အ​သက်​ ​၉၉​ ​နှစ်​ ​အ​ဘွား​အို​ ​လိင်​​ စော်​ကား​ ​ပြု​ကျင့်​ခံ​ရ

alt

ဩ​စ​တြေး​လျ​ ​ရဲ​တပ်​ဖွဲ့​သည်​ ​အ​သက်​ ​၉၉​ ​နှစ်​အ​ရွယ်​ ​အ​ဖွား​အို​တစ်ဦး​အား​ ​လိင်​ဆိုင်​ရာ​ ​စော်​ကား​ပြု​ကျင့်​သွား​သူ​ ​တစ်ဦး​ကို​ ​လိုက်​လံ​ရှာ​ဖွေ​နေ​ကြောင်း​ ​သိ​ရ​သည်​။​

​မဲ​ဘုန်း​မြို့​တွင်​ ​နေ​ထိုင်​သည့်​ ​အ​ဖွား​အို​မှာ​ ​အော်​မွန်​ရှိ​၊​ ​ကူ​နန်​လမ်း​ ​နေ​အိမ်​တွင်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​တိုက်​ခိုက်​မှု​ ​ခံ​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ ​ရဲ​များ​က​ ​တ​ရား​ခံ​သည်​ ​အ​သက်​ ​၁၇​ ​နှစ်​မှ​ ​၂၂​ ​နှစ်​အ​တွင်း​ဟု​ ​ယုံ​ကြည်​ရ​ပြီး​ ​အ​ဖွား​အို​၏​ ​အိမ်​ထဲ​သို့​ ​နေ့​ခင်း​ကြောင်​တောင်​ ဝင်​ရောက်​ကာ​ ​ပြု​ကျင့်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​ယင်း​သည်​ ​အ​ဖွား​အို​အား​ ​ရုပ်​ပိုင်း​ဆိုင်​ရာ​ ​နှိပ်​စက်​မှု​များ​ရော​ ​လိင်​ပိုင်း​ဆိုင်​ရာ​ ​စော်​ကား​မှု​များ​ပါ​ ​တစ်​နာ​ရီ​ခွဲ​မျှ​ ​ပြု​လုပ်​ပြီး​နောက်​ ​အိမ်​ထဲ​ရှိ​ ​ပ​စ္စည်း​အ​ချို့​ကို​ ​ယူငင်​ကာ​ ​ထွက်​ပြေး​သွား​ကြောင်း​ ​သိ​ရ​သည်​။

​ ​ရဲ​များ​သည်​ ​ထို​သူ​ကျန်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သော​ ​တီ​ရှပ်​တစ်​ထည်​နှင့်​ ​ခန့်​မှန်း​ရေး​ဆွဲ​ထား​သည့်​ ​ဓာတ်​ပုံ​တို့​ကို​ ​ထုတ်​ပြန်​ပြ​သ​ကာ​ ​တ​ရား​ခံ​နှင့်​ ​ပတ်​သက်​သော​ ​သ​တင်း​ကို​ ​စုံ​စမ်း​နေ​သည်​။​ ​ယင်း​တီ​ရှပ်​၏​ ​ရှေ့​ပိုင်း​တွင်​ Al​ Fresco​​ ဆို​သော​ ​စာ​လုံး​အား​ ​ရေး​ထိုး​ထား​သည်​။​ ​ရဲ​တပ်​ဖွဲ့​၏​ ​အ​ဆို​အ​ရ​ ​တ​ရား​ခံ​သည်​ ​ကော်​ကေး​ရှန်း​ ​အ​ဆက်​အ​နွယ်​ ​ဖြစ်​နိုင်င်္ပြီး​ ​အ​ရပ်​ ​၁၆၀​ ​စင်​တီ​မီ​တာ​ခန့်​မြင့်​ကာ​ ရှည်​လျား​သော်​လည်း​ ​ရှုပ်​ထွေး​သည့်​ ​အ​ညို​ရောင်​ ​ဆံ​ပင်​များ​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​

အ​ဖွား​အို​သည်​ ​တွန်း​ထိုး​ရာ​မှ​ ​ထိ​ခိုက်​ဆောင့်​မိ​သည့်​ ​ဒဏ်​ရာ​ဒဏ်​ချက်​ ​၁၀၀​ ​ကျော်​မျှ​ ​မျက်​နှာနှင့်​ ​ခြေ​ထောက်​များ​တွင်​ ​ကျန်​ခဲ့​ပြီး​ ​ခေါင်း​ကို​လည်း​ ​အ​ရာ​ဝ​တ္ထု​တစ်​ခု​ခု​နှင့်​ ​ရိုက်​နှက်​မှု​ ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here