မြောက်ကိုရီးယား၏ ထိပ်တန်းအစည်းအဝေး ကင်ဂျုံအီ​ ကျန်းမာရေးကြောင့် ရွှေ့ဆိုင်း

alt

မြောက်​ကို​ရီး​ယား​​ ​အာ​ဏာ​ရ​ ​ကွန်​မြူ​နစ်​ပါ​တီ​၏​ အ​လွန်​အ​ရေး​ပါ​သော​ ​ထိပ်​တန်း​အ​စည်း​အ​ဝေး​​ ​တစ်​ခု​ကို​ ​အာ​ဏာ​ရှင်​​ ​ခေါင်း​ဆောင်​ကြီး​ ​ကင်​ဂျံု​အီ​၏​​ ​ကျန်း​မာ​ရေး​ ​အ​ခြေ​အ​နေ​ကြောင့်​​ ​ရွှေ့​ဆိုင်း​ခဲ့​ရ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။​

​မြောက်​ကို​ရီး​ယား​​ ​အ​စိုး​ရ​လက်​အောက်​ခံ​ YTN​ ​ရုပ်​မြင်​သံ​ကြား​​ ​ဌာ​န​က​ ​အ​စည်း​အ​ဝေး​​ ​ရွှေ့​ဆိုင်း​မှု​ ​သ​တင်း​အား​​ ​အ​တည်​ပြု​ခဲ့​ပြီး​ ​တောင်​ကို​ရီး​ယား​​ ​ထောက်​လှမ်း​ရေး​က​ ​အ​စည်း​အ​ဝေး​အား​​ ​အချိန်​ရွှေ့​ခဲ့​ခြင်း​၏​​ ​အ​ဓိ​က​ ​အ​ကြောင်း​ရင်း​မှာ​​ ​ကင်​၏​ ​ကျန်း​မာ​ရေး​ကြောင့်​ဟု​ ​ဖော်​ပြ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​မြောက်​ကို​ရီး​ယား​ ​အ​မျိုး​သား​ ​ကွန်​ဖ​ရင့်​ ​အ​စည်း​အ​ဝေး​ကြီး​ကို​ ​ရွှေ့​ဆိုင်း​ရ​လောက်​အောင်​ ​အ​သက်​ ​၆၈​ ​နှစ်​အ​ရွယ်​ ​ခေါင်း​ဆောင်​ကြီး​မှာ​ ​ကျန်း​မာ​ရေး​က​ ​ညံ့​ဖျင်း​မှု​ ​မ​ရှိ​ကြောင်း​ ​မြောက်​ကို​ရီး​ယား​က​ ​ပြော​ဆို​ထား​သည်​။​

​တောင်​ကို​ရီး​ယား​ ​ထော​က်​လှမ်း​ရေး​က​မူ​ ​ကင်​၏​ ​တ​ရုတ်​ပြည်​သို့​ ​ ​၅​ ​ရက်​ကြာ​ ​ခ​ရီး​စဥ်​နောက်​ပိုင်း​ ​ကျန်း​မာ​ရေး​ ​ပို​မို​ဆိုး​ရွား​လာ​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ ​သုံး​သပ်​ထား​သည်​။​ ​ယ​ခု​ ​အ​စည်း​အ​ဝေးသည်​ ​မြောက်​ကို​ရီး​ယား​နိုင်ငံ​အ​တွက်​ ​နှစ်​ပေါင်း​ ​၃၀​ ​အ​တွင်း​ ​အ​ကြီး​မား​ဆုံး​ ​ဖြစ်​နိုင်​ပြီး​ ​ကင်​၏​နေ​ရာ​ ​ဆက်​ခံ​သူ​ ​အငယ်​ဆုံး​သား​ ​ကင်​ဂျွန်​အွန်​၏​ ​ခေါင်း​ဆောင်​မှု​ ​လွှဲ​ပြောင်း​ရေး​နှင့်​ ​ဆက်​စပ်​နေ​ဖွယ်​ ​ရှိ​နိုင်​ကြောင်း​ ​သိ​ရ​သည်​။

​ ​ကင်​သည်​ ​လေ​ဖြတ်​ရော​ဂါ​ကို​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ခံ​စား​ရ​ပြီး​ ​နှ​လုံး​ကျန်း​မာ​ရေး​လည်း​ ​မ​ကောင်း​ကြောင်း​ ​တောင်​ကို​ရီး​ယား​ ​သ​တင်းဌာ​န​များ​က​ ခန့်​မှန်း​ဖော်​ပြ​ဖူး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here