​ပြည်​သို့​ ​ဂျံု​တင်​ပို့​မှု​ ​​ဆက်​လက်​ ပိတ်​ပင်ရန်​​ ရု​ရှားဆုံး​ဖြတ်

alt

ရု​ရှား​နိုင်ငံ​က​ ​ပြည်​ပ​သို့​ ​ဂျံု​တင်​ပို့​မှု​အား​ ​ဆက်​လက်​ပိတ်​ပင်​ရန်​ ​ဆုံး​ဖြတ်​ခဲ့​ခြင်း​ကြောင့်​ ​က​မ္ဘာ့​ေ​ဈး​ကွက်​တွင်​ ​ဂျံု​ေ​ဈး​နှုန်း​များ​ ​ဆက်​လက်​မြင့်​တက်​နေ​ဖွယ်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​

လေ့​လာ​သူ​များ​က​ ​က​မ္ဘာ့​အ​ကြီး​မား​ဆုံး​ ​ဂျံု​တင်​ပို့​သည့်​ ​နိုင်ငံ​တစ်​ခု​ဖြစ်​သည့်​ ​ရု​ရှား​၏​ ​ပိတ်​ပင်​မှု​သည်​ ​က​မ္ဘာ့ငတ်​မွတ်​ခေါင်း​ပါး​မှု​ ​အ​ခြေ​အ​နေ​ကို​ပင်​ ​ပို​မို​ဆိုး​ရွား​သွား​စေ​နိုင်​ကြောင်း​ ​သုံး​သပ်​ခဲ့​သည်​။​ ​ရု​ရှား​ဝန်​ကြီး​ချုပ်​ ​ဗ​လာ​ဒီ​မာ​ပူ​တင်​က​ ​ယ​ခု​နှစ်​အ​တွင်း​ ​နိုင်ငံ​၏​ ​ရာ​သီဥ​တု​ ​ဖောက်​ပြန်​ကာ​ ​အ​ပူ​ချိန်​ ​မြင့်​တက်​လာ​ပြီး​ ​ဂျံု​စိုက်​ခင်း​ ​၂၀​ ​ရာ​ခိုင်​နှုန်း​ကျော်​ ​ပျက်​စီး​ခဲ့​သည့်​အ​တွက်​ ​ပြည်​တွင်း​ဖူ​လုံ​မှု​ ​လောက်င​စေ​ရန်​ ​ယာ​ယီ​ပိတ်​ပင်​ထား​သည့်​ ​ဂျံု​တင်​ပို့​မှု​ကို​ ​ဆက်​လက်​ထား​ရှိ​ရန်​ ​အ​တည်​ပြု​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ထို​ပိတ်​ပင်​မှု​တွင်​ ​ဘာ​လီ​၊​ ရိုင်း​ဂျံု​နှင့်​ ​ပြောင်း​တင်​ပို့​မှု​များ​ပါ​ ​အ​ကျံုး​ဝင်​သည်​။​ ​၂၀၀၉​ ​ခု​နှစ်​ ​စာ​ရင်း​များ​အ​ရ​ ​ရု​ရှား​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​ဂျံု​တင်​ပို့​မှု​ ​တ​တိ​ယ​အ​များ​ဆုံး ​နိုင်ငံ​အ​ဖြစ်​ ​ရပ်​တည်​ခဲ့​သည်​။​ ​

က​မ္ဘာ့​ေ​ဈး​ကွက်​တွင်​ ​ရာ​သီဥ​တု​ ​ဖောက်​ပြန်​မှု​များ​ကြောင့်​ ​သီး​နှံ​တင်​ပို့​မှု​ ​လျော့​ကျ​ခြင်း​နှင့်​အ​တူ​ ​ေ​ဈး​နှုန်း​များ​လည်း​ တ​ရိပ်​ရိပ်​ ​တက်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ပြီး​ခဲ့​သည့်​ ​လ​ပိုင်း​အ​တွင်း​က​ ​ရု​ရှား​အ​လယ်​ပိုင်း​တွင်​ ​အ​ပူ​လွန်​ကဲ​ပြီး​ ​တော​မီး​များ​ ​လောင်​ကျွမ်း​ခဲ့​ရာ​ သီး​နှံ​စိုက်​ခင်းဧ​က​ ​အ​မြောက်​အ​မြား​ ​ပျက်​စီး​ခဲ့​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here