ပြည်​တွင်း​မှာ​ ​ကျော်​ဆန်း​​၊​​ ​ပြည်​ပ​မှာ​

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ပြီးခဲ့တဲ့ရက်ပိုင်းများ‌အ‌တွင်း‌‌ အွန်လိုင်းက‌ ဘလောဂ်တွေ‌၊‌‌ ဂရုပ် မေလ်းတွေမှာ‌

ပြည်ပရောက်‌ နိုင်ငံရေး သမား‌ နှစ်ယောက်နဲ့‌ ကျောင်းသား ခေါင်းဆောင်ဟောင်း‌ တယောက်တို့‌က‌ ပြည်ပ အ‌ခြေ‌စိုက်‌ မြန်မာ မီဒီယာတွေကို‌ ပြင်းပြင်း ထန်ထန်‌ ဝေဖန်ခဲ့တာ‌ တွေ့ရပါတယ်။

အေဘီအက်စ်အယ်လ်ဥက္ကဌ‌ ဦးကျော်သန်းက‌ သူ့ရဲ့ “ငါးငသလောက် ပမာ‌‌၊‌ ကြောက်စရာ အရိုးများနဲ့‌ အိုဘယ့် မီဒီယာ“ ဆိုတဲ့‌ ဆောင်းပါးမှာ ကြားနေတဲ‌ ့မီဒီယာသမားတွေကို‌ ဖေါက်ပြန်သူတွေလို့‌ စွပ်စွဲခဲ့ပြီး‌ ဒီလို‌ မီဒီယာတွေကို‌ ရိုက်သတ်ဖို့ လိုအပ်လာပြီလို့‌ ရေးသားခဲ့ပါတယ်။‌ ဦးခိုင်အောင်ကျော်ကတော့‌ သူရေးတဲ့‌ “မီဒီယာတွေရဲ့ တာဝန် မကျေပွန်တာတွေနဲ့ ဖြုတ်ထုတ် သတ်လုပ်မှ အေးမည့် မီဒီယာ“‌ ဆောင်းပါးမှာ‌ “အဲဒီလို‌ မီဒီယာမျိုးတွေကို ဖြုတ်၊ ထုတ်၊ သတ်ရမယ်“လို့တောင်‌ ကြမ်းကြမ်းတမ်းတမ်း ရေးခဲ့တာတွေ့ရပါတယ်။‌ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌဟောင်း‌ ဦးထွန်းအောင်ကျော်ကတော့‌ ဦး‌‌ကျော်‌သန်း‌ရဲ့‌ အာဘော်တွေကို‌ သူရေးတဲ့‌ “ကြားနေရမယ့် အချိန် ရောက်ပြီလား“ ဆိုတဲ့ဆောင်းပါးထဲမှာ ထောက်ခံ သွားခဲ့ပါတယ်။‌ ဦး‌‌ကျော်‌သန်း‌‌ ‌နောက်‌ထပ်‌ရေး‌တဲ့‌‌ “စာ‌ကို‌မ‌ကျေ‌၊‌‌ ‌လူ‌ကို‌ချေ“‌ ‌ဆောင်း‌ပါး‌မှာ‌တော့‌‌‌ ‌အ‌ဓိ‌က‌အား‌‌ဖြင့်‌ ‌မီ‌ဒီ‌ယာ‌တွေ‌ကို‌ ‌မိ‌ကျောင်း‌မင်း‌‌ ‌ရေ‌ကင်း‌‌ ပြ‌သွား‌ခဲ့‌တာ‌ ‌တွေ့‌ရ‌ပါ‌တယ်‌‌။‌

ဒီအခါမှာ‌ ‌ကျ‌နော့်‌အ‌နေ‌နဲ့‌‌ ‌နအဖ ပြန်ကြားရေးဝန်ကြီ‌း‌ ဦးကျော်ဆန်း‌ ပြောခဲ့‌တဲ့‌ “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်“ ဆိုတဲ့ စကားကို‌ သတိရမိပါတယ်။‌ ဦးကျော်ဆန်းက‌ ဘာကြောင့်‌ ဒီလို ပြောဆိုခဲ့ပါသလဲ။‌ အဖြေကရှင်းပါတယ်။‌ ပြည်ပ မီဒီယာတွေရဲ့‌ လက်စွမ်းကို‌ နားလည် သဘောပေါက်လို့‌ တန်ပြန် ချင်တဲ့သဘောနဲ့‌ ပြောဆိုခဲ့တာပါ။‌ ဒီလို‌ အခြေအနေမျိုးမှာ‌ ဒီမိုကရေစီ တော်လှန်ရေးကို‌ ကိုယ့်အတိုင်း‌ ကိုယ့်အထွာနဲ့‌ ခေါင်းဆောင်ခဲ့သူတွေ၊‌ ခေါင်းဆောင်နေသူတွေက‌ ဘာကြောင့် လွတ်‌လပ်‌တဲ့‌‌ မီဒီယာကို‌ ဝေဖန်ရတာလဲလို့‌ စဥ်းစား ကြည့်မိပါတယ်။

မီဒီယာအပေါ်‌ သူတို့ရဲ့‌ မကျေနပ်ချက်တွေကို‌ ပြန်ကြည့်ရင်‌ အဓိကအားဖြင့်‌ အချက် နှစ်ချက်ကိုသာ‌ တွေ့ရပါတယ်။‌ အဲဒါတွေကတော့‌ (၁) လက်‌ရှိ မီဒီယာတွေဟာ‌ ကြားနေပြီး‌ ဘက်မလိုက်ဖို့‌ ကြိုးစားတဲ့ အတွက်‌ ဒီမိုကရေစီ အင်အားစုတွေမှာ နစ်နာရတယ်‌ ဆိုတဲ့‌ ‌အ‌တွေး‌အ‌မြင်‌မျိုး‌‌ ‌သူ‌တို့‌မှာ‌ ‌ရှိ‌နေ‌တယ်‌ ဆို‌တဲ့‌အချက်နဲ့‌ (၂) မီဒီယာတွေ အနေနဲ့‌ တွေ့ဆုံ မေးမြန်းခန်းတွေ‌ လုပ်တဲ့ အခါမှာ စစ်အစိုးရကို‌ နစ်နာအောင်‌ ထိထိရောက်ရောက်‌ ပြောနိုင် ဆိုနိုင်တဲ့ သူမျိုးတွေကိုသာ‌ ရွေးချယ်ပြီး‌ လုပ်သင့်တယ်ဆိုတဲ့ အချက်တွေ‌ပဲ ဖြစ်ပါတယ်။

ဦးကျော်သန်းရဲ့‌ ပ‌ထ‌မ‌ ဆောင်းပါးကို‌ မြန်မာ သတင်းသမဂ္ဂ ဥက္ကဌ‌ ဦးမောင်မောင်မြင့်က‌ ပေးစာ အ‌နေ‌နဲ့‌တုန့်ပြန် ရေးသားခဲ့‌ရာမှာ‌ “မီဒီယာ အနေနဲ့‌ အမှန်တရား ဘက်ကသာ‌ ရပ်တည်ဖို့ လိုကြောင်း၊‌ အဲဒီလို ရပ်တည်ပြီ ဆိုကတည်းက‌ နစ်နာသူဖက်၊‌ လူထုဖက်ကနေ ဘက်လိုက်တဲ့‌ သဘောဆောင်ကြောင်း“‌ စသည်ဖြင့်‌ ပြန်လည် ချေပတာတွေကို‌ ဖတ်လိုက် ပါတယ်။‌ ဒါပေမယ့်‌ ဦးခိုင်အောင်ကျော်နဲ့‌ ဦးထွန်းအောင်ကျော်တို့‌ ရေးခဲ့တဲ့ ဆောင်းပါးတွေနဲ့‌ ဦးကျော်သန်း‌ ထပ်ဆင့်ရေးတဲ့‌ ဆောင်းပါးတွေကိုတော့‌ ဦးမောင်မောင်မြင့်က‌ နောက်ထပ်‌ တုံ့ပြန် ခဲ့တာမတွေ့ရပါဘူး။‌ ‌စ‌ကား‌နည်း‌‌ ‌ရန်‌စဲ‌ သ‌ဘော‌နဲ့‌‌ ‌ငြိမ်‌နေ‌ လိုက်‌တာ‌လား‌‌၊‌‌ ဥ‌ပေ‌က္ခာ‌ ပြု‌လိုက်‌တာ‌လား‌ ဆို‌တာ‌ကို‌တော့‌‌ ‌ကာ‌ယ‌ကံ‌ရှင်‌သာ‌ ‌သိ‌ပါ‌လိမ့်‌မယ်‌၊‌။‌

ကျနော့်ရဲ့သဘောကတော့‌ မီဒီယာ မှန်သမျှ‌ သတင်းရေးတဲ့ အခါမှာ‌ အမှန်ကို အမှန်အတိုင်း‌ မလျှော့မပေါ့‌ မချဲ့မကားပဲ‌ ရေးစေချင်ပါတယ်။‌ ဒါမှလဲမီဒီယာတွေကို‌ ကျနော်တို့‌ ယုံကြည်လို့ရမှာပါ။‌ မြန်မာပြည်မှာ‌ ဖြစ်ပျက်နေသမျှကိုသာ‌ မီဒီယာက‌ အမှန်အတိုင်း‌ မချွင်းမချန် ရေးပြ နိုင်တယ်ဆိုရင်ကို‌ စစ်အစိုးရရဲ့‌ သဘော သဘာဝ အမှန်ကို‌ မြန်မာ ပြည်သူတွေရော‌၊‌‌ ကမ္ဘာကပါ‌ အတိအကျ သိသွားကြမှာပါ။‌ မြန်မာ့အရေး ကိစ္စမှာ‌ ဘယ်သူမှန်လို့‌ ဘယ်သူမှားတယ်‌ ဆိုတာကိုလည်း‌ အားလုံး သိကြရမှာပါ။‌ သိလည်း‌ သိနေကြပါတယ်။‌ ဦးကျော်သန်းပြောသလို‌ အတိုက်အခံ ဖက်ကနေ‌ ဘက်လိုက်ပြီးတော့သာ‌ သတင်းရေး‌ ကြ‌ရ‌စ‌တမ်း‌ဆိုရင်‌ ဒီမိုကရေစီ ဖက်သားတွေ အ‌နေ‌နဲ့‌‌ ခဏတဖြုတ် အားဖြင့် အသာစီးရ နိုင်ပေမယ့်၊‌ ကြာသွားရင်‌ သတင်းသမားတွေ‌ သိက္ခာ ကျလာပါလိမ့်မယ်။‌ သိက္ခာ ကျသွားတဲ့‌ သတင်းသမားတွေကို‌ လူထုကရော‌ နိုင်ငံတကာ ကပါ‌ ယုံကြည်တော့မှာ‌ မဟုတ်ပါဘူး။‌ အကျိုးဆက်အားဖြင့်‌ အမှန်တရားလည်း‌ အစတေးခံရ၊‌ မြန်မာပြည်သူတွေလည်း‌ ဒီမိုကရေစီနဲ့ ဝေးရပါလိမ့်မယ်။‌ ဒါကြောင့်‌ မီဒီယာသမားတွေရဲ့‌ ကြားနေခွင့်နဲ့‌ လွတ်လပ်ခွင့်ကို‌ နိုင်ငံရေးသမားတွေက‌ အမျှော်အမြင် ရှိရှိ‌ နားလည် လက်ခံသင့်ပါတယ်။

ဒုတိယ အချက် ဖြစ်တဲ့‌ “မီဒီယာတွေအနေနဲ့‌ တွေ့ဆုံ မေးမြန်းခန်းတွေ‌ လုပ်တဲ့ အခါမှာ စစ်အစိုးရကို‌ နစ်နာအောင်‌ ထိထိ ရောက်ရောက်‌ ပြောနိုင် ဆိုနိုင်တဲ့ သူမျိုးတွေကိုသာ‌ ရွေးချယ်ပြီး‌ လုပ်သင့်တယ်“ ဆိုတဲ့‌ အချက်ကိုတော့‌ ကျနော် သဘောတူပါတယ်။‌ အင်တာဗျူး တခုကို‌ လုပ်တဲ့ အခါမှာ‌ ဘယ်ဖက်က‌ ကိုယ်စားပြု‌ ပြောတဲ့သူပဲ ဖြစ်ဖြစ်‌၊‌၊‌ ထိထိ ရောက်ရောက်‌ ပိုင်ပိုင် နိုင်နိုင်‌ ပြောနိုင်တဲ့သူမျိုးကို‌ ရွေးချယ် မေးမြန်းဖို့ လိုပါတယ်။‌ ဒါမှလည်း‌ အောင်မြင်တဲ့ အင်တာဗျူး တခု‌ ဖြစ်နိုင်မှာပါ။‌ ဒီလို အင်တာဗျူးမျိုးကိုမှလည်း‌ နားထောင်သူတွေက နှစ်သက်ကြမှာပါ။

ဒါပေမယ့်‌ ဒီအချက်ကိုတင်လာတဲ့‌ ဦးခိုင်အောင်ကျော်ရဲ့‌ ရေးပုံ သားပုံကိုဖတ်ရတော့‌ စိတ်ထဲမှာ‌ တော်တော်လေး‌ စနိုးစနောင့်‌ ဖြစ်မိပါတယ်။‌ သူ့ရဲ့ ဆောင်းပါးထဲမှာ‌ သူက‌ “ရေဒီယိုများတွင် စကား‌ အခြေအတင် ပြောကြသော အခါ ကျွန်တော်၊‌ ကိုထွန်းအောင်ကျော်၊‌ ရဲဘော်ကျော်သန်း၊ မိုးသီးဇွန်တို့မှာ အထူး စကားပြောနိုင် အင်တာဗျူး ပြောနိုင်သူများဖြစ်သည်။ သို့သော်……… မည်သည့် အတွက်ကြောင့်များ အင်တာဗျူး တချက်တလေ မပြုလုပ်လေ သနည်းဟုလည်း စဉ်းစား စရာဖြစ်နေပါသည်“ လို့‌ ‌သူ့‌နာ‌မည်‌ကို‌ ‌ရှေ့‌ဆုံး‌က‌‌ တင်‌ရေး‌‌ပြီး‌‌ ကိုယ်ရည်သွေး သွား‌ခဲ့ပါတယ်။‌ ဒါ့အပြင်‌ အင်တာဗျူးတွေမှာ‌ တခြား‌ ‌ဒီ‌မို‌က‌ရေ‌စီ‌ ဖက်‌သား‌‌တွေ‌ ပြောတာ‌တွေ ကိုတော့‌ “နားမုဒိမ်းကျင့်ခံ နေရသည်နှင့် တူနေသည်“ လို့‌ ရင့်ရင့်သီးသီး‌ ရေးသွား‌ခဲ့ပါတယ်။‌ ‌ဦးခိုင်အောင်ကျော်ဟာ‌ ကိုယ့်ဂုဏ်ကို‌သာ ကိုယ်ဖော်တတ်သူ‌ တယောက်ဖြစ်တဲ့ အပြင်၊‌ တပါးသူတွေ အပေါ်မှာ‌လည်း‌‌ မုဒိတာ မပွားနိုင်သူ တယောက် အဖြစ် ကျနော်မြင်မိပါတယ်။‌ (စကားချပ်။ ။‌ ဦးခိုင်အောင်ကျော်ရဲ့‌ အင်တာဗျူးတချို့ကို‌ ကျနော်နားထောင်ဖူးပါတယ်။‌ သူ့အရည်အချင်းဟာ‌ သူထင်သလောက်‌ မမြင့်မားဘူး‌လို့‌‌ ကျ‌နော်‌ယူ‌ဆပါတယ်။‌ သူတို့ကို‌ မ‌ကြာ‌ခ‌ဏ‌ အင်တာမဗျူးလို့များ‌ မီဒီယာတွေကို‌ ရန်လုပ် နေတာ‌များလား‌ လို့လည်း‌ ကျနော် ခံစားမိပါတယ်။)

ဒါတင်မက‌ လွတ်လပ်တဲ့မီဒီယာကို‌ ကိုယ့်အလိုကို‌ မလိုက်ရကောင်းလားဆိုပြီး‌ “ရိုက်သတ်ဖို့“ နဲ့‌ “ဖြုတ်၊ထုတ်၊သတ်“ ဖို့‌ လှုံ့ဆော်တဲ့‌ အရေးအသားတွေဟာ‌ အင်မတန်မှ‌ အရုပ်ဆိုးတဲ့အပြင်၊‌ ဒီ‌လို‌ ‌လှံု့‌‌ဆော်သူတွေရဲ့‌ နိုင်ငံရေးယဥ်ကျေးမှု‌ အဆင့်အတန်း‌ ဘယ်လောက်ပဲရှိတယ်ဆိုတာကို‌ ညွှန်ပြနေတယ်လို့‌ ကျနော်ယူဆပါတယ်။‌ ဒီလို‌ နိုင်ငံရေးသမားတွေကို‌ ဒီမိုကရေစီတိုက်ပွဲဝင်နိုင်ငံရေးသမားတွေလို့‌ ကျနော်‌ မယူဆပါဘူး။‌ ဒီလူတွေဟာ‌ ဒီမိုကရေစီစည်းဝိုင်းအပြင်က‌ လူတွေဖြစ်ပါတယ်။‌ သူ‌တို့‌ရဲ့‌‌ ‌အ‌တွေး‌ဟာ‌‌ ‌ပါ‌လီ‌မန်‌ခေတ်‌မှာ ‌သ‌တင်း‌စာ‌တိုက်‌တွေ‌ကို‌ ရိုက်‌ချိုး‌ ဖျက်‌ဆီး‌ခဲ့‌တဲ့‌‌ ‌ဆို‌ရှယ်‌လစ်‌တွေ‌ရဲ့‌‌ ‌အ‌တွေး‌နဲ့‌‌ ‌တ‌ထပ်‌တည်း‌ကျ‌ပါ‌တယ်‌‌။‌‌ အမှန်တကယ်‌ ဖြစ်သင့်တာက‌ ဒီလို‌ လှံု့‌‌ဆော်သူတွေကို‌ လွတ်လပ်တဲ့မြန်မာ့မီဒီယာနဲ့‌ ဒီမိုကရေစီကျင့်စဥ်ရဲ့‌ ရန်သူများ အဖြစ်‌တောင်‌ သတ်မှတ်သင့်ပါတယ်။‌

ဦး‌ထွန်းအောင်ကျော်ရဲ့ ကြားနေရမယ့်အချိန် ရောက်ပြီလား ဆိုတဲ့ထဲမှာတော့‌ “ကျနော်တို့ အနေနှင့် စစ်အာဏာရှင်များကို တန်းတူ အခွင့်အရေး ပေးစရာ မလိုဟု လုံးဝ ယုံကြည်သည်။ ရန်သူ့လူများ မီဒီယာ သမားများထဲတွင် ဝင်ရောက် နေမည်မှာ မြေကြီး လက်ခတ်မလွဲဟု ယုံကြည်သည်”လို့‌ ‌ရေး‌ခဲ့‌ပါ‌တယ်‌‌။‌‌ ‌ကိုယ့်‌ရဲ့‌‌ ‌အ‌လို‌ကို‌ မ‌လိုက်‌သူ၊‌‌ ‌ကိုယ်‌နဲ့‌‌ ‌သ‌ဘော‌ထား မ‌တိုက်‌ဆိုင်‌သူ‌ကို‌ ‌ရန်‌သူ့‌လူ‌ ‌ရန်‌သူ့‌ ဘက်‌သား‌လို့‌‌ ‌အ‌ထောက်‌အ‌ထား‌မဲ့‌‌ ‌စွပ်‌စွဲ‌ လိုက်‌တဲ့‌‌ ‌သ‌ဘော‌ပါ‌ပဲ‌။‌‌

ဦး‌ထွန်း‌‌အောင်‌ကျော်‌ရဲ့‌‌ ‌စာ‌ထဲ‌မှာ‌ပဲ‌ ‌အ‌ရင်‌က‌ ‌အေ‌ဘီ‌အက်စ်‌ဒီ‌အက်ဖ်‌ အ‌ဖွဲ့‌မှာ‌ ‌လုပ်‌ဖော်‌ ကိုင်‌ဖက်‌ ဖြစ်‌ခဲ့‌ဖူး‌သူ‌၊‌‌ ‌လက်‌ရှိ‌ ‌ဒီ‌ဗွီ‌ဘီ‌ ‌ရုပ်သံ‌လွှင့်‌‌ အ‌ဖွဲ့‌ရဲ့‌‌ ‌လက်‌ထောက်‌ ဒါ‌ရိုက်‌တာ‌ ဦး‌ခင်‌မောင်‌ဝင်း‌ကို‌ ‌ပု​ဂ္ဂိုလ်ရေး‌ အ‌ရ‌ ‌ပြင်း‌‌ပြင်း‌ ထန်‌ထန်‌ ‌တိုက်‌ခိုက်‌ ရေး‌သား‌ ထား‌ပါ‌တယ်‌‌။‌‌ ‌လူ‌ကြီး‌ လူ‌ကောင်း‌ မ‌ဆန်‌တဲ့‌‌ ‌အ‌ပြု‌အ‌မူ‌ တ‌ရပ်‌လို‌ ‌ကျ‌နော်‌ ‌သုံး‌သပ်‌မိ‌ပါတယ်‌။‌

‌ဘာ‌ပဲ‌ပြော‌ပြော‌ ‌သေ‌ချာ‌တာ ‌တ‌ခု‌က‌တော့‌‌ ဦး‌‌ကျော်‌သန်း‌‌ ‌အ‌စ‌ပျိုး‌ လို‌က်‌တဲ့‌‌ လွတ်‌လပ်‌တဲ့‌‌ ‌မြန်‌မာ ‌မီ‌ဒီ‌ယာ‌ကို‌ ‌ချေ‌မှုန်း‌‌ရေး‌‌ ‌ဆို‌တဲ့‌‌ ‌သ‌ဘော‌ထား‌‌ နောက်‌ကို‌ ဦး‌ခိုင်‌အောင်‌ကျော်‌ရော‌ ဦး‌ထွန်း‌‌အောင်‌ကျော်‌တို့‌‌ ‌နှစ်‌ယောက်‌လုံး‌‌ ‌အား‌တက်‌သ‌ရော‌ ‌ပါ‌ဝင်‌ ထောက်‌ခံ‌ နေ‌ကြတယ်‌ဆို‌တာ‌ပါ‌ပဲ‌။‌‌ ‌ဒါ့‌အ‌ပြင်‌ ‌ဒီ‌ပု​ဂ္ဂိုလ် ‌သုံး‌ဦး‌စ‌လုံး‌ဟာ‌ ‌လက်‌ရှိ‌မှာ‌ ‌နောက်‌လိုက်‌ အင်‌အား‌‌ ‌နည်း‌ပါး‌တဲ့‌‌ ‌နိုင်ငံ‌ရေး‌ သ‌မား‌‌ ‌မ‌ဟောင်း‌ တ‌ဟောင်း‌‌တွေ‌ ‌ဖြစ်‌ကြ‌ပါ‌တယ်‌။‌‌ ‌သူ‌တို့‌ အ‌နေ‌နဲ့‌‌ ‌ကိုယ့်‌ရဲ့‌‌ နိုင်ငံ‌ရေး‌ ‌လုပ်ငန်း‌‌တွေ‌မှာ‌ ‌‌ခေါင်းမြှုပ်‌ပြီး‌‌ ‌ကြိုး‌ပမ်း‌ အား‌ထုတ်‌ နေ‌ရ‌မယ့်‌‌ ‌အ‌ချိန်‌မျိုး‌မှာ‌ ‌သ‌တင်း‌ သံ‌တော်‌ဆင့်‌‌တွေ‌ကို‌ ‌မ‌လို‌အပ်‌ပဲ‌ ‌ရန်‌လုပ်‌ပြီး‌‌ ‌အင်‌အား‌‌ ဖြုန်း‌တီး‌‌နေ‌တာ‌ ‌တွေ့‌ရ‌ပါ‌တယ်‌‌။‌

‌လက်‌ရှိ‌ အာ‌ဏာ‌ရ‌နေ‌သူ‌ပဲ‌ ‌ဖြစ်‌ဖြစ်‌၊‌‌ အ‌တိုက်‌အ‌ခံနိုင်ငံ‌ရေး‌‌သ‌မား‌‌တွေ‌ပဲ‌ ‌ဖြစ်‌ဖြစ်‌ ‌မီ‌ဒီ‌ယာ‌ကို‌ ‌အ‌နည်း‌နဲ့‌အ‌များ‌‌ ‌ဆို‌သ‌လို‌ ‌ကြောက်‌လန့်‌တတ်‌ကြ‌ပါ‌တယ်‌‌။‌‌ ဦး‌‌ကျော်‌သန်း‌နဲ့‌‌ ဦး‌ခိုင်‌အောင်‌ကျော်‌တို့‌လို‌ ‌မီ‌ဒီ‌ယာ‌ကို‌ ‌ချေ‌မှုန်း‌ဖို့‌‌ ‌လေ‌အား‌‌ဖြင့်‌‌ ‌ကြိုး‌စားကြ‌သူ‌တွေ‌ ‌ရှိ‌ခဲ့‌ဖူး‌သ‌လို‌၊‌ ‌လွတ်‌လပ်‌တဲ့‌‌‌ ‌မီ‌ဒီ‌ယာ‌ကို‌ ‌ကိုယ်‌ထိ‌လက်‌ရောက်‌ ‌ချေ‌မှုန်း‌ဖို့‌‌ ‌ကြိုး‌စား‌‌ကြ‌‌တဲ့‌‌ ‌အာဏာ‌ရှင်‌တွေ‌ ဒါ‌မှ‌မ‌ဟုတ်‌ ‌လက်‌နက်‌ကိုင်တွေ‌လည်း‌‌ ‌ရှိ‌ခဲ့‌ဖူး‌ပါ‌တယ်‌‌‌။‌‌ ‌ဒါ‌ပေ‌မယ့်‌‌ ‌ဒီ‌လို‌ ‌လူ‌တွေ‌သာ‌ ‌နိုင်ငံ‌ရေး‌သက်‌တမ်း‌‌‌ လူ့‌သ‌က်‌တမ်း‌‌ ‌ကုန်‌သွား‌‌ကြ‌ပေ‌မယ့်‌‌ လွတ်‌လပ်‌တဲ့‌‌ ‌မီ‌ဒီယာ‌က‌တော့‌‌ လူ‌ထု‌ကြား‌မှာ‌ ‌ရှင်‌သန်‌မြဲ‌ ‌ရှင်‌သန်‌နေ‌ဆဲ့‌ပါ‌ပဲ‌‌။‌‌

‌ဒီ‌တော့‌‌ “‌မီ‌ဒီ‌ယာ‌ကို‌ ‌မီ‌ဒီ‌ယာ‌နဲ့‌တိုက်‌မယ်‌“ဆို‌တဲ့‌‌ ‌ပြည်‌တွင်း‌က‌ ဦး‌‌ကျော်‌ဆန်း‌‌ရော‌၊‌‌ ‌“လွတ်လပ်‌တဲ့‌မီ‌ဒီ‌ယာ‌ကို‌ ရိုက်‌သတ်‌မယ်‌‌၊‌ ‌ဖြုတ်‌ထုတ်‌သတ်‌မယ်‌“ဆို‌တဲ့‌‌ ဦး‌‌ကျော်‌သန်း‌နဲ့‌‌ ‌သူ့‌ရဲ့‌‌ ‌မိတ်‌ဆွေ‌တွေ‌ပါ‌ မီ‌ဒီ‌ယာ‌အ‌ပေါ်‌ ‌ရန်‌လို‌တဲ့‌‌ ‌သူ‌တို့‌ရဲ့‌‌ ‌သ‌ဘော‌ထား‌ကို‌ ပြန်‌လည်‌ ‌စော​‌ကြော‌သုံး‌သပ်‌ဖို့‌‌ ‌လို‌အပ်‌နေ‌ပြီ‌လို့‌‌ ‌ကျ‌နော်‌ ‌ယူ‌ဆ‌မိ‌ပါ‌တယ်‌။‌

​အောင်​ခိုင်

LEAVE A REPLY

Please enter your comment!
Please enter your name here