မွေး​ကင်း​စ​ ​က​လေးငယ်​အား​​ ​လေ​ယာဥ်​ပေါ်​ ​စွန့်​ပစ်​ခဲ့​သူ့​​ ​မိ​ခင်​အား​​ ရှာ​ဖွေ​နေ

alt

ဖိ​လစ်​ပိုင်​လေ​ကြောင်း​​ ​အာ​ဏာ​ပိုင်​များ​သည်​​ ​မွေး​ကင်း​စ​ ​က​လေးငယ်​အား​​ ​လေ​ယာဥ်​ပေါ်​ ​စွန့်​ပစ်​ခဲ့​သည့်​​ ​မိ​ခင်​ဖြစ်​သူ​အား​ ​ခြေ​ရာ​ခံ​​ ​ရှာ​ဖွေ​နေ​ကြောင်း​ ​သိ​ရ​သည်​။​​

​အ​ရှေ့​အ​လယ်​ပိုင်း​​ ​ဒေ​သ​မှ​ ​ပျံ​သန်း​ရောက်​ရှိ​လာ​သည့်​​ ​လေ​ယာဥ်​အ​တွင်း​ ​တစ်​ရှူး​စ​က္ကူ​များ​နှင့်​​ ​ထုပ်​ပိုး​ထား​သည့်​ ​သွေး​အ​လူး​လူး​​ ​မွေး​ကင်း​စ​ ​ယောက်ျား​လေး​အား​​ ​လေ​ဆိပ်​လုံ​ခြံု​ရေး​​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​​ ​ခ​ရီး​ဆောင်​အိတ်​ ​တစ်​ခု​အ​တွင်း​​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​ယင်း​အိတ်​ပါ​လာ​သော​​ ​လေ​ယာဥ်​သည်​ ​စက်​တင်​ဘာ​​ ​၁၂​ ​ရက်​နေ့​က​ ​ဘာ​ရိန်း​မှ​​ ​ဆိုက်​ရောက်​လာ​ခြင်း​ဖြစ်​သည်​။​​

​လေ​ယာဥ်​ကွင်း​ ​အ​ရာ​ရှိ​သည်​​ ​က​လေးငယ်​အား​ ​အ​ဝတ်​ဖြင့်​​ ​ထုပ်​ပိုး​ပြီး​ ​နို့​တစ်​ပု​လင်း​​ ​ရှာ​တိုက်​ခဲ့​ကာ​ ​ကျန်း​မာ​ရေး​​ ​ဝန်​ထမ်း​များ​ထံ​ ​လွှဲ​ပေး​လိုက်​သည်​။​​ ​စ​တွေ့​ချိန်​တွင်​ ​က​လေး​၏​ ​အ​သား​ရောင်​သည်​ ​ပန်း​နု​ရောင်​ ​မ​သန်း​ဘဲ​ ​မူ​မ​မှန်​ ​ဖြစ်​နေ​ကြောင်း​ ​လေ​ဆိပ်​ဆ​ရာ​ဝန်​ ​ဒေါက်​တာ​မာ​ရီ​ယာ​ ​တီ​ရေ​ဆာ​ ​အာ​ဂို​ရက်​က​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​သန့်​ရှင်း​ရေး​ ​လုပ်​ပေး​လိုက်​ပြီး​နောက်​ ​က​လေး​၏​ ​အ​သား​ရောင်​မှာ​ ​ကျန်း​မာ​သန်​စွမ်း​သည့်​ ​သာ​မန်​အ​ခြေ​အ​နေ​သို့​ ​ပြန်​ရောက်​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​က​လေး​သည်​ ​ကျန်း​မာ​ရေး​ ​အ​ခြေ​အ​နေ​ ​ကောင်း​မွန်​ပြီး​ ​ကိုယ်​တွင်း​အ​င်္ဂါ​အား​လုံး​ ​ပုံ​မှန်​အ​လုပ်​လုပ်​နေ​ကြောင်း​ ​ဒေါက်​တာ​ မာ​ရီ​ယာ​က​ဆို​သည်​။​ ​လေ​ဆိပ်​လုံ​ခြံု​ရေး ​ဌာ​န​က​ ​က​လေး​အား​ ​စွန့်​ပစ်​သွား​သည့်​ ​မိ​ခင်​ကို​ ​ထောက်​လှမ်း​နေ​ဆဲ​ဖြစ်​သော်​လည်း​ ​ကောက်​ချက်​ချ​ရန်​ ​စော​လွန်း​သေး​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here