ဝီစမစ်၏ ဇာတ်ကားသစ်တွင် ဆယ်ကျော်သက် အဆိုတော် ဂျက်စတင်ဘီဘာ ပါဝင်​ သရုပ်ဆောင်မည်

alt

အ​မေ​ရိ​ကန်​​ ​ဆယ်​ကျော်​သက်​ Pop​​ ဂီ​တ​စ​တား​​ ​အ​ဆို​တော်​လေး​ ​ဂျက်​စ​တင်​​ ​ဘီ​ဘာ​သည်​ ​မင်း​သား​ဝီ​စ​မစ်​၏​​ ​အ​သစ်​ရိုက်​ကူး​မည့်​​ ​ဇာတ်​ကား​တွင်​ ​ပါ​ဝင်သ​ရုပ်​ဆောင်​ပေး​မည်​ဟု​​ ​သိ​ရ​သည်​။

​ ​Baby​ ​သီ​ချင်း​ဖြင့်​​ ​အ​ကြီး​အ​ကျယ်​ ​အောင်​မြင်​လာ​သော​ ၁၆​ ​နှစ်​သား​ ​အ​ဆို​တော်​လေး​နှင့်​ Men​ in​ black​ မင်း​သား​တို့​​ ​ပူး​ပေါင်း​မည့်​ ​သ​တင်း​ကို​​ ​စ​မစ်​၏​ ​အေ​ဂျင်​စီ​ဖြစ်​သော​​ Overbrook​​ က​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​စိတ်​ကူး​ယဥ်​ဆန်​ဆန်​ ​ပုံ​စံ​မျိုး​ ​ရိုက်​ကူး​မည့်​ အ​ဆို​ပါ​ ​ဇာတ်​ကား​သည်​ ​ဘီ​ဘာ​အ​တွက်​ ​အ​တွေ့​အ​ကြံု​သစ်​ ​ဖြစ်​လာ​စေ​မည်​ဟု​ ​အေ​ဂျင်​စီ​က​ ​ပြော​ကြား​ခဲ့​သည်​။

​ ​ဘီ​ဘာ​သည်​ Never​ say​ Never​ ​ကို​ ​အ​သံ​သွင်း​စဥ်​ ​စ​မစ်​နှင့်​ ​တွေ့​ဆုံ​ခဲ့​ပြီး​နောက်​ ​သ​ရုပ်​ဆောင်​ ​အ​လုပ်​ကို​ စိတ်​ဝင်စား​လာ​ခြင်း​ဖြစ်​သည်​။​ ​ယင်း​သီ​ချင်း​သည်​ ​စ​မစ်​၏​ ​သားငယ်​ဖြစ်​သော​ ​ဂျေ​ဒန်​ပါ​ဝင်သ​ရုပ်​ဆောင်​သော​ The​ Karate​ Kid​ ​ဇာတ်​ကား​၏​ ​နောက်​ခံသီ​ချင်း​ဖြစ်​သည်​။​ ​ဘီ​ဘာ​ ​ပါ​ဝင်မည့်​ ​စ​မစ်​၏​ ​ဇာတ်​ကားသစ်​ကို​ ​၂၀၁၁​ ​တွင်​ ​စ​တင်​ရိုက်​ကူး​သွား​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here