ပုပ်ရဟန်းမင်းကြီး၏ ဗြိတိန်ခရီးစဉ်အပေါ် ခရစ်ယာန်​ ဘုန်းတော်ကြီး၏ မှတ်ချက်စကား

alt

ပုပ်​ရ​ဟန်း​မင်း​ကြီး​အား​​ ​တင်​မြှောက်​ခဲ့​သည့်​​ ​ခ​ရစ်​ယာန်​ ​ဘုန်း​တော်​ကြီး​​ ​ဝေါ်​တာ​ကာ​စ​ပါ​၏​ ​မှတ်​ချက်​သည် ​ဗြိ​တိန်​မြေ​သို့​ ​သ​မိုင်း​ဝင်​အ​ဖြစ်​​ ​ကြွ​ချီ​လာ​သည့်​ ​ပုပ်​ရ​ဟန်း​မင်း​ကြီး​၏​​ ​ခ​ရီး​စဥ်​ထက်​ပင်​ ​မီ​ဒီ​ယာ​များ​ကြား​​ ​ရေ​ပန်း​စား​နေ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

အ​သက်​​ ​၇၇​ ​နှစ်​အ​ရွယ်​ ​ဘုန်း​တော်​ကြီး​​ ​ကာ​စ​ပါ​က​ ​ရ​ဟန်းမင်း​ကြီး​အ​နေ​နှင့်​​ ​ဟိ​သ​ရိုး​လေ​ဆိပ်​တွင်​​ ​ခြေ​ချ​လိုက်​ပါ​က​ ​က​မ္ဘာ့​​ ​တ​တိ​ယ​နိုင်ငံ​ ​တစ်​ခု​သို့​​ ​ရောက်​ရှိ​သွား​သည့်​နှယ်​​ ​ခံ​စား​ရ​မည်​ဟု​ ​ဂျာ​မန်​မ​ဂ္ဂ​ဇင်း​ Focus​ တွင်​ ​ဝေ​ဖန်​ပြော​ကြား​ခဲ့​သည်​။​​ ထို့​အ​ပြင်​ ​ဗြိ​တိန်​နိုင်ငံ​သည်​ ​ခေတ်​သစ်​ဘု​ရား​မဲ့​ ​ဝါ​ဒီ​များ​၏​နိုင်ငံ​အ​ဖြစ်​ ​စွပ်​စွဲ​ခဲ့​သော​ ​ကိ​စ္စ​အ​တွက်​ ​ဗာ​တီ​ကန်​က​ ​ဖြေ​ရှင်း​ရန်​ ​ကြိုး​စား​နေ​ရ​သည်​။​

​ပုပ်​ရ​ဟန်း​မင်း​ကြီး​ ​ဘင်​န​ဒစ်​သည်​ ​စ​ကော့​တလန်​သို့​ ​ကြွ​ချီ​လာ​ခဲ့​ပြီး​ ​ယင်း​သည်​ ​ဆယ်​စု​နှစ်​ပေါင်း​ ​မြောက်​မြား​စွာ​အ​တွင်း​ ​ပုပ်​ရ​ဟန်း​မင်း​ ​တစ်​ပါး​အ​နေ​နှင့်​ ​ဗြိ​တိန်​မြေ​သို့​ ​ပ​ထ​မ​ဆုံး​ ​ခြေ​ချ​ခြင်း​လည်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here