ ​လူ​နာ​သည်​ ​မျက်​စိ​အ​ထူး​ကု​ ​တစ်ဦး​ထံ​သို့​ ​ရောက်ရှိ​ခဲ့​သေး​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​ပိုး​သည်​ ​မျက်​လုံး​အိမ်​ ​နောက်​ဖက်​တွင်​ ​နေ​ရာ​အ​မျိုး​မျိုး​ ​ရွေ့​လျား​နေ​ခဲ့​သည်​။​ ​ပိုး​ကို​ ​ဖယ်​ရှား​ရာ​တွင်​ ​မျက်​စိ​အ​ထူး​ကု​ ​ဆ​ရာ​ဝန်​များသည်​ ​ပါး​စပ်​မှ​ ​ဆေး​သွင်း​သည့်​ ​နည်း​လမ်း​ကို​ ​သုံး​စွဲ​ခဲ့​ရ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here