နာမည်ကျော် မူးယစ်ခေါင်းဆောင်တစ်ဦးအား မက္ကစီကိုတွင် ဖမ်းဆီးရမိ

alt

မ​က္က​စီ​ကို​နိုင်ငံ​မှ​​ ​မ​ရိန်း​တပ်​ဖွဲ့​ဝင်​များ​သည်​ နာ​မည်​ကျော်​ ​မူး​ယစ်​ခေါင်း​ဆောင်​​ ​တစ်ဦး​အား​ ​ဖမ်း​ဆီး​နိုင်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​ ​မူး​ယစ်​ဆေး​ဝါး​​ ​မှောင်​ခို​လုပ်ငန်း​တွင်​​ ​အ​လွန်​ကျော်​ကြား​ပြီး​​ ​အ​စိုး​ရ​က​ ​အ​လို​အ​ရှိ​ဆုံး​​ ​ပု​ဂ္ဂိုလ်​တစ်ဦး​အ​ဖြစ်​​ ​သတ်​မှတ်​ထား​သော​

​ဆာ​ဂျီ​ယို​​ ​ဗယ်​လာ​ရီ​ယာ​ ​ဘာ​ရာ​ဂန်​ကို​​ ​စီး​နင်း​မှု​ ​တစ်​ခု​အ​တွင်း​​ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​ကြောင်း​​ ​စစ်​တပ်​က​ ​ကြေ​ညာ​သွား​သည်​။​​ ​မြေ​အောက်​လော​က​တွင်​​ ​အယ်​ဂ​ရန်​ဒီ​ဟု​ ​အ​မည်​ရ​ထား​သော​​ ​ဆာ​ဂျီ​ယို​အား​ ​ပူ​ဘ​လာ​မြို့​အ​တွင်း​​ ​ဖမ်း​ဆီး​နိုင်​ခဲ့​ခြင်း​ဟု​​ ​မ​က္က​စီ​ကို​ ​လုံ​ခြံု​ရေး​ဌာ​န​​ ​ပြော​ရေး​ဆို​ခွင့်​ရ​​ ​အ​ရာ​ရှိ​ ​အ​လီ​ဂျန်​ဒ​ရို​​ ​ပွိုင်​ရီ​က​ ​ပြော​ဆို​သွား​သည်​။

​​ ​ရှောင်​တ​ခင်​ ​စီး​နင်း​တိုက်​ခိုက်​မှု​တွင်​​ ​မ​ရိန်း​စစ်​သည်​ ​၃၀​၊​​ ​စစ်​သုံး​မော်​တော်​ယာဥ်​​ ​၅​ ​စင်း​နှင့်​ ​ရ​ဟတ်​ယာဥ်​တစ်​စင်း​တို့​ကို​​ ​အ​သုံး​ပြု​ခဲ့​ကြောင်း​လည်း​​ ​ပွိုင်​ရီ​က​ ​အ​တည်​ပြု​​ ​ပြော​ကြား​သွား​သည်​။​​ ​နာ​မည်​ကျော်​ ​မူး​ယစ်​ဂိုဏ်း​​ ဘယ်​ထ​ရန်​လီ​ဗာ​မှ​ ​ခေါင်း​ဆောင်​တစ်ဦး​အား​ ​ဖမ်း​ဆီး​ရ​မိ​ခြင်း​မှာ​ ​ဆာ​ဂျီ​ယို​က​ ​ပ​ထ​မ​ဆုံး​ ​မ​ဟုတ်​ပေ​။​ ​၂၀၀၉​ ​ခု​နှစ်​၊​ ​ဒီ​ဇင်​ဘာ​ ​၁၆​ ​ရက်​နေ့​က​လည်း​ ​ယင်း​မူး​ယစ်​ဂိုဏ်း​မှ​ ​ခေါင်း​ဆောင်​ဖြစ်​သူ​ ​အော်​ထ​ရို​ ​ဘယ်​ထ​ရန်​လီ​ဗာ​ကို​ ​မ​က္က​စီ​ကို​စီး​တီး​မြို့​တော်​ ​စီး​နင်း​တိုက်​ခိုက်​မှု​ ​တစ်​ခု​အ​တွင်း​ ​အ​သေ​ဖမ်း​မိ​ဖူး​သည်​။​

မ​က္က​စီ​ကို​၏​ ​နာ​မည်​ကျော်​ ​မူး​ယစ်​ဂိုဏ်း​ ​တစ်​ခု​ဖြစ်​သည့်​ ​ဆီ​နယ်​လို​အာ​မှ​ ​တ​တိ​ယ​ ဩ​ဇာ​အ​ကြီး​ဆုံး​ ​ခေါင်း​ဆောင်​ကြီး​ ​နာ​ချို​မှာ​လည်း​ ​ဇူ​လိုင်​လ​ ​၂၈​ ​ရက်​နေ့​က​ ​စစ်​တပ်​နှင့်​ ​တိုက်​ပွဲ​ဖြစ်​စဥ်​ ​သေ​ဆုံး​ခဲ့​သည်​။​ ​မ​က္က​စီ​ကို​ ​အ​စိုး​ရ​သည်​ ​နိုင်ငံ​အ​တွင်း​ ​အ​လွန်​အင်​အား​ကြီး​ထွား​နေ​သည့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​အား​ အ​မေ​ရိ​ကန်​ ​အ​စိုး​ရ​၏​ ​အ​ကူ​အ​ညီ​ဖြင့်​ ​၂၀၀၆​ ​ခု​နှစ်​ ​နောက်​ပိုင်း​က​တည်း​က​ ​ဖိ​ဖိ​စီး​စီး​ ​နှိမ်​နင်း​မှု​များ​ ​ပြု​လုပ်​လာ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here