Twitter ဝက်ဆိုက်အား ဒီဇိုင်းပြောင်းလဲမည်ဟု ကြေညာ

alt

နာ​မည်​ကျော်​ Social​ Networking​ ​ဝက်​ဆိုက်​တစ်​ခု​ဖြစ်​သော​ Twitter​သည်​ ​စ​တင်​လည်​ပတ်​သည့်​​ ​အ​ချိန်​မှ​စ​ပြီး​ ​ဒီ​ဇိုင်း​ပိုင်း​​ ​ကြီး​ကြီး​မား​မား​ ​ပြောင်း​လဲ​မှု​ကို​​ ​ပ​ထ​မ​ဆုံး​ ​ပြု​လုပ်​မည်​ဟု​​ ​ကြေ​ညာ​ခဲ့​သည်​။​

​သက်​တမ်း​​ ​၄​ ​နှစ်​ရှိ​ပြီ​ဖြစ်​သော​​ ​ဝက်​ဆိုက်​က​ အ​သုံး​ပြု​သူ​​ ​သန်း​ ​၁၆၀​ ​ကျော်​အ​နေ​နှင့်​​ ​ဓာတ်​ပုံ​များ​၊​ ​ဗီ​ဒီ​ယို​များ​ကို​​ ​သုံး​စွဲ​ရာ​တွင်​ ​ဒီ​ဇိုင်း​သစ်​ကြောင့်​​ ​ပို​မို​လွယ်​ကူ​ ​ချော​မွေ့​လာ​စေ​မည်​ဟု​​ ​ပြော​ကြား​သွား​သည်​။​​ ​ထို့​အ​ပြင်​ ​ပုံ​မှန်​သုံး​စွဲ​သူ​များ​ကို​​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ဆွဲ​ဆောင်​ထား​နိုင်​ရန်​နှင့်​​ ​အ​သုံး​ပြု​သူ​များ​ ​ဝက်​ဆိုက်​ကို​​ ​အ​လွယ်​တ​ကူ​ ​မ​စွန့်​ခွာ​သွား​စေ​ရန်​လည်း​​ ရည်​ရွယ်​ထား​သည်​။​

​မ​ကြာ​သေး​မီ​က​ Twitter​​ တွင်​ ​အား​ပေး​သူ​ ​ပ​ရိ​သတ်​ ​၃.​၇​ ​သန်း​ရှိ​သော​ ​အ​ဆို​တော်​ ​ဂျွန်​မေ​ယာ​ Twitter​​ မှ​ ​ထွက်​ခွာ​သွား​ပြီး​နောက်​ ​အ​သုံး​ပြု​သူ​များ​အား​ ​ပို​မို​ထိန်း​သိမ်း​နိုင်​ရန်​ ​အ​ဆို​ပါ​ ​ဝက်​ဆိုက်​က​ ရည်​ရွယ်​လုပ်​ဆောင်​လာ​ခဲ့​သည်​။​ ​ယ​ခု​လုပ်​ဆောင်​မှု​ ​အ​သစ်​အ​ရ​ ​နာ​မည်​ကျော်​ Flickr​ ​နှင့်​ YouTube​​ တို့​ကဲ့​သို့​ ​ဓာတ်​ပုံ​နှင့်​ ​ဗီ​ဒီ​ယို​ Sharing​​ ဝက်​ဆိုက်​ ၁၆​ ​ခု​တို့​မှ​ Link​ ​များ​ကို​ Twitter​​ တွင်​ ​အလွယ်​တ​ကူ​ Embed​​ လုပ်​နိုင်​အောင်​ ​ဖန်​တီး​ဖြည့်​စွက်​ပေး​သွား​မည်​ဟု​ ​သိ​ရ​သည်​။

​ ဆန်​ဖ​ရန်​ဆ​စ္စ​ကို​ ​အ​ခြေ​စိုက်​ ​ဝက်​ဆိုက်​တွင်​ ​တစ်​နေ့​လျင်​ ​သုံး​စွဲ​သူ​အ​သစ်​ ​၃၇၀၀၀၀​ ​တိုး​ပွား​လျက်​ရှိ​သည်​။​ Twitter​​ က​ ​ဒီ​ဇိုင်း​ပြောင်း​လဲ​မှု​ကြောင့်​ ​သုံး​စွဲ​သူ​များ​အ​တွက်​ ​သိ​သာ​ထင်​ရှား​သော​ ​အ​ပြောင်း​အ​လဲ​မျိုး​ ​ဖြစ်​ပေါ်​စေ​မည်​ဟု​ ​ယုံ​ကြည်​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here