ဖိ​လစ်​ပိုင်​ဘတ်စ်​ကား​ ​အ​ပိုင်​စီး​မှု​ အ​တွင်​း​ ​လူ​မှား ပစ်​ခတ်​ခြင်း​များ​ ရှိ​ခဲ့​ကြောင်း​ ​ရဲ​တပ်​ဖွဲ့ဝန်​ခံ

alt

ဖိ​လစ်​ပိုင်​နိုင်ငံ​၊​ ​မ​နီ​လာ​မြို့​တော်​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​နိုင်ငံ​ခြား​သား​များ​ ​တင်​ဆောင်​လာ​သော​ ​ဘတ်စ်​ကား​အ​ပိုင်​စီး​မှု​ကြီး​အ​တွင်း​ ​မိ​မိ​တို့အ​နေ​နှင့်​ ​လူ​မှား​ပစ်​ခတ်​မှု​များ​ ​ရှိ​ခဲ့​သည့်​ ​အ​ခြေ​အ​နေ​မျိုး​များ​ ​တွေ့​ရ​ကြောင်း​ ​ဖိ​လစ်​ပိုင်​ ​ရဲ​တပ်​ဖွဲ့​က​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​

ဩ​ဂုတ်​လ​ ​၂၃​ ​ရက်​နေ့​က​ ​ဟောင်​ကောင်​နိုင်ငံ​သား​ ​အ​များ​စု​ ​ပါဝင်​သော​ ​ဘတ်စ်​ကား​ကို​ ​ရဲ​ဝန်​ထမ်း​ဟောင်း​ ​တစ်ဦး​က​ ​လက်​နက်​ကိုင်​ ​စီး​နင်း​ခဲ့​သည့်​ ​ကိ​စ္စ​အား​ ​ဖိ​လစ်​ပိုင်​ရဲ​များ​က​ ​ကိုင်​တွယ်​ပုံ​ ​ညံ့​ဖျင်း​ခဲ့​ရာ​ ​ဟောင်​ကောင်​သား​ ​၈​ ဦး​​ သေ​ဆုံး​ပြီး​ ​၇​ ဦး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သည်​။​ တ​ရား​ရေး​ဝန်​ကြီး​ ​လီ​လာ​ဒီ​လီ​မာ​က​ ​ယင်း​ဖြစ်​စဥ်​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သော​ ​ဟောင်​ကောင်​ ​ခ​ရီး​သည်​ ​အ​ချို့​မှာ​ ​ဖိ​လစ်​ပိုင်​ရဲ​များ​၏​ ​ကျည်​ဆန်​ထိ​မှန်​ခဲ့​သည်​ဆို​သော​ ​အ​ချက်​မှာ​ ​မှန်​ကန်​ရန်​ ​ရာ​ခိုင်​နှုန်း​ ​အ​တော်​များ​ကြောင်း​လည်း​ ​သုံး​သပ်​ပြော​ဆို​သွား​သည်​။

​ ​မှု​ခင်း​ဆိုင်​ရာ​ ​ဆေး​ပ​ညာ​ ​စစ်​ဆေး​မှု​များ​နှင့်​ ​အ​သက်​ရှင်​ ​လွတ်​မြောက်​လာ​သူ​ ​ဘတ်စ်​ကား​ဒ​ရိုင်​ဗာ​ ​အယ်​ဘာ​တို​လူ​ဘန်း​တို့​ ထွက်​ဆို​ချက်​များ​အ​ရ​ ​မှား​ယွင်း​ပစ်​ခတ်​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​ကြောင်း​ ​ယုံ​ကြည်​ရ​ဖွယ်​ ​ရှိ​နေ​သည်​ဟု​ ​ဒီ​လီ​မာ​က​ ​ပြော​ကြား​သွား​သည်​။​ ​သို့​သော်​လည်း​ ​ယင်း​က​ ​ဖိ​လစ်​ပိုင်​ရဲ​များ​ ​ကိုင်​တွယ်​သည့်​ M-16​ ​သေ​နတ်​များ​သည်​ ​အ​နီး​ကပ်​ ​အ​နေ​အ​ထား​ဖြင့်​ ​ပစ်​ခတ်​ခဲ့​ရ​ခြင်း​ဖြစ်​ပြီး​ ​လွဲ​ချော်​မှု​များ​ ​ရှိ​သွား​နိုင်​သည့်​တိုင်​ ​ဓား​စာ​ခံ​များ​ကို​ ​ကယ်​ဆယ်​နိုင်​ရန်​ ​အ​ဓိ​က​ ​ရည်​ရွယ်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ကာ​ကွယ်​ပြော​ကြား​ထား​သည်​။

​ဟောင်​ကောင်​တွင်​မူ​ ဖိ​လစ်​ပိုင်​ရဲ​များ​၏​ ​ကိုင်​တွယ်​ပုံ​ ​ညံ့​ဖျင်း​မှု​ကို​ ​မ​ကျေ​နပ်​သည့်​ ​ဆ​န္ဒ​ပြ​မှု​များ​ ​ပေါ်​ပေါက်​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here