ဂျစ်​ပ​စီ​ လူ​တန်း​စား​များ​အ​ား ပြင်​သစ်​​ အ​စိုး​ရ​က​ ​နယ်​နှင်​ဒဏ်​ ​ပေး​နေ​ခြင်း​​ အ​ပေါ်​ ​အီး​ယူ​​ ပါ​လီ​မန်​ ဝေ​ဖန်

alt

ဥ​ရော​ပ​ယူ​နီ​ယံ​ ​ပါ​လီ​မန်​က​ ​ပြင်​သစ်​အ​စိုး​ရ​အား​ ​ရို​မာ​ (​ခေါ်)​ ​အိမ်​ခြေ​ရာ​မဲ့​ ​ဂျစ်​ပ​စီ​လူ​တန်း​စား​များ​အား​ ​နယ်​နှင်​ဒဏ်​ပေး​နေ​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​ဝေဖန်​ပြော​ကြား​လိုက်​သည်​။​

​စက်​တင်​ဘာ​ ​၉​ ​ရက်​နေ့​ ​ပါ​လီ​မန်​၏​ ​ကြေ​ညာ​ချက်​တွင်​ ​ရို​မာ​တို့​အား​ ​အ​တင်း​အ​ကြပ်​ ​ထွက်​ခွာ​စေ​ခြင်း​ကို​ ​ချက်​ချင်း​ရပ်​တံ့​ပေး​ရန်​ ​တောင်း​ဆို​ကြောင်း​ ​ပါ​ရှိ​သည်​။​ ဥ​ရော​ပ​ယူ​နီ​ယံ​၏​ ​ပါ​လီ​မန်​ ​အ​စည်း​အ​ဝေး​တွင်​ ​အ​ဖွဲ့ဝင်​ ​နိုင်ငံ​တစ်​ခု​အား​ ​ဝေ​ဖန်​ရှုတ်​ချ​ခြင်း​သည်​ ​အ​လွန်​ရှား​ပါး​သော​ ​ကိ​စ္စ​မျိုး​ဖြစ်​သည်​။​ ​မဲ​ခွဲ​ဆုံး​ဖြတ်​မှု​အ​ရ​ ​ပြင်​သစ်​အ​စိုး​ရ​၏​ ​လုပ်​ဆောင်​ချက်​အား​ ​စု​စု​ပေါင်း​ ​၃၃၇​ ​မဲ​တွင်​ ​၂၄၅​ ​မဲ​က​ ​ကန့်​ကွက်​ပြီး​ ​၅၁​ ​မဲ​က​ ​ကြား​နေ​သည်​ကို​ ​တွေ့​ရှိ​ရ​သည်​။​ ​ဗြိ​တိန်​နိုင်ငံ​ ​လေ​ဘာ​ပါ​တီ​ ဥ​ပ​ဒေ​ပြု​အ​မတ်​ ​က​လော်​ဒီ​မို​ရက်​က​ ​ပြင်​သစ်​သ​မ္မ​တ​ ​နီ​ကို​လက်​ဆာ​ကို​ဇီ​နှင့်​ ​ယင်း​၏​ ​အ​စိုး​ရ​အ​ဖွဲ့​က​ ​ရို​မာ​တို့​အ​ပေါ်​ ​ကိုင်​တွယ်​ဆောင်​ရွက်​မှု​အား​ ဥ​ရော​ပ​ ​ယူ​နီ​ယံ​အ​နေ​နှင့်​ ​ဆန့်​ကျင်​ကြောင်း​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။

 ​ပြင်​သစ်​အ​စိုး​ရ​သည်​ ​အိမ်​ခြေ​ရာ​မဲ့​ ​ရို​မာ​တို့​အား​ ​ယင်း​တို့​အ​ခြေ​ချ​ရာ​ ​ဒေ​သ​များ​မှ​ ​နှင်​ထုတ်​မှု​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​နိုင်ငံ​အ​တွင်း​မှ​ ​လူ့​အ​ခွင့်​အ​ရေး​ ​လှုပ်​ရှား​သူ​များ​က​လည်း​ ​လူ​သား​ချင်း​ ​ခွဲ​ခြား​ဆက်​ဆံ​မှု​အ​ဖြစ်​ ​ရှုတ်​ချ​ကာ​ ​ကန့်​ကွက်​ဆ​န္ဒ​ပြ​မှု​များ​ ပြု​လုပ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ရို​မာ​တို့​ ​အ​ခြေ​ချ​ ​နေ​ထိုင်​ရာ​ ​တ​ရား​မဝင်​ ​နေ​ရာ​များ​သည်​ ဥ​ရော​ပ​တွင်​ ​စု​စု​ပေါင်း​ ​အ​ခု​ ​၁၀၀​ ​ကျော်​မျှ​ ​ရှိ​နေ​ပြီး​ ​အ​များ​စု​သည်​ ​ပြင်​သစ်​၊​ ​ရို​မေး​နီး​ယား​နှင့်​ ​ဘူ​ဂေး​ရီး​ယား​တို့​တွင်​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here