ရ​တ​နာ​ပုံ​ ဝဘ်လ်​ပေါ်​တယ်​ ​အ​တွက်​ Content Provider​ ​များ​နည်း​ပါး​

alt

အ​မျိုး​သား​အ​ဆင့်​​ ​ရေး​ဆွဲ​လျှက်​ရှိ​သည့်​​ ရ​တ​နာ​ပုံ​နေ​ရှင်​နယ်​ ဝဘ်လ်​ပေါ်​တယ်​ ​အ​တွက်​ Content Provider​ ​များ​​ ​တွေ့​ဆုံ​ခြင်း​​ ​အ​ခမ်း​အ​နား​ကို​ ​ဆာ​ကူ​ရာ​တာ​ဝါ​တွင်​ ​ကျင်း​ပ​စဥ်​က​ မြန်မာ့​ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း​ အချက်အလက်နှင့် နည်းပညာဌာန

အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက​ “နိုင်ငံတကာ အဆင့်မီ​ အင်တာနက် ဝက်ဘ်ဆိုက်ကြီး​ တစ်ခု ပေါ်ပေါက်လာစေဖို့​ အတွက် ရတနာပုံနဲ့​ အတူ တာဝန်ရှိသူတွေက လူအား၊ ငွေအားနဲ့ နည်းပညာ​ အားတွေပါ စိုက်ထုတ် ဆောင်ရွက် နေပါတယ်။ ဒီ​ အတွက် အကျိုးအမြတ်ကို မျှော်လင့်​ မထားပါဘူး။ ကျွန်တော်တို့ဆီမှာ ဝင်ငွေ​ ရစရာ တခြား​ လုပ်ငန်းတွေ​ ရှိပါတယ်။ အခု ရတနာပုံ​ ဝက်ဘ်ဆိုက်မှာ စာနယ်ဇင်း​ ပေါင်းစုံက သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း လွှင့်တင်​ ချင်ပါတယ်။ ဒါတွေအပြင် တခြား​ ဖျော်ဖြေရေး အစီအစဉ်တွေလည်း​ ပါမှာ ဖြစ်သလို အက်ဖ်အမ် ရေဒီယိုလိုင်းတွေကိုလည်း အင်တာနက်ကနေ နားဆင်လို့ရအောင် စီစဉ်နေပါတယ်။ ဟု​ ရ​တ​နာ​ပုံ​နေ​ရှင်​နယ်​ ဝဘ်လ်​ပေါ်​တယ်​​ အ​တွက်​ Content Provider ​ ​များ​အား​​ ဖိတ်​​ခေါ်ခဲ့​​သော်​လည်း​​ ဂျာ​နယ်​၊​မ​ဂ္ဂ​ဇင်း​​ ​၂၀​ ​ခန့်​သာ​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​သေး​​ကြောင်း​သိ​ရ​သည်။​

​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​သည်ဂျာ​နယ်​ ​မ​ဂ္ဂ​ဇင်း​​​ ​အ​စောင်​ ​၂၀​ ​တွင်​ ရ​တ​နာ​ပုံ​နေ​ရှင်​နယ်​ ဝဘ်လ်​ပေါ်​တယ်​ ​အ​တွက်​ တာဝန်​ယူ​စီ​မံ​ခန့်​ခွဲ​နေ​သည့်​​ Inforithm-Maze​ ​ကု​မ္မ​ဏီ​​မှ​ ဂျာ​နယ်​၊​မ​ဂ္ဂ​ဇင်း​​များ​၊​​ ​အွန်ု​လိုင်း​စာ​မျက်​နှာ​များ​​ ​​ဖြစ်​သည့်​​ Myanmar People Magazine​၊,​ 7Day News Journal,​ 7Day Sports Journal,​ Internet Journal,​ Planet​, mySuboo​​၊​ သုတ စွယ်စုံ မီဒီယာ ဂရု(ပ်) ပိုင်ရှင် နှင့် မြန်မာတိုင်းမ် စာစောင်၌ ထုတ်​ဝေသူအဖြစ် ပါဝင်ထားသူ ဒေါက်တာ တင်ထွန်းဦး​၏​ ပြည်မြန်မာ၊ Good Health​၊​​ ​သု​တ​စွယ်​စုံ​ ​အ​ပြင်​၊​​ ဝန်​ကြီး​ဌာ​န​ပိုင်​ ဂျာ​နယ်​၊​မ​ဂ္ဂ​ဇင်းများ​နှင့်​​ ​အ​စိုး​ရ​နှင့်​ပတ်​သက်​သည့်​​ ​ဂျာ​နယ်​များ​​၊​​ inforithm​ ​ကု​မ္ပ​ဏီ​နှင့်​​ ​ပတ်​သက်​နေ​သည့်​​ ဂျာ​နယ်​၊​မ​ဂ္ဂ​ဇင်းများ​သာ​ ​ရှိ​ကြောင်း​​ ​သိရ​သည်​။​​ Myanmar times, Eleven Media Group​ ​မှ​ ​ထုတ်​ဝေ​နေ​သည့်​​ Eleven​ ​ဂျာ​နယ်​များ​​၊​ Yangon Media​ Group က ရန်ကုန်တိုင်းမ်​၊​​ Flower​ News​၊​​ 8 Days Journal​ ​တို့​စသည့်​​​ ​စောင်​ရေ​များ​ပြီး​​၊​​ ​နာ​မည်​ရ​ ​အ​ထင်​က​ရ​များ​​ ​ပါ​ဝင်​ခြင်း​​ ​မ​ရှိ​သေး​​ကြောင်း​​ ​သိ​ရ​သည်​။​​

မြန်မာ နိုင်ငံတွင် သတင်း ဂျာနယ်နှင့် အားကစား ဂျာနယ် အပါအဝင် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိ​နေ​သော်​လည်း​​ Content Provider​ ​များ​​ အ​ဖြစ်​သ​ဘော​တူ​ရန်​အ​တွက်​ ​​မီ​ဒီ​ယာ​များ​အား​​ ​ထုတ်​ဖေါ်​ ပြော​ဆို​ရန်​ မ​ရ​နိုင်​သည့်​​ အ​ခြား​ ​အ​ခက်​များ​စွာ​ရှိ​နေ​၍​ ​ဖြစ်​ကြောင်း​​​ ​သိ​ရှိ​ရ​သည်​။​ ထို့​အ​ပြင်​ ရ​တ​နာ​ပုံ​နေ​ရှင်​နယ်​ ဝဘ်လ်​ပေါ်​တယ်​တွင်​ ​ပ​ါဝင်​မည့်​​ Y-mail,​ Y-talk စ​သည့်​​တို့​အ​တွက်​ Privacy​ လုံ​ခြံု​ရေး​​ ​ဆိုင်​ရာ​ ​ကိ​စ္စရပ်​များ​​ ​အ​တွက်​ ​မြန်​မာ​ ကွန်​ပျူ​တာ​သုံး​စွဲ​သူ​များ​​ ​အ​ကြား​​ ​စိုးရိမ်​မှု​များ​​ ​ရှိ​နေ​ကြ​​သော်​လည်း​​၊​​ ​Google​ ​၏ gmail,​ gtalk​ ​ကဲ့​သို့​ဝန်​ဆောင်​မှု​စွမ်း​အား​များ​ ​ပေး​နိုင်​မှု​မှာ​​ ရ​တ​နာ​ပုံ​နေ​ရှင်​နယ်​ ဝဘ်လ်​ပေါ်​တယ်​​ ​အ​နေ​ဖြင့်​​ ယှဥ်​ပြိုင်​ ​နိုင်​မည်​​ မ​ဟုတ်​ဟု​လည်း​​ ​သုံး​သပ်​ကြ​သည်​။​​

alt

ရတနာပုံပေါ်တယ် (Yatanarpon Portal) တွင်​ လိုအပ်သည့် ဝန်ထမ်းရာထူး​နေ​ရာပေါင်း ၁၅ ခုဝန်းကျင်အတွက် ဝန်ထမ်း ဦးရေ ၁၀၀ ကျော်ကို ခေါ်ယူခဲ့ပြီး​၊​​ စက်​တင်​ဘာ​လ​အကုန်​ ​စ​တင်​အ​သုံး​​ပြု​နိုင်​မည်​ဟု​သိရ​သည်​။​

ရတနာပုံပေါ်တယ် (Yatanarpon Portal) အား မလေးရှားအခြေစိုက် Media Digital Alliance Sdn. Bhd. (MDA)၊ ကုမ္မဏီအမှတ် 520090X က ဦးဆောင်ကာ MXAE 2.0 စနစ်သုံး Django framework နှင့်တွဲဖတ်အသုံးပြုရသော စနစ်ဖြစ်ရေးဆွဲ လုပ်ဆောင်ပေးနေခြင်း ဖြစ်ကာ၊ နိုင်ငံတော်၏ ပံပိုးကူညီဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖေါ်ခဲ့သည့် Myanmar Natural Language Processing (NLP) Research Center ၏ နိုင်ငံတော်အဆင့် မြန်မာ ၃ ယူနီကုဒ် 5.1 ဗားရှင်း စာလုံးအား ပြောင်းလဲ သုံးစွဲထားခြင်းမရှိဘဲ ဇော်ဂျီ မြန်မာစာလုံးကိုသာ ဆက်လက် သုံးစွဲ အ​ကောင်​အ​ထည်​ဖေါ်ထားကြောင်း သိရသည်။

ရတနာပုံပေါ်တယ် (Yatanarpon Portal) အား​ ​အ​မေ​ရိ​ကန်​ ​ဒေါ်​လာ​ ​၂​​ သန်း​​ဖြင့်​​ ​မ​တည်​ကာ​ Inforithm-Maze​ ​ကု​မ္မ​ဏီ​မှ​ ​အ​ကောင်​အ​ထည်​ဖေါ်​လျှက်​ရှိ​ပြီး​​​၊​ ​အ​မှု​ဆောင်​ချုပ်​မှာ​ ဦး​​သောင်း​စု​ငြိမ်း​ဖြစ်​သည်​။​​ အ​မှု​ဆောင်​ချုပ်​ ဦး​​သောင်း​စု​ငြိမ်း​မှာ​​ ​ကွယ်​လွန်​သူ​ ​န​အ​ဖ​ ​စစ်​အ​စိုး​ရ​ ​နိုင်ငံ​ခြား​​ရေး​ဝန်​ကြီး​​ ဦး​ဝင်း​​အောင်​၏​ ​သား​တစ်ဦး​​ဖြစ်​ကာ​ ​ဇော်​ဂျီ​ ​မြန်​မာ​စာ​လုံး​ဖန်​တီး​ခဲ့​သူ​များ​တွင်​ ​တစ်ဦး​​ ​အ​ပါ​အ​ဝင်​လည်း​​ဖြစ်​သည်​။​

 

LEAVE A REPLY

Please enter your comment!
Please enter your name here