ပဥ္စ​မ​မြောက်​ Resident​ Evil​​ ဇာတ်​ကား​​ ​လာ​တော့​မည်

alt

ပဥ္စ​မ​မြောက်​ Resident​ Evil​​ ဇာတ်​ကား​ကို​ ​ရိုက်​ကူး​ရန်​​ ​စီ​စဥ်​နေ​ပြီ​ဟု​ ​သိ​ရ​သည်​။​ Resident​ Evil:​ Afterlife​ ​ဇာတ်​ကား​ ​အ​မေ​ရိ​ကန်​ Box​ Office​၏​ ​ရုံ​၀င်​ကြေး​အ​မြင့်​ဆုံး​ ​နေ​ရာ​ကို​ ​ပိုင်​ဆိုင်​ခဲ့​သည့်​နောက်​ ​

အ​ဓိ​က​ဇာတ်​ဆောင်​ ​မင်း​သ​မီး​ ​မစ်​လာ​ဂျို​ဗို​ဗစ်​က​ Resident​ Evil​ 5​အ​တွက်​ ​အ​ဆင်​သင့်​ ​ဖြစ်​နေ​ပြီ​ဟု​ Vulture​ ​မ​ဂ္ဂ​ဇင်း​သို့​ ​ပြော​ကြား​ခဲ့​သည်​။​

Resident​ Evil​ ဇာတ်​ကား​များ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​ပ​ရိ​သတ်​ ​အား​ပေး​မှု​အ​ဆင့်​ ​အ​မြင့်​ဆုံး​ ​ရုပ်​ရှင်​များ​အ​နက်​ ​အ​ပါ​အ​၀င်​အ​ဖြစ်​ ​ဆက်​လက်​ရပ်​တည်​နေ​ကြောင်း​၊​ ​ယ​ခု​အ​ခါ​ ​နောက်​ထပ်​ ​ဇာတ်​ကား​သစ်​အ​တွက်​ ​စီ​မံ​ကိန်း​ ​ရေး​ဆွဲ​နေ​ပြီ​ဖြစ်​ကြောင်း​ ​ဂျို​ဗို​ဗစ်​က​ ​ပြော​ဆို​သွား​သည်​။​ ​ဇာတ်​ကား​သစ်​တွင်​ Resident​ Evil​ 4​ မှ​ ​ဂျို​ဗို​ဗစ်​နှင့်​ ​တွဲ​ဖက်​သ​ရုပ်​ဆောင်​သူ​ ​အ​လီ​လာ​တာ​လည်း​ ​ဆက်​လက်​ပါ​၀င်​ဖွယ်​ ​ရှိ​နေ​သည်​။​ ​အ​သက်​ ​၃၄​ ​နှစ်​အ​ရွယ်​ ​မင်း​သ​မီး​က​ ​ခင်​ပွန်း​သည်လည်း​ဖြစ်​၊​ Resident​ Evil​ဇာတ်​ကား​များ​ ဒါ​ရိုက်​တာ​လည်း​ဖြစ်​သည့်​ ​ပေါ​အန်​ဒါ​ဆန်​နှင့်​ ​ဇာတ်​ကား​သစ်​အ​တွက်​ ​တိုင်​ပင်​ဆွေး​နွေး​နေ​ဆဲ​ဖြစ်​သည်​။​

​ရော​ဂါ​ပိုး​ကြောင့်​ ​လူ​သား​များ​ ​အ​သွင်​ပြောင်း​ကာ​ ​မိ​စ္ဆာ​များ​အ​သွင်​ ​ဖြစ်​သွား​ခြင်း​အား​ ​နှိမ်​နင်း​တိုက်​ခိုက်​ရ​သည့်​ ​စိတ်​ကူး​ယဥ်​ ​ဇာတ်​လမ်း​သည်​ ရုပ်​ရှင်​အ​နေ​နှင့်​ရော​၊​ ​ဂိမ်း​အ​ဖြစ်​ပါ​ ​အောင်​မြင်​မှု​များ​ ရ​ရှိ​ခဲ့​သည်​။​ Twitter​မှ​တ​ဆင့်​ Resident​ Evil​ ​ပ​ရိ​သတ်​များ​က​ ​နောက်​ထပ်​ဇာတ်​လမ်း​သစ်​များ​ ​ရိုက်​ကူး​ရန်​ ​အား​ပေး​တိုက်​တွန်း​ခဲ့​ကြောင်း​၊​ ​ဇာတ်​ကား​သစ်​အ​တွက်​ ​လို​အပ်​သော​ ​ဇာတ်​ကောင်​များ​ကို​ ​လေ့​လာ​ရွေး​ချယ်​နေ​ဆဲ​ဖြစ်​ကြောင်း​ ​ဂျို​ဗို​ဗစ်​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here