တိုဂိုနှင့် ဘာရိန်း နှစ်နိုင်ငံကြား ဘောလုံး​ အသင်း​ ကိစ္စ အငြင်းပွား

alt

ဘော​လုံး​အ​သင်း​တု​​ ​ကိ​စ္စ​ကြောင့်​ ​တို​ဂို​နှင့်​​ ​ဘာ​ရိန်း​ဘော​လုံး​အ​ဖ​ွဲ့​ချုပ်​များ​ကြား​​ ​အ​ငြင်း​ပွား​မှု​များ​​ ​ပေါ်​ပေါက်​လာ​ကြောင်း​​ ​သိ​ရ​သည်​။​ ​စက်​တင်​ဘာ​​ ​၇​ ​ရက်​နေ့​က​ ​ပင်​လယ်​ကွေ့​ဒေ​သ​ရှိ​​ ​ဘာ​ရိန်း​နိုင်ငံ​သို့​​ ​တို​ဂို​လက်​ရွေး​စင်​​ ​ဘော​လုံး​အ​သင်း​ ​လာ​ရောက်​ခြေ​စမ်း​ခဲ့​ရာ​​

​ဘာ​ရိန်း​က​ ​တို​ဂို​အား​ (​၃-၀)​ဖြင့်​ ​အ​နိုင်​ရ​ရှိ​ခဲ့​သည်​။​​ ​အာ​ဖ​ရိ​က​တိုက်​မှ​ ​ထိပ်တန်း​အ​ဆင့်​​ ​အ​သင်း​တစ်​သင်း​အား​​ ​အ​နိုင်​ရ​ရှိ​ခဲ့​ခြင်း​အ​တွက်​​ ​ဘာ​ရိန်း​ဘော​လုံး​ ​ပ​ရိ​သတ်​များ​​ ​ပျော်​ရွှင်​နေ​ခဲ့​သော်​လည်း​​ ​စက်​တင်​ဘာ​ ​၁၅​ ​ရက်​နေ့​က​​ ​တို​ဂို​ဘော​လုံး​အ​ဖွဲ့​ချုပ်​သ​ည်​​ ​မိမိ​တို့​ ​လက်​ရွေး​စင်​​ ​အ​သင်း​ကို​ ​ဘာ​ရိန်း​သို့​​ ​မ​စေ​လွှတ်​ခဲ့​ကြောင်း​​ ​ကြေ​ညာ​ခဲ့​သည်​။​

​ဘာ​ရိန်း​နည်း​ပြ​နှင့်​​ ​က​စား​သ​မား​များ​က​ ​တို​ဂို​၏​​ ​ခြေ​စွမ်း​သည်​ ​ပျင်း​ရိ​ငြီး​ငွေ့​ဖွယ်​​ ​အ​လွန်​ကောင်း​ကြောင်း​​ ​ဝေ​ဖန်​နေ​ချိန်​တွင်​​ ​တို​ဂို​ဘော​လုံး​အ​ဖွဲ့​ချုပ်​က​​ ​ယ​ခု​လို​ ​သ​တင်း​ထုတ်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်​။​​ ​တို​ဂို​ဘော​လုံး​အ​ဖွဲ့​ချုပ်​​ ​အ​ဆို​အ​ရ​ ​မိ​မိ​တို့​​ ​လ​က်​ရွေး​စင်​အ​သင်း​​ ​ခြေ​စမ်း​မည့်​ ​ကြို​တင်​စာ​ရင်း​တွင်​​ ​ဘာ​ရိန်း​ကို​ ​ထည့်​သွင်း​ထား​ခြင်း​​ ​မ​ရှိ​ဟု​ ​ပါ​ရှိ​သည်​။​​ ​တို​ဂို​ဘော​လုံး​အ​ဖွဲ့​ချုပ်​က​​ ​ယ​ခု​ကဲ့​သို့​ ​တို​ဂို​အ​သင်း​တု​ကို​​ ​ဖန်​တီး​ခြင်း​သည်​ ​ဘာ​ရိန်း​ဘော​လုံး​အ​ဖွဲ့​ချုပ်​​ ​လက်​ချက်​ဟု​ ​စွပ်​စွဲ​ခဲ့​ပြီး​​ ​က​မ္ဘာ့​ဘော​လုံး​အ​ဖွဲ့​ချုပ်​ (FIFA)​ ​အား​ ​ထို​ကိ​စ္စ​အ​တွက်​​ ​ကြား​ဝင်​စုံ​စမ်း​ပေး​ရန်​​ ​ပန်​ကြား​တောင်း​ဆို​သွား​မည်​ဟု​​ ​ပြော​ကြား​ခဲ့​သည်​။​​

​ဘာ​ရိန်း​က​မူ​ ​မိ​မိ​တို့​သည်​​ ​တို​ဂို​နိုင်ငံ​မှ​ ​လက်​ရွေး​စင်​​ ​အ​သင်း​ကို​ ​တ​ရား​ဝင်​​ ​ဖိတ်​ကြား​ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း​​ ​တုန့်​ပြန်​ထား​သည်​။​​ ​ဘာ​ရိန်​း​အ​သင်း​သည်​​ ​အ​နောက်​အာ​ရှ​ ​အ​ဖွဲ့​ချုပ်​ဖ​လား​​ ​ဘော​လုံး​ပြိုင်​ပွဲ​အ​တွက်​​ ​ခြေ​သွေး​မှု​အ​ဖြစ်​​ ​တို​ဂို​အား​ ​ဖိတ်​ကြား​ခြေ​စမ်း​ခဲ့​ခြင်း​ဖြစ်​ပြီး​​ ​ထို​ပြိုင်​ပွဲ​သည်​ ၂၄​​ ​ရက်​နေ့​တွင်​ ​စ​တင်​မည်​ဟု​​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here