ဂျပန်နိုင်ငံက ဖမ်းဆီးထားသည့် တရုတ်ငါးဖမ်းလှေ လုပ်သားများအား ပြန်လွှတ်ပေး

alt

ဂျ​ပန်​နိုင်ငံ​သည်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​တည်း​က​ ​ဖမ်း​ဆီး​ထား​သည့်​ ​တ​ရုတ်ငါး​ဖမ်း​လှေ​ ​လုပ်​သား​များ​အား​ ​ပြန်​လွှတ်​ပေး​လိုက်​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​

စက်​တင်​ဘာ​ ​၁၃​ ရက်​နေ့​ ​နံ​နက်​ပိုင်း​က​ ​သ​င်္ဘော​သား​ ​၁၄​ ဦး​တို့​သည်​ ​လေ​ယာဥ်​ခ​ရီး​စဥ်​ဖြင့်​ ​တ​ရုတ်​သို့​ ​ပြန်​လည်​ထွက်​ခွာ​နိုင်​ခဲ့​ကြောင်း​ ​တို​ကျို​မြို့​၊​ ​တ​ရုတ်​သံ​ရုံး​က​ ​အ​တည်​ပြု​ခဲ့​သည်​။​​ ​သ​င်္ဘော​သား​များ​သည်​ ​စက်​တင်​ဘာ​ ​၇​ ​ရက်​နေ့​က​ ​ပိုင်​ဆိုင်​မှု​ ​အ​ငြင်း​ပွား​နေ​သည့်​ ​ရေ​ပြင်​တွင်​ ငါး​ဖမ်း​နေ​စဥ်​ ​ဂျ​ပန်​ကမ်း​ခြေ​စောင့်​တပ်​ ​ရေ​ယာဥ်​နှစ်​စင်း​က​ ​ဖမ်း​ဆီး​မှု​ကို​ ​ခံ​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​

​တ​ရုတ်​နိုင်ငံ​က​ ​ဂျ​ပန်​သံ​အ​မတ်​ကြီး​ ​ယူ​ချီ​ရို​နီ​ဝါ​အား​ ​ယင်း​နေ​ရာ​သည်​ ​ဂျ​ပန်​ကမ်း​ခြေ​ထက်​ ​ထိုင်​ဝမ်​နှင့်​ ​ပို​မို​နီး​ကပ်​ကြောင်း​ ​ကန့်​ကွက်​ပြော​ဆို​ခဲ့သ​လို​ ​ရေ​ယာဥ်​အ​လုပ်​သ​မား​များ​အား​ ​ပြန်​လွှတ်​ပေး​ရန်​ ​တောင်း​ဆို​ခဲ့​သည်​။​ ​နှစ်​နိုင်ငံ​ ​ညှိ​နှိုင်း​မှု​များ​ ​စက်​တင်​ဘာ​ ​၁၂​ ​ရက်​နေ့​က​ ​အ​ပြီး​သတ်​ ​ပြု​လုပ်​ခဲ့​ပြီး​နောက်​ ​ဂျ​ပန်​အာ​ဏာ​ပိုင်​များ​က​ ​ပြည်​သူ့​လုံ​ခြံု​ရေး​ ​ထိ​ပါး​မှု​ဖြင့်​ ​စွဲ​ချက်​တင်​ရန်​ ​စီ​စဥ်​ထား​သော​ ငါး​ဖမ်း​လှေ​ ​က​ပ္ပ​တိန်​နှင့်​ ​ရေ​ယာဥ်​လုပ်​သား​ ​အား​လုံး​ကို​ ​ပြန်​လွှတ်​ပေး​ခဲ့​သည်​။​

သ​င်္ဘော​သား​များ​ကို​ ​လေ​ယာဥ်​ဖြင့်​ ​တ​ရုတ်​ပြည်​သို့​ ​ပို့​ဆောင်​လိုက်​သ​လို​ ငါး​ဖမ်း​လှေ​ကို​လည်း​ ​အ​စား​ထိုး​ထား​သည့်​ ​အ​ဖွဲ့​ဝင်​များ​နှင့်​ ​တ​ရုတ်​သို့​ ​ပြန်​လည်​ပို့​ဆောင်​ပေး​မည်​ဟု​ ဂျ​ပန်​က​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​အ​ငြင်း​ပွား​မှု​ ​ဖြစ်​ပွား​ရာ​ ​ရေ​ပြင်​နေ​ရာ​ကို​ ​ဂျ​ပန်​က​ ​ဆန်​ကာ​ကူ​ဟု​ခေါ်​ပြီး​ ​တ​ရုတ်​က​ ​ဒိုင်​အို​ယူ​ဟု​ ​အ​မည်​ပေး​ထား​သည်​။​ ​ယင်း​ေ​ဒ​သ​ကို​ ​ဂျ​ပန်​က​ ​ထိန်း​ချုပ်​ထား​သော်​လည်း​ ​ထိုင်​ဝမ်​ရော​၊​ ​တ​ရုတ်​က​ပါ​ ​မိ​မိ​တို့​ ​ပိုင်​ဆိုင်​ကြောင်း​ ​တောင်း​ဆို​နေ​ဆဲ​ဖြစ်​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here