အမေရိကန်တွင် ဖမ်းမိခဲ့သည့် ရုရှား​ စပိုင် အန်နာချပ်မန်း၏ လျှိုဝှက်လက်နက်

alt

စစ်​အေး​ခေတ်​နောက်​ပိုင်း​​ ​အ​မေ​ရိ​ကန်​နှင့်​ ​ရု​ရှား​ကြား​ အ​ကြီး​မား​ဆုံး​ ​စ​ပိုင်​အ​ရေး​အ​ခင်း​ကြီး​အ​တွင်း​​ ​သ​တင်း​မီ​ဒီ​ယာ​များ​ကြား​​ ​ရေ​ပန်း​စား​ခဲ့​သည့်​​ ​ရု​ရှား​စ​ပိုင်​ အန်​နာ​ချပ်​မန်း​၏​​ ​အင်​အား​အ​ကြီး​မား​ဆုံး​​ ​လျှို့​ဝှက်​လက်​နက်​မှာ

​​ ​လိင်​စွမ်း​ရည်​ပင်​ဖြစ်​ကြောင်း​​ ​သူ​မ​၏​ ​ချစ်​သူ​ဟောင်း​များက​ ​ဖော်​ထုတ်​ပြော​ဆို​သွားသည်​။​ ​နှစ်​ဖက်​စ​ပိုင်​ ​လဲ​လှယ်​ရေး​ ​သ​ဘော​တူ​ညီ​မှု​အ​ရ​ ​အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​၏​ ​ပြန်​ပို့​ခြင်း​ကို​ ​ခံ​ခဲ့​ရ​သည့်​ ​အန်​နာ​ကြောင့်​ ​အ​သည်း​ကွဲ​ခဲ့​ဖူး​သူ​ ​မက်​ဟမ်​တန်​သား​များ​က​ ​ညှို့​အား​ပြင်း​ပြင်း​ ​စ​ပိုင်​အ​မျိုး​သ​မီး​နှင့်​ ​ပတ်​သက်​ခဲ့​ဖူး​ခြင်း​အား​ ​တ​သ​သ​ ​ဖြစ်​ခဲ့​မိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​ကြ​သည်​။

​ cbsnews.com​ က​ ​အန်​နာ​နှင့်​ ​ချစ်​သူ​ဖြစ်​ခဲ့​သော​ ​အ​မျိုး​သား​ ​၃​ ဦး​အား​ ​ဆက်​သွယ်​မေး​မြန်း​ခဲ့​ရာ​ ​၃​ ဦး​လုံး​က​ ​အန်​နာ​သည်​ ​လိင်​ကိ​စ္စ​ကို​ ​လက်​နက်​သ​ဖွယ်​ ​ကျွမ်း​ကျင်​လိမ်​မာ​စွာ​ ​အ​သုံးချ​နိုင်​ကြောင်း​ ​ထောက်​ခံ​ပြော​ကြား​ခဲ့​ကြ​သည်​။​ ​မော်​ဒယ်​တစ်ဦး​ဖြစ်​သော​ ​ဒင်း​နစ်​ဟက်​က​ ​အန်​နာ​သည်​ ​လို​ချင်​သော​ ​သ​တင်း​အ​ချက်​အ​လက်​များ​ ​ရ​ယူ​သည့်​အ​ခါ​ ​သူ​မ​၏​ ​အ​မျိုး​သ​မီး​စွမ်း​ရည်​ကို​ ​အ​ပြည့်​အ​ဝ​ ​အ​သုံး​ချ​နိုင်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​လက်​ဖြင့်​ပွတ်​သပ်​ကိုင်​တွယ်​မှု​များ​၊​ ​တီး​တိုး​ရေ​ရွတ်​မှု​များ​ ​စ​သ​ဖြင့်​ ​နှိုး​ဆွ​သည့်​ ​အာ​ရုံ​ခံ​ ​လှုပ်​ရှား​မှု​များ​တွင်​ ​သူ​မ​လို​ချင်​သော​ ​သ​တင်း​များ​ ​အ​လို​လို​ ​ရ​သွားတတ်​ကြောင်း​ ​ဒင်း​နစ်​က​ဆို​သည်​။​ ​နောက်​ပိုင်း​တွင်​ ​အန်​နာ​မှ​ ​စ​ပိုင်​တစ်ဦး​ဖြစ်​ကြောင်း​ ​လူ​သိ​ရှင်​ကြား​ ​ဖြစ်​လာ​သော​အ​ခါ​ ​အံ့ဩ​မိ​သည်​ဟု​လည်း​ ၎င်း​က​ ​ဝန်​ခံ​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​အန်​နာ​သည်​ ​အ​ခြား​အ​မျိုး​သား​များ​ကို​ ​ဟန်​ဆောင်​ဆက်​ဆံ​ခဲ့​ခြင်း​ ​ဖြစ်​နိုင်​သော်​လည်း​ ​မိ​မိ​နှင့်​ ​တွေ့​ဆုံ​ချိန်​တွင်​ ​နှစ်​နှစ်​ကာ​ကာ​ ​ရှိ​ခဲ့​သည်​ဟု​ ​ယုံ​ကြည်​ကြောင်း​လည်း​ ​ဒင်း​နစ်​က​ ​ပြော​ဆို​သွား​သည်​။​ ​ဆံ​ပင်​နီ​နီ​နှင့်​ ​အ​သက်​ ​၂၈​ ​နှစ်​အ​ရွယ်​ ​အ​လှ​မယ်​သည်​ ​ယ​ခု​နှစ်​ ​ဇူ​လိုင်​လ​က​ ​ရု​ရှား​သို့​ ​ပြန်​ပို့​ခြင်း​ ​ခံ​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here