စ​ပိန်​နိုင်ငံ​တွင်​ ​အ​ပိုင်း​ပိုင်း​ခုတ်​ထစ်​ ​အ​သတ်​ခံ​ထား​ရ​သည့်​ ​အ​မေ​ရိ​ကန်​ အ​မျိုး​သ​မီး​ ​အ​လောင်း​တွေ့​ရှိ

alt

စ​ပိန်​နိုင်ငံ​ ​တောင်​ပိုင်း​ရှိ​ ​ဆီ​ဗီး​လား​မြို့​တွင်​ ​အ​ပိုင်း​ပိုင်း​ခုတ်​ထစ်​ ​ခံ​ထား​ရ​သည့်​ ​အ​မေ​ရိ​ကန်​ ​အ​မျိုး​သ​မီး​တစ်ဦး​၏​ ​ရုပ်​အ​လောင်း​အား​ ​ရှာ​ဖွေ​တွေ့​ရှိခဲ့​သည်​။​

​ဆီ​ဗီး​လား​မြို့​အ​နီး​ရှိ​ ​ဂူ​ဒါ​ကွီ​ဗာမြစ်​အ​တွင်း​မှ​ ​န​ယူး​ယောက်​မြို့​ဖွား​ ​အ​မျိုး​သ​မီး​၏​ ​အ​လောင်း​ကို​ ​တွေ့​ရှိ​ခဲ့​ပြီး​နောက်​ သူ​မ​နှင့်​ ​သိ​ကျွမ်း​သော​ ​အ​သက်​ ​၃၀​ ​အ​ရွယ်​ရှိ​ ​စ​ပိန်​အ​မျိုး​သား​ ​တစ်ဦး​ကို​ ​ရဲ​များ​က​ ​ထိန်း​သိမ်း​ထား​လိုက်​သည်​။​ ​သို့​သော်​လည်း​ ​ယင်း​အ​မျိုး​သား​နှင့်​ ​သေ​ဆုံး​သူ​တို့​ကြား​ ​မ​ည်​သို့​သော​ ​နက်​နက်​ရှိုင်း​ရှိုင်း​ ​ဆက်​ဆံ​ရေး​မျိုး​ ​ရှိ​နေ​ပြီး​ ​မည်​သည့်​အ​ခြေ​အ​နေ​ကြောင့်​ ​သတ်​ဖြတ်​မှု​ ​ကျူး​လွန်​ခြင်း​ဆို​သည်​ကို​မူ​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​သေး​ချေ​။​

​က​လေး​တစ်ဦး​၏​ မိ​ခင်​ဖြစ်​သော​ ​အ​မျိုး​သ​မီး​သည်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ပျောက်​ဆုံး​နေ​ခဲ့​ပြီး​နောက်​ ​ရဲ​များ​က​ ​လိုက်​လံ​ရှာ​ဖွေ​ခဲ့​ရာ​မှ​ ​အိတ်​တစ်​လုံး​အ​တွင်း​ ​အ​ပိုင်း​ပိုင်း​ပြတ်​နေ​သော​ ​အ​လောင်း​ကို​သာ​ ​တွေ့​ရှိ​ခဲ့​ရ​သည်​။​ ရဲ​တပ်​ဖွဲ့​က​ ​အ​မျိုး​သ​မီး​၏​ ​ခေါင်း​နှင့်​ ​လက်​မောင်း​တစ်​ဖက်​ကို​ ​တံ​တား​အောက်​ခြေ​တွင်​ ​ဝှက်​ထား​သော​ ​အိတ်​ထဲ​မှ​ ​တွေ့​ရှိ​ခဲ့​ပြီး​ ​အ​ခြား​သော​ ​ခ​န္ဓာ​ကိုယ်​ ​အ​စိတ်​အ​ပိုင်း​များ​ကို​ပါ​ ​ရှာ​ဖွေ​နိုင်​ခဲ့​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​

​စ​ပိန်​သ​တင်း​ဌာ​န​များ​က​ ​အ​င်္ဂလိပ်​စာ​ ​ဆ​ရာ​တစ်ဦး​အ​ဖြစ်​ ​အ​သက်​မွေး​နေ​သော​ မ​သ​င်္ကင်္ာ​သူ​ ​ပု​ဂ္ဂိုလ်​သည်​ ​သေ​ဆုံး​သူ​နှင့်​ ​ရင်း​ရင်း​နှီး​နှီး​ ​ဆက်​ဆံ​မှု​ရှိ​ပြီး​ ​ရဲ​များ​ထံ​ ​ပြစ်​မှု​အ​တွက်​ ​ဝန်​ခံ​ခြင်း​ ​ရှိ​မ​ရှိ​ကို​မူ​ ​မ​သိ​ရ​သေး​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here