Microsoft IE9 Browser ကို Beta version အဖြစ် စတင်​ ထုတ်ဝေ

alt

Microsoft​ သည်​ IE9​​ Browser​​ ကို​ Beta​ Version​ ​အ​ဖြစ်​​ ​စ​တင်​ထုတ်​ဝေ​လိုက်​ရာ​​ Windows​ XP​​ တွင်​ ​လုံး​ဝ​သုံး​စွဲ​ခွင့်​​ ​မ​ပေး​တော့​ဟု​ ​သိ​ရ​သည်​။​​ IE​ Browser​​ ဆိုင်​ရာ​ ​အ​ကြီး​တန်း​​ ​ဒါ​ရိုက်​တာ​ ​ရိုင်​ယန်​ဂေ​ဗင်​က​​

Microsoft​​ သည်​ IE9​​ တွင်​ ပါ​ဝင်​သော​​ Hardware​ ​မြန်​နှုန်း​မြင့်​​ Feature​ ​များ​ကို​ IE8​ ​တွင်​​ ​ထည့်​သွင်း​မ​ထား​ကြောင်း​​ ​ပြော​ကြား​ခဲ့​သည်​။​​ ​ထို့​အ​ပြင်​ ​ယ​ခင်​​ Operating​ System​ ​ဖြစ်​သည့်​ Windows​​ XP​​ အ​တွက်​လည်း​ IE9​ကို​​ ​ရည်​ရွယ်​မ​ထား​ဟု​ ​ဂေ​ဗင်​က​ဆို​သည်​။​​ ​စက်​တင်​ဘာ​ ​၁၅​ ​ရက်​နေ့​က​​ Beta​ ​အ​ဆင့်​ ​စ​တင်​ထုတ်​ဝေ​သော​​ Browser​​ သည်​ Windows​ 7​ ​နှင့်​​ ​အ​သင့်​တော်​ဆုံး​ဖြစ်​အောင်​​ ​ဖန်​တီး​ထား​ပြီး​ Borwser​​ ကို​​ ​ဖျောက်​ထား​ကာ​ ​ဝက်​ဆိုက်​များ​ကို​​ Task​ Bar​​ မှ​တ​ဆင့်​ ​ချိတ်​ဆက်​ကြည့်​ရှု​နိုင်​သည့်​​ Feature​​ မျိုး​ ​ပါ​ဝင်​လာ​မည်​ဟု​​ ​သိ​ရ​သည်​။​

​အ​ဓိ​က​ကျ​သော​​ ​ပြောင်း​လဲ​မှု​အ​ဖြစ်​​ IE8​ ​နှင့်​ Google​​ ၏​ Chrome​​ တို့​ထက်​​ HTML5​​ စ​နစ်​ကို​ ​ပို​မို​ထောက်​ပံ့​ပေးနိုင်​ရန်​​ IE9​​ တွင်​ ​အ​ဆင့်​မြှင့်​တင်​ပေး​ထား​သည်​။​​ Microsoft​​ ၏​ IE​ Browser​​ များ​သည်​​ ​က​မ္ဘာ​ပေါ်​တွင်​ ​လူ​သုံး​အ​များ​ဆုံး​အ​ဖြစ်​​ ​ဆက်​လက်​ရပ်​တည်​နေ​သော်​လည်း​​ Chrome​​ နှင့်​ Mozilla​​ ၏​ Firefox​​ တို့​က​​ ​အ​ရှိန်​အ​ဟုန်​ ​ပြင်း​ထန်​စွာ​​ ​ပြိုင်​ဆိုင်​လာ​မှု​ကို​​ ​ကြံု​နေ​ရ​သည်​။​

IE9​​ ကို​​ ​စ​တင်​ရ​ယူ​ခွင့်​ ​ပေး​လိုက်​ချိန်​တွင်​​ Microsoft​​ သည်​ ​ယင်း​၏​ Search​ Engine​ ​ဖြစ်​သော​ Bing​​ မှ​ Trademark​ Feature​ ​ဖြစ်​သည့်​ Photo​ Landing​ Page​ ​ဖြင့်​ MHML5​ video​ tag​​ ကို​ ​အ​သုံး​ပြု​ကာ​ image​ video​​ များ​ ​သုံး​စွဲ​ပြ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ IE9​​ ၏​ Hardware​​ အ​ရှိန်​မြှင့်​ ​စွမ်း​ဆောင်​ရည်​နှင့်​ HTML5​ ​ထောက်​ပံ့​မှု​တို့​ကို​ Bing​​ တွင်​ ​ရှာ​ဖွေ​မှု​များ​ ​ပြု​လုပ်​သည့်​အ​ခါ​ ​ပို​မို​မြန်​ဆန်​အောင်​ ​ချိတ်​ဆက်​ပေး​ထား​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here