​​ရှေး​ခေတ်​ ဥ​ရော​ပ​တွင်​ ​နေ​ထိုင်​ခဲ့​သူ​တို့​ ​လူ​သား​စား​ခြင်း​ ​အ​လေ့​အ​ထ​ ​ရှိ​ကြောင်း​ ​ဖော်​ထုတ်​သိ​ရှိ

alt

လွန်​ခဲ့​သော​ ​နှစ်​ပေါင်း​ ​ရှစ်​သိန်း​ကျော်​က​ ဥ​ရော​ပ​တွင်​ ​အ​ခြေ​ချ​ ​နေ​ထိုင်​ခဲ့​သည့်​ ​ရှေးဦး​လူ​သား​များ​တွင်​ ​လူ​သား​စား​ခြင်း​ ​အ​လေ့​အ​ထ​သည်​ ​အ​ထူး​အ​ဆန်း​ ​မ​ဟုတ်​ကြောင်း​ ​သု​တေ​သီများ​က​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​

​စ​ပိန်​ရှိ​ ​ရှေး​ဟောင်း​ကျောက်​ဂူ​ ​တစ်​ခု​တွင်​ ​တွေ့​ရှိ​ခဲ့​သည့်​ ​သဲ​လွန်​စ​များ​အ​ရ​ ​ရိ​က္ခာ​နည်း​ပါး​သည့်​ ​အ​ချိန်​များ​တွင်​ လူ့​အ​သား​သည်​ ​ထို​စဥ်​က​ ​လူ​တို့​၏​ ​နေ့​စဥ်​အ​စား​အ​သောက်​တစ်​ခု​ဟု​ပင်​ ​မှတ်​ယူ​နိုင်​မည်​ဟု​ ​သိ​ရ​သည်​။​ ​ဂ​ရန်​ဒို​လီ​နာ​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​ဂူ​ထဲ​တွင်​ ​ရှေး​ခေတ်​ကျောက်​လက်​နက်​များ​နှင့်​ ​အ​ရိုး​စု​များ​အား​ ​တွေ့​ရှိ​ခဲ့​ရ​ပြီး​ ​ပြောင်​များ​၊​ ​သ​မင်​များ​၊​ ​သိုး​များ​နှင့်​ ​အ​ခြား​သော​ ​တိ​ရ​စ္ဆာန်​များ​၏​ ​အ​ရိုး​များ​အ​ပြင်​ ​အ​နည်း​ဆုံး​ ​လူ့​အ​ရိုး​စု​ ​၁၅​ ​ခု​တို့​ကို​ပါ​ ​စား​ကြွင်း​စား​ကျန်​များ​အ​ဖြစ်​ ​တွေ့​ရှိ​ရ​သည်​။​

​ယင်း​အ​ရိုး​များ​သည်​ ​က​လေး​နှင့်​ ​မြီး​ကောင်​ပေါက်​အ​ရွယ်​တို့​၏​ ​အ​ရိုး​များ​ဖြစ်​ပြီး​ ​သတ်​ဖြတ်​စား​သောက်​ခြင်း​ ​ခံ​ထား​ရ​ကြောင်း​ ​စ​ပိန်​နိုင်ငံ​၊​ ​ဘာ​ဂိုး​ရှိ​ ​လူ​သား​ဆင့်​ကဲ​ဖြစ်​စဥ်​ ​အ​မျိုး​သား​ ​သု​တေ​သ​န​ ​ဌာ​န​မှ​ ​ဒေါက်​တာဟို​ဆေး​မာ​ရီ​ယာ​ ​ဘာ​မြူ​ဒက်​​ ဒီ​ကက်​စ​ထ​ရို​က​ ​ပြော​ကြား​သွား​သည်​။​ ထို​စဥ်​က​ ​လူ​သား​စား​ပြီး​နောက်​ ​လူ့​အ​ရိုး​များ​ကို​ ​ချဥ်​ဆီ​စုပ်​ခဲ့​ကြောင်း​၊​ ​အ​သတ်​ခံ​ရ​သူ​များ​အ​နက်​ ​အ​ချို့​သည်​ ဦး​ခေါင်း​ကို​ဖောက်​ပြီး​ ဦး​နှောက်​ထုတ်​စား​ထား​သည်​ကို​ပါ​ ​တွေ့​ရှိရ​ကြောင်း​ ​ဘာ​မြူ​ဒက်​ ​ဒီ​ကက်​စ​ထ​ရို​က​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​ထို​စဥ်​က​ ​လူ​နေ​မှု​သည်​ ​အလွန်​ကြမ်း​တမ်း​ ​ရိုင်း​စိုင်း​ခဲ့​ဖွယ်​ရှိ​ပြီး​ ​တိ​ရိ​စ္ဆာန်​ ​အ​ရိုး​များ​နှင့်​ ​လူ့​အ​ရိုး​များ​ကို​ ​အ​တူ​ပေါင်း​ပြီး​ ​စွန့်​ပစ်​ထား​ခြင်း​က​ ​လူ့​အ​သား​ကို​ ​စား​ခဲ့​ကြောင်း​ ​ပို​မို​ထင်​ရှား​စေ​သည်​ဟု​ ​ရှင်း​ပြ​ခဲ့​သည်​။​

သို့​သော်​လည်း​ ​အ​နီး​ဝန်း​ကျင်​ ​ကျောက်​ဂူ​များ​သည်​ ​အ​စား​အ​သောက်​ ​ရင်း​မြစ်​များ​ ​ပေါ​များ​ဖွယ်​ ​ရှိ​နေ​သော​ကြောင့်​ ​မ​ကြာ​ခ​ဏ​ ​လူ​များ​ကို​ ​သတ်​ဖြတ်​ခြင်း​ ​မ​ရှိ​ဘဲ​ ​အ​ဆိုး​ဆုံး​ ​ရိ​က္ခာ​ပြတ်​သည့်​ ​အ​ခါ​များ​တွင်​ ​ယင်း​နည်း​လမ်း​ကို​ ​သုံး​စွဲခဲ့​ဟန်​ရှိ​ကြောင်း​လည်း​​ ​ဘာ​မြူ​ဒက်​ ​ဒီ​ကက်​စ​ထ​ရို​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​ထို​သို့​သော​ ​အ​ချိန်​မျိုး​တွင်​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ကာ​ကွယ်​နိုင်​စွမ်း​ ​နည်း​ပါး​သည့်​ ​က​လေး​များ​မှာ​ ​အ​ဓိ​က​ ​သား​ကောင်​ဖြစ်​ခဲ့​ဟန်​ရှိ​ကြောင်း​လည်း​ ​သု​တေ​သီ​များ​က​ ​သုံး​သပ်​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here