တရုတ်ငါးဖမ်းလှေ ကပ္ပတိန်အား ပြန်လွှတ်​ပေး​ရန်​ ​ပြင်းပြင်း ထန်ထန် တောင်း​ဆို

alt

ဂျပန် နိုင်ငံသည် ပြီးခဲ့သည့် သီတင်းပါတ် အစောပိုင်း ကတည်းက ဖမ်းဆီး ထားသည့် တရုတ် ငါးဖမ်းလှေ လုပ်သားများအား ပြန်လွှတ် ပေးလိုက်ပြီဟု သိရသည်။

စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက သင်္ဘောသား ၁၄ ဦးတို့သည် လေယာဥ် ခရီးစဥ်ဖြင့် တရုတ်သို့ ပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း တိုကျိုမြို့၊ တရုတ် သံရုံးက အတည်ပြု ခဲ့သည်။ သင်္ဘောသားများသည် စက်တင်ဘာ ရ ရက်နေ့က ပိုင်ဆိုင်မှု အငြင်းပွား နေသည့် ရေပြင်တွင် ငါးဖမ်း နေစဥ် ဂျပန် ကမ်းခြေ စောင့်တပ် ရေယာဥ် နှစ်စင်းက ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။ တရုတ် နိုင်ငံက ဂျပန် သံအမတ်ကြီး ယူချီရိုနီဝါအား ယင်းနေရာသည် ဂျပန် ကမ်းခြေထက် ထိုင်ဝမ်နှင့် ပိုမို နီးကပ်ကြောင်း ကန့်ကွက် ပြောဆိုခဲ့သလို ရေယာဥ် အလုပ်သမားများ အား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

နှစ်နိုင်ငံ ညှိနှိုင်းမှုများ စက်တင်ဘာ ၁၂ ရက်နေ့က အပြီးသတ် ပြုလုပ် ခဲ့ပြီးနောက် ဂျပန် အာဏာပိုင်များက ပြည်သူ့ လုံခြံုရေး ထိပါးမှုဖြင့် စွဲချက် တင်ရန် စီစဥ် ထားသော ငါးဖမ်းလှေ ကပ္ပတိန်မှလွဲပြီး ကျန် သင်္ဘောသားများအား ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်ရှိ နေသေးသော ငါးဖမ်းလှေ ကပ္ပတိန် ကိစ္စကြောင့် တရုတ်က ဒေါသ ထွက်နေပြီး သံတမန်ရေး အရ ပြင်းပြင်း ထန်ထန် ကန့်ကွက် ထားကြောင်း သိရသည်။ သင်္ဘောသားများကို လေယာဥ်ဖြင့် တရုတ်ပြည်သို့ ပို့ဆောင် လိုက်သလို ငါးဖမ်းလှေကိုလည်း အစားထိုး ထားသည့် အဖွဲ့ဝင်များနှင့် တရုတ်သို့ ပြန်လည် ပို့ဆောင် ပေးမည်ဟု ဂျပန်က အတည်ပြုခဲ့သည်။

အငြင်းပွားမှု ဖြစ်ပွားရာ ရေပြင်နေရာကို ဂျပန်က ဆန်ကာကူဟုခေါ်ပြီး တရုတ်က ဒိုင်အိုယူဟု အမည် ပေးထားသည်။ ယင်းဒေသကို ဂျပန်က ထိန်းချုပ်ထားသော်လည်း ထိုင်ဝမ်ရော၊ တရုတ် ကပါ မိမိတို့ ပိုင်ဆိုင်ကြောင်း တောင်းဆို နေဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here