​ရု​ရှား​မြောက်​ပိုင်း​ ​အ​သေ​ခံ​ဗုံး​ခွဲ​သူ​များ​အား​ ဝန်​ကြီး​ချုပ်​ပူ​တင်​ ​ရှုတ်ချ

alt

ရု​ရှား​ဝန်​ကြီး​ချုပ်​ ​ဗ​လာ​ဒီ​မာ​ပူ​တင်​က​ ​ရု​ရှား​မြောက်​ပိုင်း​ ​ပြည်​နယ်​တစ်​ခု​တွင်​ ​အ​သေ​ခံ​ ​ကား​ဗုံး​ခွဲ​မှု​ ​ပြု​လုပ်​ခဲ့​သူ​များ​မှာ​ ​လူ​စိတ်​မ​ရှိ​သော​၊​ ​နှ​လုံး​သား​မဲ့​သော​ ​ဘီ​လူး​များ​အ​ဖြစ်​ ​ပြစ်​တင်​ရှုတ်​ချ​လိုက်​သည်​။​

​စက်​တင်​ဘာ​ ​၉​ ​ရက်​နေ့​က​ ​ကော်​ကေး​ရှပ်​ ​မြောက်​ပိုင်း​တွင်​ ​အ​သေ​ခံ​ ​ကား​ဗုံး​ခွဲ​မှု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​၁၇​ ဦး​ ​သေ​ဆုံး​ခဲ့​သည်​။​ ​ေ​ဈးတစ်​ခု​တွင်​ ​ဖြစ်​ပွား​ခဲ့​သော​ ​တိုက်​ခိုက်​မှု​သည်​ ​ဆယ်​စု​နှစ်​ ​တစ်​ခု​အ​တွင်း​ ​​ကော်​ကေး​ရှပ်​ရှိ​ ေ​ဈး​များ​အား​ ​ပစ်​မှတ်​ထား​ခဲ့​သည့်​ ​စ​တု​တ္ထ​မြောက်​ ​အ​ကြမ်း​ဖက်​မှု​လည်း​ ​ဖြစ်​လာ​ကြောင်း​ ​သိ​ရ​သည်​။​ ​မော်​ကို​ရှိ​ ​က​ရင်​မ​လင်​နန်း​တော်​က​ ​ရု​ရှား​တောင်​ပိုင်း​ရှိ​ ​တောင်​ထူ​ထပ်​ရာ​ ​ဒေ​သ​များ​တွင်​ ​ကိန်း​အောင်း​တပ်​စွဲ​ထား​သည့်​ ​ခွဲ​ထွက်​ရေး​ ​မွတ်​ဆ​လင်​ ​ပြောက်​ကျား​များ​အား​ ​ယ​ခု​ကိ​စ္စ​အ​တွက်​ ​စွပ်​စွဲ​ထား​သည်​။

​ ​ဗ​လာ​ဒီ​ဗက်​ကော့​မြို့​တွင်​ ​ဖြစ်ပွား​ခဲ့​သော​ ​ကား​ဗုံး​ပေါက်​ကွဲ​မှု​အ​တွင်း​ ​၁၄၀​ ​ကျော်​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​ပြီး​ ​၆​ ဦး​ထက်​မ​နည်း​မှာ​ ​အ​လွန်​ပြင်း​ထန်​ပြီး​ ​အ​သက်​လု​ ကု​သ​နေ​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​ပူ​တင်​သည်​ ​ဗုံး​ကွဲ​မှု​ ​ဖြစ်​ပွား​ပြီး​နောက်​ ​နိုင်ငံ​၏​ ​အ​ကြီး​ဆုံး​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ရေး​ ​အာ​ဏာ​ပိုင်​နှင့်​ ​တွေ့​ဆုံ​ခဲ့​ပြီး​ ​သန်း​ ​၂၀​ ​မျှ​ရှိ​သည်​ ​ရု​ရှား​မွတ်​ဆ​လင်​များ​အ​နေ​နှင့်​ ​အ​စွန်း​ရောက်​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​အ​စည်း​များ​အား​ ​ရှုတ်​ချ​ပေး​ရန်​ ​တောင်း​ဆို​ခဲ့​သည်​။​

​မျက်​မြင်​များ​က​ ​ဗုံး​သ​မား​သည်​ ​ဖောက်​ခွဲ​ရေး​ ​ကိ​ရိ​ယာ​များ​ တင်​ဆောင်​လာ​သော​ကား​ကို​ ​ေ​ဈး​၏​ ​ပင်​မ​ဂိတ်​မှ​ ​အ​တင်း​မောင်းဝင်​လာ​ပြီး​ ​စ​နက်​တံ​ဖြုတ်​လိုက်​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here