မ​က္က​စီ​ကို​မူး​ယစ်​ဂိုဏ်း​များအား​ ​နှိမ်​နင်း​မှု​အ​ပေါ်​ ​အို​ဘား​မား​နှင့်​ ​ဟီ​လာ​ရီ​ကလင်​တန်​ ​အ​မြင်​မ​တူ

alt

အ​မေ​ရိ​ကန်​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​က​ ၎င်း​၏​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ပြော​ဆို​ခဲ့​သော​ ​မ​က္က​စီ​ကို​ ​မူး​ယစ်​ဆေး​ဝါး​ဂိုဏ်း​များ​သည်​ ​ကို​လံ​ဘီ​ယာ​မှ​ ​အ​စိုး​ရ​ ​ဆန့်​ကျင်​ရေး​ ​သူ​ပုန်​များ​နှင့်​ ​အ​လား​သဏ္ဍန်​တူ​လာ​သည်​ဆို​သော​ ​စွပ်​စွဲ​ချက်​ကို​ ​ပြန်​လည်​ငြင်း​ဆန်​သွား​သည်​။​

​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​ ​က​လင်​တန်​က​ ​မ​က္က​စီ​ကို​ရှိ​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​နှင့်​ ​အ​စိုး​ရ​တပ်​တို့​ကြား​ ​တိုက်​ပွဲ​သည်​ ​သူ​ပုန်​တပ်​များ​ကို​ ​တိုက်​ထုတ်​နေ​ရ​သည်​နှင့်​ပင်​ ​တူ​လာ​ကြောင်း​ ​သုံး​သပ်​ပြော​ဆို​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​အို​ဘား​မား​က​ ​ဖြစ်​စဥ်​နှစ်​ခု​တွင်​ ​နှိုင်း​ယှဥ်​ပြ​ရ​မည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​လုံး​ဝ​မ​ရှိ​ကြောင်း​ ​စ​ပိန်​ဘာ​သာ​ထုတ်​ US​ သ​တင်း​စာ​သို့​ ​ပြော​ကြား​သွား​ခဲ့​သည်​။​ ​မ​က္က​စီ​ကို​သည်​ ​ဒီ​မို​က​ရေ​စီ​ ​ဖွံ့​ဖြိုး​နေ​သော​ ​နိုင်ငံ​တစ်​ခု​ဖြစ်​ပြီး​ ​စီး​ပွား​ရေး​လည်း​ ​အင်​အား​ကောင်း​ကြောင်း​၊​ ​ယင်း​ကဲ့​သို့​ ​အ​နေ​အ​ထား​မျိုး​ကို​ ​လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ​၂ဝ​ ​တ​လျှောက်​ ​ပြည်​တွင်း​စစ်​များ​ ​ကြံု​ခဲ့​ရ​သည့်​ ​ကို​လံ​ဘီ​ယာ​နှင့် ​နှိုင်း​ယှဥ်​ရန်​ ​ခက်​ခဲ​ကြောင်း​ ​အို​ဘား​မား​က​ဆို​သည်​။

​ ​မ​က္က​စီ​ကို​ ​အ​စိုး​ရ​သည်​လည်း​ ​က​လင်​တန်​၏​ ​ပြော​ဆို​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​လက်​မ​ခံ​နိုင်​ကြောင်း​ ​ကန့်​ကွက်​ပြော​ဆို​ခဲ့​သေး​သည်​။​ ​မ​က္က​စီ​ကို​တွင်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များသည်​ ​လက်​နက်​လူ​သူ​အင်​အား​ ​များ​ပြား​နေ​ပြီး​ ​အ​စိုး​ရ​စစ်​တပ်​နှင့်​ ​ရဲ​များ​ကို​ ​တုန့်​ပြန်​တိုက်​ခိုက်​ခဲ့​သော​ ​ဖြစ်​ရပ်​များ​ကြောင့်​ ​၂၀၀၆​ ​ခု​နှစ်​နောက်​ပိုင်း​ ​လူ​ပေါင်း​ ​၂၈၀၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here