​ရော်​နယ်​ရေ​ဂင်​ကို ​ဟော​လီး​ဝုဒ်​တွင်​ ​ပြန်​လည်မြင်​တွေ့​ရ​မည်

alt

ရုပ်​ရှင်မင်း​သား​ ​တစ်​ယောက်​အ​နေ​နှင့်​ ​ကျော်​ကြား​မှု​ကို​ ​အ​စ​ပြု​ခဲ့​သည်​။​ ​နောက်​တော့​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၏​ ​သ​မ္မ​တ​ကြီး​ ​ဖြစ်​လာ​ခဲ့​သည်​။​ ​ယ​ခု​အ​ခါ​ ​ရော်​နယ်​ရေ​ဂင်​တစ်​ယောက်​ ​တစ်​ချိန်​က​ ၎င်း​ကျက်​စား​ခဲ့​ရာ​ ​ဟော​လီး​ဝုဒ်​ ​ရပ်​ဝန်း​တွင်​ ​တ​ကျော့​ပြန်​ ​ရှင်​သန်​လာ​တော့​မည်​ဖြစ်​သည်​။​

Reagan​ဟု​ ​အ​မည်​ပေး​ထား​သည့်​ ​ဇာတ်​ကား​ကို​ ​သ​မ္မ​တ​ဟောင်း​၏​ ငယ်​ဘ​၀​ ​နေ့​ရက်​များ​မှ​ ​အ​ခြေ​ခံ​ကာ​ ​ဘ​ဝ​အ​ထု​ပ္ပ​တ္တိ​ ​တစ်​ခု​လုံး​အ​ဖြစ်​ ​ရိုက်​ကူး​တင်​ဆက်​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​ ​မတ်​ဂျိုး​ဆက်​နှင့်​ ​ရဖ်ဝင်​တာ​တို့​ ​ပ​ရို​ဂျူ​ဆာ​အ​ဖြစ်​ ​တာ​ဝန်​ယူ​ပြီး​ ​ဂျို​နက်​မက်​ကော့​ ​ဇာတ်​ညွှန်း​ရေး​သား​သည့်​ ​ဇာတ်​ကား​သည်​ ​ပေါ​ကန်​ဂါ​၏​ ​ရေ​ဂင်​အ​ကြောင်း​ ​အ​ထု​ပ္ပ​တ္တိ​ ​နှစ်​ခု​ကို​ ​မှီ​ငြမ်း​ရိုက်​ကူး​မည်​ဖြစ်​သည်​။​

​၁၉၈၁​ ​ခု​နှစ်​က​ ​လုပ်​ကြံ​ရန်​ ​ကြိုး​ပမ်း​မှု​အ​တွက်​ ​အ​သက်​ရှင်​ ​လွတ်​မြောက်​ခဲ့​သော​ ​သ​မ္မ​တ၏​ ​ဇာတ်​ရုပ်​အ​တွက်​ ​အ​ဓိ​က​ ​ဇာတ်​ဆောင်​ကို​မူ​ ​တိ​တိ​ကျ​ကျ​ ​မ​ရွေး​ချယ်​ရ​သေး​ပေ​။​ ​ရေ​ဂင်​အား​ ​လုပ်​ကြံ​ရန်​ ​ကြိုး​ပမ်း​ခဲ့​သူ​မှာ​ ​ဂျွန်​ဟစ်​က​လီ​ ​ဂျူ​နီ​ယာ​ဆို​သူ​ဖြစ်​ပြီး​ ၎င်း​က​ ​မင်း​သ​မီး​ ​ဂျို​ဒီ​ဖော်​စ​တာ​၏​ ​အ​ထင်​ကြီး​မှု​ကို​ ​ခံ​ရ​လို​သော​ကြောင့်​ ​ယ​ခု​လို​ ​ပြု​လုပ်​ခဲ့​ခြင်း​ဟု​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ထို​စဥ်​က​ ​ဟစ်​က​လီ​သည်​ ​ရေ​ဂင်​အား​ ​သ​မ္မ​တ​အ​ဖြစ်​ ​မ​မြင်​ကြောင်း​၊​ ​ခပ်​ညံ့​ညံ့​ ​မင်း​သား​တစ်​လက်​နှင့်​ ​အ​ဆိုး​ဆုံး​ ​လူ​ပြက်​တစ်ဦး​ဟု​သာ​ ​ထင်​မိ​ကြောင်း​ ​ရဲ​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​

အ​မေ​ရိ​ကန်​၏​ ​အ​ယောက်​ ​၄၀​ ​မြောက်​ ​သ​မ္မ​တ​သည်​ ​နိုင်ငံ​အား​ ​သက်​တမ်း​ ​၈​ ​နှစ်​ကြာ​ ​တာ​ဝန်​ယူ​ ​အုပ်​ချုပ်​ခဲ့​ပြီး​နောက်​ ​၂၀၀၄​ ​ခု​နှစ်​က​ ​ကွယ်​လွန်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here