အိပ်မက်ဆိုးများ မက်ခြင်းသည် ပါကင်ဆန်​ ရောဂါ စတင်​ ဖြစ်ပွားမှု လက္ခဏာဟုဆို

alt

ခြောက်​ခြား​စ​ရာ​​ ​အိပ်​မက်​ဆိုး​များ​သည်​​ ​ပါ​ကင်​ဆန်​ ​ရော​ဂါ​၏​​ ​ပ​ထ​မ​ခြေ​လှမ်း​အ​ဖြစ်​​ ​မှတ်​ယူ​နိုင်​ကြောင်း​​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​​ ​ပြော​ကြား​လိုက်​သည်​။​

အိပ်​စက်​နေ​ရာ​မှ​ ​ထိတ်​လန့်​တ​ကြား​​ ​အော်​ဟစ်ငို​ယို​ကာ​ ​နိုး​ထ​လာ​ခြင်း​သည်​​ ​လာ​မည့်​ ​၅​ ​နှစ်​အ​တွင်း​​ ​ပါ​ကင်​ဆန်​ရော​ဂါ​ ​ဖြစ်​နိုင်​ခြေ​​ ​များ​ပြား​ကြောင်း​ ​သ​တိ​ပေး​မှု​တစ်​ခု​ဟု​​ ​မှတ်​ယူ​နိုင်​ကြောင်း​​ ​သု​တေ​သီ​များ​က​ဆို​သည်​။​ REM ​ဟု​ ​အ​မည်​ပေး​ထား​သော​​ ​အိပ်​စက်​ချိန်​တွင်​​ ​ဖိ​အား​ပေး​ ​နှောင့်​ယှက်​မှု​​ ​ခံ​ရ​သည့်​ ​အ​နေ​အ​ထား​တွင်​​ ​အိပ်​မက်​ဆိုး​များ​၊​​ ​ဝမ်း​နည်း​ဖွယ်​ ​ဖြစ်​ရပ်​ဆိုး​များ​​ ​ရော​ပြွန်း​ပါ​ဝင်နေ​သည်​။​​ ​ယင်း​သည်​ ​အိပ်​စက်​နေ​သူ​အား​​ ​ရုတ်​တ​ရက်​ ​ဆောင့်​နှိုး​သ​ကဲ့​သို့​ဖြစ်​အောင်​​ ​လှုံ့​ဆော်​ပေး​ပြီး​​ ​ခြောက်​ခြား​မှု​များ​​ ​ပေါ်​ပေါက်​စေ​ကြောင်း​​ ​သိ​ရ​သည်​။​ စ​ပိန်​နိုင်ငံ​၊​​ ​ဘာ​စီ​လို​နာ​ဆေး​ရုံ​ရှိ​​ ​အာ​ရုံ​ကြော​ဌာ​န​မှ​​ ​ဒေါက်​တာ​အ​လက်​အီ​ရန်​ဇို​က​ ပါ​ကင်​ဆန်​ ​ဝေ​ဒ​နာ​သည်​​ ​၄၃​ ဦး​၏​ ​ယ​ခင်​မှတ်​တမ်း​များ​ကို​​ ​ပြန်​လည်​စီ​စစ်​ခဲ့​ရာ​​ ​အ​များ​စု​သည်​ ​ခြောက်​အိပ်​မက်​များ​​ ​ကြံု​ရ​သည့်​ REM​အ​ခြေ​အ​နေ​​ ​ဖြစ်​ပေါ်​ခဲ့​ကြောင်း​​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​​

​အ​သက်​ ​၆၀​ ​နှင့်​အ​ထက်​​ ​အ​ရွယ်​ရှိ​သော​ ​အ​ဆို​ပါ​​ ​လူ​နာ​များ​အား​ ​အ​ခြေ​ခံ​ကာ​​ ​လေ့​လာ​မှု​များ​အ​ရ​ အိပ်​မက်​ဆိုး​များ​​ ​ကြံု​တွေ့​မြင်​မက်​ရ​သူ​​ ​အ​များ​စု​သည်​ ​အ​နာ​ဂတ်​တွင်​​ ​ပါ​ကင်​ဆန်​ ​ဝေ​ဒ​နာ​​ ​ခံ​စား​ရ​ရှိ​ရန်​ ​၃၀​​ ​ရာ​ခိုင်​နှုန်း​မျှ​​ ​ဖြစ်​နိုင်​ခြေ​ ​ပို​များ​လာ​ကြောင်း​​ ​သိ​ရှိ​ရ​သ​ည်​။​ မင်​နီ​ဆိုး​တား​​ ​တ​က္က​သိုလ်​မှ​ ​သု​တေ​သီ​များ​က​​ ​အ​သက်​ ​၅၀​ ​အ​ထက်​​ ​အ​ရွယ်​များ​တွင်​ ​ပါ​ကင်​ဆန်​ရော​ဂါ​​ ​အ​ခြေ​အ​နေ​ ​ဆိုး​ရွား​လာ​မှု​သည်​​ ​ပို​မို​လျင်​မြန်​ပြင်း​ထန်​ကြောင်း​​ ​ပြော​ကြား​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here