နိုင်ငံ​သား​များ​ ​ဆေး​လိပ်​နှင့်​အ​ရက်​ ​များ​များ​ သောက်​ကြရန်​ ​ရု​ရှားဝန်​ကြီး​ တစ်ဦး​ တိုက်​တွန်း

alt

ရု​ရှား​အ​စိုး​ရ​ ​အ​ဖွဲ့​ဝင်​ ​ဝန်​ကြီး​တစ်ဦး​က​ ​နိုင်ငံ​သား​များ​အ​နေ​နှင့်​ ​ဆေး​လိပ်​နှင့်​အ​ရက်​ ​များ​များ​သောက်​ကြ​ရန်​ ​တိုက်​တွန်း​ပြော​ကြား​လိုက်​သည်​။​ ​ဘဏ္ဍာ​ရေး​ဝန်​ကြီး​ ​အ​လက်​ဆီ​ကာ​ဒ​ရင်​က​ ​ဆေး​လိပ်​နှင့်​အ​ရက်​ ​ဝယ်​လို​အား​ ​မြင့်​တက်​လာ​ခြင်း​က​ ​အ​ခွန်​ငွေ​ ​များ​များ​ပို​ရ​စေ​နိုင်​မည်​ဖြစ်​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။

​ ​အ​ကယ်၍​ ​လူ​တစ်ဦး​သည်​ ​ဆေး​လိပ်​တစ်​ဘူး​ ​ကုန်​အောင်​သောက်​လိုက်​ပြီ​ ​ဆို​ပါ​က​ ​ကျေး​လက်​ဒေ​သ​ ​ဖွံ့​ဖြိုး​ရေး​ကဲ့​သို့​ ​လူ​မှု​ရေး​ ​ကဏ္ဍ​များ​တွင်​ ​ငွေ​ကြေး​တစ်​ထောင့်​တစ်​နေ​ရာ​မှ​ ​ကူ​ညီ​လိုက်​ခြင်း​ ​ဖြစ်​နေ​သည်​ကို​ ​သိ​ထား​သင့်​ကြောင်း​ ​ဝန်​ကြီး​က​ဆို​သည်​။​ ​လူ​အ​များ​အ​နေ​နှင့်​ ​ဆေး​လိပ်​နှင့်​အ​ရက်​ ​များ​များ​သောက်​လေ​လေ​၊​ ​နိုင်ငံ​ကို​ ​ကူ​ညီ​ရာ​ရောက်​လေ​လေ​ဖြစ်​ကြောင်း​လည်း​ ​ကာ​ဒ​ရင်​က​ ​ပြော​ကြား​သွား​သည်​။

​ ​ရု​ရှား​တွင်​ ​စီး​က​ရက်​တစ်​ဘူး​၏​ ​ပျမ်း​မျှ​ေ​ဈး​နှုန်း​သည်​ (​၁.​၃)​ဒေါ်​လာ​မျှ​ ​ကျ​သင့်​ပြီး​ ​အ​ဆီ​ခံ​မ​ပါ​သော​ ​စီး​က​ရက်​က​ ​ေ​ဈး​ပို​နည်း​သည်​။​ ​ထို့​အ​ပြင်​ ​စီး​က​ရက်​များ​၏​ ​အ​ရည်​အ​သွေး​နှင့်​ ​ပတ်​သက်​ပြီး​ ​အာမ​ခံ​မှု​သည်​ ဥ​ရော​ပ​တွင်​ ​အ​နိမ့်​ဆုံး​ဟု​ ​သိ​ရ​သည်​။​ ထို့​အ​ပြင်​ ​အ​ရက်​ကြောင့်​ ​အ​မျိုး​သား​ ​အ​များ​စု​၏​ ​သက်​တမ်း​ကို​ ​ထိ​ခိုက်​မှု​မှာ​ ​ဖွံ့​ဖြိုး​ဆဲ​ ​နိုင်ငံ​များ​ဖြစ်​သော​ ​ဘ​င်္ဂလား​ဒေ့​ရှ်​နှင့်​ ​ဟွန်း​ဒူးရပ်​တို့​ထက်​ပင်​ ​ရု​ရှား​က​ ​နိမ့်​ကျ​နေ​သေး​သည်​။​ ​ရု​ရှား​တွင်​ ​ဆေး​လိပ်​နှင့်​ ​အ​ရက်​ကြောင့်​ ​နှစ်​စဥ်​လူ​ပေါင်း​ ငါး​သိန်း​ကျော်​ ​သေ​ဆုံး​နေ​ကြောင်း​လည်း​ ​ဌာ​န​ဆိုင်​ရာ​ ​စစ်​တမ်း​များ​တွင်​ ​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here