ဖိ​လစ်​ပိုင်​ ​ဘတ်စ်​ကား​​ ဓား​စာ​ခံ​သေ​ဆုံး​မှု​မှ​ အာဏာ​ပိုင်​များ​၏​ ​တာ​ဝန်​ပျက်​ကွက်​မှု​များ​ ​ပေါ်​ပေါက်​လာ

alt

ဖိ​လစ်​ပိုင်​နိုင်ငံ​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​နာ​မည်​ကျော်​ ​ဘတ်စ်​ကား​ဓား​စာ​ခံ​ ​သတ်​ဖြတ်​မှု​ကြီး​အ​တွင်း​ ​သက်​ဆိုင်​ရာ​ ​အာ​ဏာ​ပိုင်​များ​၏​ ​တာ​ဝန်​ဝ​တ္တ​ရား​ ​ပျက်​ကွက်​မှု​များ​ ​ပေါ်​ပေါက်​လာ​ကြောင်း​ ​သိ​ရ​သည်​။​

ဩ​ဂုတ်​လ​ ​၂၃​ ​ရက်​နေ့​က​ ​ဟောင်​ကောင်​နိုင်ငံ​သား​ ​အ​များ​စု​ ​ပါဝင်​သော​ ​က​မ္ဘာ​လှည့်​ခ​ရီး​သည်​များ​ ​လိုက်​ပါ​လာ​သည့်​ ​ဘတ်စ်​ကား​ကို​ ​ဖိ​လစ်​ပိုင်​ ​ရဲ​အ​ရာ​ရှိ​ဟောင်း​ ​တစ်ဦး​က​ ​မ​နီ​လာ​မြို့​လယ်​တွင်​ ​စီး​နင်း​မှု​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​ဟောင်​ကောင်​ ​၈​ ဦး​ ​အ​သတ်​ခံ​ရ​ပြီး​ ​၇​ ဦး​ ​ဒဏ်​ရာ​ရ​ခဲ့​သည်​။​ ​၁၂​ ​နာ​ရီ​မျှ​ ​ကြာ​အောင်​ ​ရို​လန်​ဒို​ ​မန်​ဒို​ဇာ​က​ ​ဘတ်စ်​ကား​အား​ ​စီး​နင်း​ထား​ပြီး​နောက်​ ၎င်း​က​ ​ရဲ​တပ်​ဖွဲ့​နှင့်​ ​ညှိ​နှိုင်း​မှု​ ​အ​ဆင်​မ​ပြေ​သော​ကြောင့်​ ​ဓား​စာ​ခံ​များ​အား​ ​စ​တင်​ပစ်​ခတ်​ ​သတ်​ဖြတ်​ချိန်​တွင်​ ​အ​ခင်း​ဖြစ်​ရာ​ ​နေ​ရာ​အ​တွင်း​ ​မြို့​တော်​ဝန်​ ​အယ်​ဖ​ရီ​ဒို​လင်း​နှင့်​ ​ဒု​တိ​ယ​မြို့​တော်​ဝန်​လည်း​ဖြစ်​၊​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ ​စီ​မံ​ခန့်​ခွဲ​ရေး​ ​ကော်​မ​တီ​ ​အ​ကြီး​အ​ကဲ​လည်း​ဖြစ်​သည့်​ ​ဒု​တိ​ယ​မြို့​တော်​ဝန်​ ​အီ​ကို​မို​ရီ​နို​တို့​ ​ရှိ​မ​နေ​ဟု​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ ​စစ်​ဆေး​မှု​များ​အ​ရ​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။​

​ယင်း​တို့​သည်​ ​အ​ခင်း​ဖြစ်​ရာ​ ​နေ​ရာ​ကို​ ​စွန့်​ခွာ​သွား​ခြင်း​ကြောင့်​ ​တပ်​ဖွဲ့​များ​ကို​ ​အ​မိန့်​ပေး​မည့်​သူ​ ​မ​ရှိ​ဘဲ​ ​မည်​သို့​ဆောင်​ရွက်​ရ​မည်​ကို​ ​မ​ဆုံး​ဖြတ်င်္နိုင်​ ​ဖြစ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ထို​အ​ချိန်​က​ ​လင်း​သည်​ ​စား​သောက်​ဆိုင်​ ​တစ်​ခု​သို့​ ​မ​နီ​လာ​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ​ရို​ဒို​ဖို​မက်​တီ​ဘေ​နှင့်​ ​သွား​ရောက်​နေ​ပြီး​ ​မို​ရီ​နို​မှာ​လည်း​ ​အ​နီး​ရှိ​ ​ဟို​တယ်​တစ်​ခု​အ​တွင်း​ ​ကော်​ဖီ​သောက်​နေ​ကြောင်း​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​ ​မို​ရီ​နို​က​မူ​ ​သေ​နတ်​သ​မား​ ​မန်​ဒို​ဇာ​နှင့်​ ​ညှိ​နှိုင်း​ဆွေး​နွေး​မှု​ ​အ​ဆင်​မ​ပြေ​ ​ဖြစ်​ခဲ့​ခြင်း​ကြောင့်​ ​သက်​ဆိုင်​ရာ​ ​အ​ရာ​ရှိှ​နှင့်​ ​တိုင်​ပင်​ရန်​ ​ကော်​ဖီ​ဆိုင်​သို့​ ​သွား​ရောက်​ခဲ့​ခြင်း​ဟု​ ​အ​ကြောင်း​ပြ​ထား​သည်​။​ ​

ယ​ခု​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ဖိ​လစ်​ပိုင်​၏​ ​အ​ကြမ်း​ဖက်​မှု​ ​ဖြစ်​စဥ်​အ​တွင်း​ ​ကိုင်​တွယ်​ပုံ​ကို​ ​ဝေ​ဖန်​မှု​များ​ ​မြင့်​တ​က်​နေ​သည့်​ ​အ​နေ​အ​ထား​အား​ ​ပို​မို​ဆိုး​ရွား​သွား​စေ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​အ​ခြား​သ​တင်း​များ​အ​ရ​ ​ဖိ​လစ်​ပိုင်​ထိပ်​တန်း​ ​အ​ရာ​ရှိ​တစ်ဦး​သည်​ ​သေ​နတ်​သ​မား​နှင့်​ ​ညှိ​နှိုင်း​ရာ​တွင်​ စီ​ရင်​ချက်​ ​ချ​မှတ်​ပါ​က​ ပြင်း​ပြင်း​ထန်​ထန်​ ​အ​ပြစ်​ပေး​မ​ခံ​လို​လျင်​ ပီ​ဆို​ငွေ​ ​တစ်​သိန်း​ခွဲ​ပေး​ရ​မည်​ဟု​ ​ငွေ​ညှစ်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ကြံု​နေ​ရ​သည်​ဟု​ ​သ​တင်း​များ​က​ ​ဖော်​ပြ​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here