က​မ္ဘာ့အ​ရပ်​အ​ပု​ဆုံး​လူ​သား​အ​ဖြစ်​ ​ကို​လံ​ဘီ​ယာ​နိုင်ငံ​သား​ ​စံ​ချိန်​တင်

alt

က​မ္ဘာ့​အ​ရပ်​အ​ပု​ဆုံး​ ​လူ​သား​အ​ဖြစ်​ ​ကို​လံ​ဘီ​ယာ​မှ​ ​အက်​ဒွပ်​နီ​နို​ ​ဟာ​နန်​ဒက်​က​ ​စံ​ချိန်​တင်​နိုင်​ခဲ့​ပြီ​ဖြစ်​သည်​။​ ​အ​က​ဝါ​သ​နာ​ပါ​သော​၊​ ​မာ​စီး​ဒီး​ကား​တစ်​စင်း​ ​ပိုင်​ဆိုင်​ရန်​ ဆ​န္ဒ​ရှိ​သော​ ​အ​သက်​ ​၂၄​ ​နှစ်​အ​ရွယ်​ ​လူ​ပု​လေး​အား​

​ဂင်း​နစ်​မှတ်​တမ်း​အ​ဖွဲ့​က​ ​က​မ္ဘာ့​အ​ရပ်​အ​ပု​ဆုံး​ ​လူ​သား​အ​ဖြစ်​ ​တ​ရားဝင်​ ​အ​သိ​အ​မှတ်​ ​ပြု​ခဲ့​သည်​။​

​အက်​ဒွပ်​၏​ ​အ​ရပ်​သည်​ ​၂၂​ ​လက်​မ​သာ​ ​မြင့်​သော​ကြောင့်​ ​ကြမ်း​ပြင်​ပေါ်​ ​ချ​ထား​သည့်​ ​ခ​ရီး​ဆောင်​ ​အိတ်​တစ်​လုံး​ထက်​ ​အ​တန်ငယ်​မျှ​သာ​ ​ပို​မြင့်​သည်​။​ ​ဂျက်​ကီ​ချန်း​၊​ ​ဆီ​ဗက်​စ​တာ​ ​စ​တား​လုံး​တို့​ကို​ ​အား​ကျ​ပြီး​ ​တွေ့​ဆုံ​လို​ကြောင်း​ ​ပြော​ကြား​ခဲ့​သည့်​ ​အက်​ဒွပ်​မှာ​ ​အ​သက်​ ​၂​ ​နှစ်​ ​အ​ရွယ်​က​တည်း​က​ ​အ​ရပ်​ရှည်​မ​လာ​တော့​ကြောင်း​ ​မိ​ခင်​ဖြစ်​သူ​ ​နီ​ယို​မီ​ဟာ​နန်​ဒက်​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အက်​ဒွပ်​တွင်​ ​နောက်​ထပ်​မွေး​ချင်း​လေးဦး​ ​ရှိ​သေး​သည်​။​ ​ယ​ခင်​က​ ​က​မ္ဘာ့​အ​ရပ်​အ​ပု​ဆုံး​ ​စံ​ချိန်​ရှင်​ဟောင်း​မှာ​ ​အက်​ဒွပ်​ထက်​ ​တစ်​လက်​မ​ခွဲ​ ​အ​ရပ်​ပို​မြင့်​သည့်​ ​တ​ရုတ်​နိုင်ငံ​သား​ ​ဟီ​ပင်​ပင်း​ဖြစ်​သည်​။​ ​ယင်း​သည်​ ​မတ်​လ​ ​၁၃​ ရက်​နေ့​က​ ​နှ​လုံး​ရော​ဂါ​ဖြင့်​ ​ကွယ်​လွန်​ခဲ့​ပြီး​နောက်​ ​ဂင်း​နစ်​အ​ဖွဲ့​သည်​ ​က​မ္ဘာ့​အ​ရပ်​အ​ပု​ဆုံး​ ​စံ​ချိန်​သစ်​အ​တွက်​ က​မ္ဘာ​နှင့်​အ​ဝှမ်း​မှ​ ​စာ​ရင်း​သွင်း​လာ​သူ​များ​အား​ ​အ​သေး​စိတ်​ ​လေ့​လာ​မှု​များ​ ​ပြု​လုပ်​ခဲ့​သည်​။

​ အက်​ဒွပ်​သည်​ ​မွေး​ဖွား​လာ​ချိန်​တွင်​ ​အ​ရပ်​ ​၁၅​ ​လက်​မ​ ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အက်​ဒွပ်​က​မူ​ ​ထို​သို့အ​ရပ်​ပု​ခြင်း​အ​ပေါ်​ ​စိတ်​မ​ပျက်​ဘဲ​ ​တစ်ဦး​တည်း​သော​ ​စံ​ချိန်​တင်​ပု​ဂ္ဂိုလ်​ ​ဖြစ်​လာ​ခြင်း​အ​တွက်​ ​ကျေ​နပ်​မိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here