န​ယူး​ဇီ​လန်င​လျင်​ ​လှုပ်​ခတ်​မှု​အ​ပြီး​ ​မြေ​အောက်​ပြတ်​ရွေ့​ကြော​အသစ်​ ​ဖော်​ထုတ်​တွေ့​ရှိ

alt

စက်​တင်​ဘာ​ ​၄​ ​ရက်​နေ့​က​ ​န​ယူး​ဇီ​လန်​တွင်​ ​လှုပ်​ခတ်​သွား​သည့်​ ​ပြင်း​အား​အ​ဆင့်​ ​​၇.​၁​ ​ရှိ​သော​ င​လျင်​ကြီး​က​ ​ယ​ခင်​က​ ​မှတ်​တမ်း​တင်​နိုင်​ခြင်း​ ​မ​ရှိ​ခဲ့​သည့်​ ​မြေ​အောက်​ပြတ်​ရွေ့​ကြော​ကြီး​ ​တစ်​ခု​ကို​ ​ပ​ညာ​ရှင်​များ​က​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​

​ခ​ရစ်​ချန်​တွင်​ ​ဒေါ်​လာ​ ​၁.​၂​ ​ဘီ​လျံ​ဖိုး​မျှ​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​စေ​ခဲ့​သော​ င​လျင်​ကြီး​နောက်​ပိုင်း​ ​သု​တေ​သ​န​ ​ပြု​လုပ်​မှု​များ​အ​တွင်း​ ​ယ​ခင်​က​ ​မိ​မိ​တို့​ ​မ​သိ​ရှိ​ခဲ့​သည့်​ ​မြေ​လွှာ​ပြတ်​ရွေ့​ကြော​ကြီး​ ​တစ်​ခု​အား​ ​ထောက်​လှမ်း​သိ​ရှိ​ခဲ့​ကြောင်း​ ​ကန်​တာ​ဘာ​ရီ​ ​တ​က္က​သိုလ်​မှ​ ​ဘူ​မိ​ဗေ​ဒ​ ​ပ​ရော်​ဖက်​ဆာ​ ​ဒေါက်​တာ​မတ်​ကွီ​ဂ​လီ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​ချို့​က​မူ​ ​လွန်​ခဲ့​သော​ ​၁၂​ ​နှစ်​ခန့်​က​တည်း​က​ ​ပြင်း​အား​မြင့်​ င​လျင်​များ​ ​ဖြစ်​ပေါ်​စေ​နိုင်​သည့်​ ​ယင်း​ပြတ်​ရွေ့​ကြီး​အား​ ​တွေ့​ရှိ​ခဲ့​သော်​လည်း​ ​စ​နစ်​တ​ကျ​ ​မှတ်​တမ်း​တင်​ရန်​ ​ပျက်​ကွက်​ခဲ့​ခြင်း​ဟု​ ​ပြော​ဆို​နေ​ကြ​သည်​။​ နှစ်​ပေါင်း​ ​၈၀​ ​အ​တွင်း​ ​အ​ဆိုး​ရွား​ဆုံး​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​စေ​ခဲ့​သော်​လည်း​ ​သေ​ဆုံး​သူ​ ​တစ်ဦး​မျှ​ ​မ​ရှိ​ကြောင်း​ ​န​ယူး​ဇီ​လန်​ ​အာ​ဏာ​ပိုင်​များ​က​ဆို​သည်​။​

​ခ​ရစ်​ချန်​တွင်​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​ခြင်း​အား​ ​ရှင်း​လင်း​ရန်​နှင့်​ ​ငြိမ်​ဝပ်​ပိ​ပြား​ရေး​ ​အ​ခြေ​အ​နေ​တို့​အ​တွက်​ ​စစ်​တပ်​များ​ကို​ ​ပို့​လွှတ်​ထား​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ န​ယူး​ဇီ​လန်​သည်​ ​ပ​ထ​ဝီ​ ​အ​နေ​အ​ထား​အ​ရ​ ​က​မ္ဘာ့​အ​ကြီး​မား​ဆုံး​ င​လျင်​ရပ်​ဝန်း​ကြီး​ ​တစ်​ခု​တွင်​ ​ကျ​ရောက်​လျက်​ရှိ​ပြီး​ ​မ​ကြာ​ခ​ဏ​ ​အင်​အား​ပြင်း​ထန်​သော​ င​လျင်​များ​နှင့်​ ​ကြံု​တွေ့​ရ​သော်​လည်း​ ​ထိ​ခိုက်​ပျက်​စီး​မှု​ ​နည်း​ပါး​လေ့​ရှိ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here