ထိတွေ့မှုအာရုံခံစားနိုင်သည့် အရေပြားတု အမေရိကန်သုတေသန ပညာရှင်များ တီထွင်နေ

alt

အ​မေ​ရိ​ကန်​မှ​ သု​တေ​သ​န​ ​ပ​ညာ​ရှင်​များ​သည်​ ​ထိ​တွေ့​မှု​များ​ကို​ ​အာ​ရုံ​ခံ​စား​နိုင်​သည့်​ ​အ​ရေ​ပြား​တု​ ​တစ်​မျိုး​အား​ ​တီ​ထွင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​လူ့​အ​ရေ​ပြား​နှင့်​ ​အ​လွန်​တူ​ညီ​စွာ​ ​ဖန်​တီး​ထား​သည့်​ ​ယင်း​အ​ရေ​ပြား​တု​သည်​ ​အ​နာ​ဂတ်​ကာ​လ​ ​စက်​ရုပ်​ခြေ​တု​၊

​ ​လက်​တု​များ​ ​ဖန်​တီး​ရာ​တွင်​ ​အလွန်​ကြီး​မား​သော​ ​အ​ပြောင်း​အ​လဲ​တစ်​ခု​ ​ဖြစ်​လာ​နိုင်​ခြေ​ ​ရှိ​နေ​သည်​။​ ​ဓာတ်​ခွဲခန်း​ ​စမ်း​သပ်​မှု​များ​အ​ရ​ ​ယင်း​အ​ရေ​ပြား​တု​သည်​ ​သာ​မန်​လူ့​အ​ရေ​ပြား​က​ ​အာ​ရုံ​ခံ​ ​သိ​ရှိ​နိုင်​သည့်​ ​ဖိ​အား​ပ​မာ​ဏ​ ​အ​မျိုး​မျိုး​ကို​ ​လက်​ခံ​ထောက်​လှမ်း​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ ​ဘိတ်​က​လီ​ရှိ​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​တ​က္က​သိုလ်​မှ​ ​ပ​ညာ​ရှင်​များ​က​ ​ယင်း​တို့​ဖန်​တီး​ထား​သည့်​ ​အ​ရေ​ပြား​တု​ကြောင့်​ ​လူ​သား​၏​ ​ခြေ​လက်​အ​စစ်​နှင့်​ ​တူ​ညီ​ပြီး​ ​အာ​ရုံ​ခံ​ ​ထိ​တွေ့​မှု​ကို​ပါ​ ​ခံ​စား​သိ​ရှိ​စေ​မည့်​ ​ခြေ​တု​၊​ ​လက်​တု​များ​ ​ဖန်​တီး​နိုင်​မည်​ဟု​ ​ယုံ​ကြည်​နေ​ကြ​သည်​။

​ e-skin​ ​ဟု​ ​အ​မည်​ပေး​ထား​သော​ ​အ​ရေ​ပြား​တု​နှင့်​ ​ပတ်​သက်​ပြီး​ ​ကွန်​ပျူ​တာ​သိ​ပ္ပံ​ ​ပ​ညာ​ရှင်​ ​တစ်ဦး​ဖြစ်​သော​ ​အ​လီ​ဂျာ​ဗေး​က​ ​ဝိုင်​အ​ရက်​ခွက်​ကို​ ​မ​ကွဲ​မ​ရှ​အောင်​ ​ကိုင်​တွယ်​နိုင်​မ​ည့်​ ​လက်​တု​မျိုး​ ​မိ​မိ​တို့​ ​ဖန်​တီး​ရန်​ ​ရည်​ရွယ်​ထား​ကြောင်း​၊​ ​အာ​ရုံ​ခံ​စား​မှု​များ​ကို​ ​အ​လွန်​အ​နု​စိတ်​စွာ​ ​သိ​ရှိ​နိုင်​မည့်​ ​အ​နေ​အ​ထား​မျိုး​ ​ကြိုး​စား​နေ​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​သွား​သည်​။

​ ​မျိုး​စပ်​နည်း​ပ​ညာ​သုံး​ ​အ​ရေ​ပြား​တု​ ​အ​ကျယ်​ ​၄၉​ ​စ​တု​ရန်း​စင်​တီ​မီ​တာ​သည်​ ​၀​ ​မှ​ ​၁၅​ ​ကီ​လို​ပါ​စ​ကယ်​ကြား​ ​ဖိ​အား​ကို​ ​ခံ​စား​သိ​ရှိ​နိုင်​သည်​။​ ​ယင်း​အ​နေ​အ​ထားသည်​ ​လူ​တစ်ဦး​ ​ပ​စ္စည်း​တစ်​ခု​ခု​ကို​ ​ကိုင်​တွယ်​ခြင်း​နှင့်​ ​ကွန်​ပျူ​တာ​ ​ကီး​ဘုတ်​တွင်​ ​စာ​ရိုက်​ခြင်း​တို့​တွင်​ ​ဖြစ်​ပေါ်​သော​ ​ဖိ​အား​ထိ​တွေ့​မှု​နှင့်​ ​တူ​ညီ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here