ပါလီမန်အဆောက်အအုံရှေ့တွင် သတ်ပုတ် ခဲ့ကြသည့် ထိုင်း လွတ်တော် အမတ်နှစ်ဦး

alt

ထိုင်း​နိုင်ငံ​မှ​​ ​လွှတ်​တော်​အ​မတ်​နှစ်ဦး​သည်​​ ​ဘန်​ကောက်​မြို့​ ​ပါ​လီ​မန်​အ​ဆောက်​အ​အုံ​ရှေ့​တွင်​​ ​သတ်​ပုတ်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​သို့​သော်​လည်း​​ ​ယင်း​တို့​နှစ်ဦး​ ​သတ်​ပုတ်​ခြင်း​မှ​ာ​​

​နိုင်ငံ​ရေး​ ​အ​ယူ​အ​ဆ​​ ​ရန်​ပွဲ​ကြောင့်​ ​မ​ဟုတ်​ဘဲ​​ ​ထိုင်း​ရိုး​ရာ​ ​မွေ​ထိုင်း​လက်​ဝှေ့​ပ​ညာ​ကို​​ ​ထိန်း​သိမ်း​နိုင်​ရေး​​ ​ပို​မို​အာ​ရုံ​စိုက်​မိ​စေ​ရန်​​ ​နှစ်ဦး​သား​ ​လက်​ဝှေ့​ထိုး​ခဲ့​ခြင်း​ဖြစ်​သည်​။​​ ​မိ​မိ​အ​နေ​နှင့်​ ​ကြိုး​ဝိုင်း​ထဲ​တွင်​​ ​ယှဥ်​ပြိုင်​နိုင်​သေး​သည့်​အ​တွက်​​ ​ဝမ်း​သာ​မိ​ကြောင်း​ ​အ​သက်​​ ​၅၉​ ​နှစ်​ရှိ​ ​ပါ​ယက်​တွန်​ချူ​အန်​က​ဆို​သည်​။​​ ​ယင်း​သည်​ ​အ​ခြား​လွှတ်​တော်​အ​မတ်​​ ​တစ်ဦး​ဖြစ်​သော​ ​ဒါ​ရက်​တွန်​ဖန်​နှင့်​​ ​စက်​တင်​ဘာ​ ​၁၃​ ​ရက်​နေ့​က​​ ​လက်​ဝှေ့​ပွဲ​ ​နှစ်​ချီ​ထိုး​သတ်​ခဲ့​ကြ​သည်​။​​

​နှစ်ဦး​လုံး​သည်​ ​ယ​ခင်​က​​ ​ပ​ရော်​ဖက်​ရှင်​နယ်​​ ​လက်​ဝှေ့​သ​မား​ဟောင်း​များ​​ ​ဖြစ်​ခဲ့​ဖူး​ပြီး​ ​ဒိုင်​လူ​ကြီး​က​​ ​ပူး​တွဲ​အ​နိုင်​ ​သတ်​မှတ်​ပေး​ခဲ့​သည်​။​​ ​မိ​မိ​တို့​၏​ ​လုပ်​ဆောင်​ချက်​သည်​​ ​မွေ​ထိုင်း​လက်​ဝှေ့​ကို​​ ​နိုင်ငံ​တ​ကာ​ ​အ​ဆင့်​ထိ​​ ​ထွန်း​ပေါက်​အောင်​မြင်​စေ​ရန်​​ ​ရည်​ရွယ်​ခြင်း​ဖြစ်​ကြောင်း​​ ​ဒါ​ရက်​က​ ​ရှင်း​ပြ​ခဲ့​သည်​။

​​ ​မွေ​ထိုင်း​လက်​ဝှေ့​ကို​​ ​ထိုင်း​၏​ ​ကစ်​ဘောက်​ဆင်​ဟု​​ ​လူ​သိ​များ​ပြီး​ ​တစ်​က​မ္ဘာ​လုံး​တွင်​​ ​ပျံ့​နှံ့​ကျော်​ကြား​နေ​သည်​။​​ ​ယင်း​လက်​ဝှေ့​ ​စည်း​မျဥ်း​အ​ရ​​ ​တိုက်​ခိုက်​သူ​များ​သည်​​ ​လက်​သီး​နှင့်​ ​ခြေ​ထောက်​အ​ပြင်​​ ​ဒူး​နှင့်​ ​တံ​တောင်​တို့​ကို​ပါ​​ ​အ​သုံး​ပြု​နိုင်​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here