အမေရိကန်တွင် Bing သုံးစွဲသူအရေအတွက် Yahoo ထက် ကျော်လွန်လာ

alt

အ​မေ​ရိ​ကန်​တွင်​​ ​အင်​တာ​နက်​ ​ရှာ​ဖွေ​မှု​များ​အ​တွက်​ Bing​​ အား​ ​သုံး​စွဲ​သူ​​ ​အ​ရေ​အ​တွက်​သည်​ Yahoo​​ ကို​​ ​ကျော်​လွန်​သွား​ပြီ​ဖြစ်​ကြောင်း​​ ​သိ​ရ​သည်​။​

Microsoft​​ မှ​ ​တည်​ထောင်​ထား​သော​ Search​ Engine​​ အ​သစ်​ Bing​ ​အ​တွက်​​ ​ယ​ခု​ကိ​စ္စ​သည်​ ​အောင်​မြင်​မှု​တစ်​ခု​​ ​ဖြစ်​လာ​ပြီး​ ​ပြိုင်​ဖက်​ကြီး​ Google​ကို​ ​ယှဥ်​ပြိုင်​ရာ​တွင်​​ ​တွန်း​အား​တစ်​ခု​သ​ဖွယ်​​ ​ဖြစ်​လာ​စေ​ခဲ့​သည်​။​ Nielsen​က​​ ​နောက်​ဆုံး​ပြု​လုပ်​ခဲ့​သည့်​​ ​သု​တေ​သ​န​ ​စစ်​တမ်း​အ​ရ​​ ​အင်​တာ​နက်​ ​ရှာ​ဖွေ​မှု​တွင်​ Bing​သည်​ MSN​၊​ Window​ Live​​ တို့​နှင့်​အ​ပြိုင်​​ ​၁၃.​၉​ ​ရာ​ခိုင်​နှုန်း​ဖြင့်​​ ​ရပ်​တည်​နေ​ပြီး​ Yahoo​​ က​မူ​​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​​ ​၁၃.​၁​ ​ရာ​ခိုင်​နှုန်း​ထိ​​ ​ကျ​ဆင်း​သွား​ကြောင်း​​ ​သိ​ရ​သည်​။

​ Google​​ က​မူ​ ​၆၅.​၁​​ ​ရာ​ခိုင်​နှုန်း​ဖြင့်​​ ​ပြတ်​ပြတ်​သား​သား​ ဦး​ဆောင်​နေ​ဆဲ​ဖြစ်​သည်​။​ Google​​ သည်​ ​အင်​တာ​နက်​​ ​ရှာ​ဖွေ​ရေး​ ​ဝန်​ဆောင်​မှု​​ ​ကဏ္ဍ​တွင်​ ဦး​ဆောင်​နေ​ခြင်း​အား​​ ​ထိန်း​သိမ်း​ရန်​ ​မ​ကြာ​သေး​မီက​ Google​ Instant ​ဆို​သော​ Feature​သစ်​ကို​ ​စ​တင်​ခဲ့​ပြီး​ ​ရှာ​ဖွေ​မှု​များ​ ​ပြု​လုပ်​ရာ​တွင်​ ​ပို​မို​လွယ်​ကူ​ ​မြန်​ဆန်​အောင်​ ​ဆောင်​ရွက်​ပေး​ခဲ့​သည်​။​ သုံး​စွဲ​သူ​ ​အ​များ​စု​က​ Google​​ နှင့်​ Bing​​ တို့​သည်​ ​အ​ခြား​သော​ Search​ Engine​​ များ​ထက်​ ​ဆွဲ​ဆောင်​မှု​ ​ပို​ရှိ​ကြောင်း​ ​ထောက်​ခံ​ပြော​ဆို​ခဲ့​သည်​။​ Bing​ ​သည်​ Google​ ​၏​ ဦး​ဆောင်​မှု​အ​တိုင်း​ ​ဂိမ်း​များ​၊​ ​ရုပ်​ရှင်​များ​အ​ပြင်​ ​တေး​ဂီ​တ​များ​ ​ရှာ​ဖွေ​ရေး​ ​ဝန်​ဆောင်​မှု​များ​ ​ထည့်​သွင်း​ပေး​လာ​ခြင်း​ကြောင့်​ ​သုံး​စွဲ​သူ​ ​အ​ရေ​အ​တွက်​ ​ပို​မို​မြင့်​တက်​လာ​သည်​။​

Microsoft​​ နှင့်​ Google​​ တို့​သည်​ ​မို​ဘိုင်း​ဖုန်း​ OS​ေ​ဈး​ကွက်​တွင်​လည်း​ ​အ​ပြိုင်​ဖြစ်​နေ​ပြီး​ Microsoft​​ ၏​ Windows​ Phone​ 7​ ​ရော​၊​ Google​​ ၏​ Android​​ တို့​ပါ​ Apple​ ​၏​ iOS​​ နှင့်​ ​ယှဥ်​ပြိုင်​မှု​ ​ပြင်းထန်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here