လိင်​သာ​ယာ​မှု​ အ​တွက်​ ​ပို​မို​ အ​နှစ်​သာ​ရ​ရှိ​သော​ ​အ​ဓိ​ပ္ပါယ်​ ​ရှာ​ဖွေသင့်​ဟု​ ​ပ​ညာ​ရှင်​များ​ တိုက်​တွန်း

alt

လိင်​သာ​ယာ​မှု​ကို​ ​ရှာ​ဖွေ​ရာ​တွင်​ ​စုံ​တွဲ​များ​အ​နေ​နှင့်​ ​မ​အ​င်္ဂါ​အ​တွင်း​ ​ဖို​အ​င်္ဂါ​ကို​ ​ထိုး​သွင်း​ခြင်း​ထက်​ ​ပို​မို​အ​နှစ်​သာ​ရ​ရှိ​သော​ ​အ​ဓိ​ပ္ပါယ်​ကို​ ​ရှာ​ဖွေ​သင့်​ကြောင်း​ ​လိင်​ကျန်း​မာ​ရေး​ ​ပ​ညာ​ရှင်​များ​က​ ​တိုက်​တွန်း​ပြော​ကြား​သွား​သည်​။

​ ​သို့​သော်​လည်း​ ​အ​များ​စု​သည်​ ​လိင်​မှု​ကိ​စ္စ​ဆို​လျင်​ ​ယင်း​ထိုး​သွင်း​မှု​ကို​သာ​ ​အ​လေး​ထား​ ​မြင်​ယောင်​နေ​ကြောင်း​ ​စ​င်္ကာ​ပူ​နိုင်ငံ​၏​ ​နာ​မည်​ကြီး​ ​လိင်​ပ​ညာ​ပေး​ဌာ​န​ Eros​ Coaching​မှ​ ​ဒေါက်​တာ​မာ​သာ​လီ​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​မျိုး​သား​အ​များ​စု​သည်​ ​မိ​မိ​၏​ ​လိင်​ဆက်​ဆံ​ဖက်​အ​နေ​နှင့်​ ​လိင်​တံ​မာ​ကျော​သန်​မာ​နေ​ခြင်း​ဖြင့်​ ​ဆက်​ဆံ​ရန်​သာ​ ​ကြိုး​စား​နေ​ကြောင်း​၊​ ​ထို​အ​ခြေ​အ​နေ​သည်​သာ​ ​ပြည့်​၀​သော​ ​လိင်​ဖျော်​ဖြေ​မှု​ကို​ ​ပေး​နိုင်​မည်​ဟု​ ​မိ​မိ​မ​ယုံ​ကြည်​ကြောင်း​ ​မာ​သာ​က​ဆို​သ​ည်​။​

​မည်​သို့​ပင်​ဖြစ်​စေ​ ​တစ်​က​မ္ဘာ​လုံး​က​ ​လိင်​ဆက်​ဆံ​မှု​ကို​ ​အ​ဓိ​ပ္ပါယ်​ဖွင့်​ဆို​ရာ​တွင်​ ​ထိုး​သွင်း​မှု​ (Penetration)​ကို​သာ​ အ​ဓိ​က​ထား​ ​ဖော်​ပြ​နေ​ကြောင်း​လည်း​ ​မာ​သာ​က​ ​ဝန်​ခံ​ခဲ့​သည်​။​ ထို့​ကြောင့်​လည်း​ ​အ​မျိုး​သား​များ​သည်​ ​မိ​မိ​တို့​၏​ ​လိင်​အ​င်္ဂါ​ ​ထောင်​မတ်​ခြင်း​ ​မ​ရှိ​သည့်​အ​ခါ​ ​ကြောက်​စိတ်​မွှန်​ ​က​ယောင်​ခြောက်​ခြား​ ​ဖြစ်​မှု​မျိုး​ ​ကြံု​ရ​တတ်​သ​လို​ ​ဆေး​ဝါး​များ​ ​တ​ရား​လွန်​ ​သုံး​စွဲ​ကာ​ ​မာ​ရ​သွန်​ခ​ရီး​ရှည်​ကြီး​ကို​ ​ဖြတ်​သန်း​ရ​န်​အ​တင်း​ကြိုး​ပမ်း​ကြ​ကြောင်း​ ​မာ​သာ​က​ ​ထောက်​ပြ​သွား​သည်​။​

လူ​သား​များ​ လိင်​ဆက်​ဆံ​ခြင်း​ ​အ​လေ့​အ​ထ​တွင်​ ​အ​မျိုး​သား​များ​သည်​ ​မိ​မိ​ကိုယ်​ကိုယ်​ ​စက်​ကိ​ရိ​ယာ​ ​တစ်​ခု​လို​ ​ထင်​မှတ်​နေ​ခြင်း​မှာ​ ​မှား​ယွင်း​ကြောင်း​၊​ ​အ​လွန်​အ​ကျွံ​ ​ကာ​လ​ရှည်​ကြာ​အောင်​ ​လိင်​ဆက်​ဆံ​နိုင်​ခြင်း​ ​မ​ရှိ​မည်​ကို​ ​စိုး​ရိမ်​ရန်​ ​မ​လို​ကြောင်း​လည်း​ ​သူ​မ​က​ဆို​သည်​။​ လိင်​ဆက်​ဆံ​ရာ​တွင်​ ​အ​မျိုး​သား​နှင့်​ ​အ​မျိုး​သ​မီး​နှစ်ဦး​ ​နား​လည်​မှု​ရှိ​ရှိ​ ​ထိ​တွေ့​ဖ​လှယ်​ခြင်း​သည်​ ​လိင်​အ​င်္ဂါ​ချင်း​ ​ထိုး​သွင်း​ထိ​တွေ့​မှု​ ​မ​ပါဝင်​သည့်​တိုင်​ ​ပြည့်​ဝသော​ ​စိတ်​ကျေ​နပ်​ ​သာ​ယာ​မှု​ကို​ ​ပေး​စွမ်း​နိုင်​မည်​ဖြစ်​ကြောင်း​ ​မာ​သာ​က​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here