ဂိမ်း​​က​စား​​ခြင်း​သည်​ မှန်​ကန်​သော​ ​ဆုံး​ဖြတ်​ချက်​များ​ ချ​မှတ်ရန်​ ​အ​ထောက်​အ​ကူ​ပြု

alt

လှုပ်​ရှား​မှု​​ ​အ​သား​ပေး​ ​ဂိမ်း​များ​သည်​ ဦး​နှောက်​ကို​ ​အ​လေ့​အ​ကျင့်​ကောင်း​များ​​ ​ဖြစ်​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​​ ​ပြော​ကြား​လိုက်​သည်​။​​ ​အ​သက်​ ​၁၈​ ​နှစ်​မှ​​ ​၂၅​ ​နှစ်​ကြား​ ​ဗီ​ဒီ​ယိုဂိမ်း​​ ​က​စား​သူ​များ​အား​ ​လေ့​လာ​ခဲ့​မှု​အ​ရ​​

​လှုပ်​ရှား​မှု​ ​အ​သား​ပေး​​ ​ဂိမ်း​များ​ကို​ ​က​စား​သည့်​အ​ခါ​​ ​မှန်​ကန်​သော​ ​ဆုံး​ဖြတ်​ချက်​များ​​ ​ပို​မို​ချ​မှတ်​နိုင်​ကြောင်း​​ ​သိ​ရ​သည်​။​

​ဘ​ဝ​သ​ရုပ်​ဖော်​ The​ Sims​ 2​ ​နှင့်​ ​အ​တိုက်​အ​ခိုက်​​ ​အ​ပစ်​အ​ခတ်​ Call​ of​ Duty​ 2​​ ဂိမ်း​နှစ်​ခု​ကို​​ ​ယှဥ်​က​စား​စေ​ပြီး​နောက်​​ ​ရှုပ်​ထွေး​ခက်​ခဲ​သော​​ ​ပု​စ္ဆာ​များ​နှင့်​ ဉာဏ်​ရည်​စမ်း​သ​ပ​်​ခဲ့​သည့်​အ​ခါ​​ ​လှုပ်​ရှား​မှု​ ​အ​သား​ပေး​​ ​ဂိမ်း​ဖြစ်​သော​ Call​ of​ Duty​ 2​​ ကို​ ​က​စား​ခဲ့​သည့်​​ ​အ​ဖွဲ့​က​ ​၂၅​ ​ရာ​ခိုင်​နှုန်း​​ ​အ​ဖြေ​မှန်​နှင့်​ ​ပို​မို​နီး​စပ်​သည်​ကို​​ ​သု​တေ​သီ​များ​က​ ​တွေ့​ရှိ​ခဲ့​သည်​။​​ ​ယင်း​သည်​ ​ဂိမ်း​များ​က​ ဦး​နှောက်​အား​ ​ဆုံး​ဖြတ်​ချက်​မှန်​ကန်​စွာ​​ ​ရွေး​ချယ်​မှု​များ​ ​ပြု​လုပ်​နိုင်​အောင်​​ ​လှုံ့​ဆော်​ပုံ​ ​မ​တူ​ညီ​ခြင်း​အား​​ ​ပြ​သ​နေ​ကြောင်း​ ​န​ယူး​ယောက်​မြို့​ရှိ​​ ​ရို​ချက်​စ​တာ​ ​တ​က္က​သိုလ်​မှ​​ ​ဒေါက်​တာ​ ​ဒက်​ဖ​နီဘာ​ဗာ​လီ​ယာ​က​​ ​ရှင်း​ပြ​ခဲ့​သည်​။​

​ဂိမ်း​များ​သည်​​ ​ပျော်​ရွှင်​မှု​ ​ရ​သ​အ​ပြင်​ ဦး​နှောက်​အား​ လန်း​ဆန်း​တက်​ကြွ​ပြီး​ ဉာဏ်​ရည်​ထက်​မြက်​မှု​​ ​ဖြစ်​ပေါ်​စေ​ကြောင်း​​ ​ဒေါက်​တာ​ဒက်​ဖ​နီ​က​​ ​ပြော​ဆို​သွား​သည်​။​ ဂိမ်း​များ​၏​​ ​သ​ဘော​သ​ဘာ​ဝ​အ​ရ​ ဦး​နှောက်​ကို​​ ​စဥ်း​စား​တွက်​ချက်​မှု​များ​​ ​ပို​မို​အ​သုံး​ချ​ရ​အောင်​​ ​လှုံ့​ဆော်​ပေး​လေ့​ ​ရှိ​သော​ကြောင့်​​ ​ဂိမ်း​သ​မား​များ​သည်​​ ​ဂိမ်း​မ​ဆော့​သူ​များ​ထက်​​ ​သာ​မန်​အား​ဖြင့်​ ​ဖြတ်​ထိုးဉာဏ်​​ အ​သုံး​ချ​ရာ​တွင်​ ​ပို​မို​သာ​လွန်​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here