အီတလီဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ဖာရာရီအသင်း အောင်ပွဲခံ

alt

နာ​မည်​ကျော်​ ​အီ​တ​လီ​မော်​တော်​ယာဥ်​ ​လုပ်ငန်း​စု​ကြီး​ ​ဖာ​ရာ​ရီ​သည်​ ​မွေး​ရပ်​နိုင်ငံ​တွင်​ ​ကျင်း​ပ​သည့်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ဂ​ရင်း​ပ​ရီ​ ​ကား​မောင်း​ပြိုင်​ပွဲ​တွင်​ ​အောင်​ပွဲ​ခံ​နိုင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ဖာ​ရာ​ရီ​ ​အ​သင်း​၏​ ​စပိန်​ကား​မောင်း​သ​မား​ ​ဖာ​နန်​ဒို​ ​အ​လွန်​ဆို​က​ ​စက်​တင်​ဘာ​ ​၁၂​ ​ရက်​နေ့​ ​ပြိုင်​ပွဲ​တွင်​ ​ပ​ထ​မ​ရ​ခဲ့​ပြီး​ ​ဖာ​ရာ​ရီ​အ​သင်း​အ​တွက်​ ​အ​မိ​မြေ​တွင်​ ​ဂုဏ်​တက်​အောင်​ ​စွမ်း​ဆောင်​ပေး​နိုင်​ခဲ့​သည်​။​ ​အ​လွန်​ဆို​သည်​ ​ပွဲ​အ​စ​ပိုင်း​တွင်​ ​ဂျန်​ဆန်​ဘက်​တန်​နောက်​မှ​လိုက်​ကာ​ ​ယှဥ်​ပြိုင်​ခဲ့​ရ​သော်​လည်း​ ​ဆီ​ဖြည့်​ရပ်​နား​ရာ​တွင်​ ​၂.​၉​ ​စ​က္ကန့်​သာ​ ​ကြာ​ခဲ့​သည့်​အ​တွက်​ ​မက္က​လာ​ရင်​အ​သင်း​ ​ကား​မောင်း​သ​မား​အား​ ​ကျော်​ဖြတ်​နိုင်​ခဲ့​သည်​။​ ​ထို​နိုင်​ပွဲ​ကြောင့်​ ​ဖော်​မြူ​လာ​ဝမ်း​ ​ပြိုင်​ပွဲ​တွင်​ ​ဖာ​ရာ​ရီ​အ​သင်း​သည်​ ​သ​ရ​ဖူ​လု​ပွဲ​အ​တွက်​ ​ပြန်​လည်​အ​သက်​ဝင်​လာ​ခဲ့​ပြီ​ဖြစ်​သည်​။​ ​တစ်ဦး​ချင်း​စီ​ ​အ​မှတ်​ပေး​မှု​တွင်​ ​မတ်​ဝက်​ဘာ​က​ ဦး​ဆောင်​နေ​ဆဲ​ဖြစ်​ပြီး​ ​ဝက်​ဘာ​သည်​ ​အီ​တ​လီ​ ​ ​ဂ​ရင်း​ပ​ရီ​တွင်​ ​ဆ​ဌ​မ​နေ​ရာ​မှ​ ​ပန်း​ဝင်​ခဲ့​သည်​။​

​ပြိုင်​ပွဲ​စ​ပြီး​ ​ပ​ထ​မ​ဆုံး​ Lap​ ​တွင်​ပင်​ ​ကား​ပျက်​သွား​သည့်​ ​ဗြိ​တိန်​သား​ ​လီး​ဝစ်​ဟယ်​မီ​တန်​မှာ​မူ​ ​ဝက်​ဘာ​၏​နောက်​ ​ဒု​တိ​ယ​နေ​ရာ​မှ​ ​၅​ ​မှတ်​အ​ကွာ​ ​၁၈၂​ ​မှတ်​ဖြင့်​ ​တန်း​စီ​နေ​သည်​။​ ​အ​လွန်​ဆို​က​မူ​ ​၁၆၆​ ​မှတ်​ဖြင့်​ ​တ​တိ​ယ​ဖြစ်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​အီ​တ​လီ​ ​ဂ​ရင်း​ပ​ရီ​တွင်​ ​ဖာ​ရာ​ရီ​မှ​ ​နောက်​ထပ်​ပြိုင်​ပွဲ​ဝင်​ ​တစ်ဦး​ဖြစ်​သော​ ​ဖိ​လစ်​ပီ​မက်​ဆာ​က​ ​တ​တိ​ယ​ဖြင့်​ ​ပန်း​ဝင်​ခဲ့​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here