တစ်​ကိုယ်ရည်​ကျန်း​မာ​ရေး​ ​စစ်​ဆေး​ရန်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​သား​များ​ ​မို​ဘိုင်း​ဖုန်း​ကို​ ​သုံး​လာ​ကြ

alt

အ​မေ​ရိ​ကန်​နိုင်ငံ​သား​ ​အ​များ​စု​သည်​ ​မိ​မိ​တို့​၏​ ​တစ်​ကိုယ်​ရည်​ ​ကျန်း​မာ​ရေး​အ​တွက်​ ​မို​ဘိုင်း​ဖုန်း​ကို​ ​အ​သုံး​များ​လာ​ကြောင်း​ ​သိ​ရ​သည်​။​ ​စစ်​တမ်း​တစ်​ခု​က​ ​အ​မေ​ရိ​ကန်​နိုင်ငံ​သား​ ​၃၀​ ​ရာ​ခိုင်​နှုန်း​ခန့်​သည်​ ​

မိ​မိ​တို့​၏​ ကျန်း​မာ​ရေး​ကို​ ​ပုံ​မှန်​စစ်​ဆေး​မှု​ ​ပြု​လုပ်​ရာ​တွင်​ ​မို​ဘိုင်း​ဖုန်း​များ​ကို​ သုံး​စွဲ​နေ​ကြောင်း​ ​ဖော​ြ်​ပ​နေ​သည်​။​

Pricewaterhouse​ Cooper​ကျန်း​မာ​ရေး​ ​သု​တေ​သ​န​ ​ပ​ညာ​ရေး​ဌာ​န​က​ ​ကောက်​ခံ​သော​ ​စစ်​တမ်း​တွင်​ ​ဖြေ​ဆို​သူ​ ​၄၀​ ​ရာ​ခိုင်​နှုန်း​က​ ​မို​ဘိုင်း​ဖုန်း​ကို​ ​အ​ဝေး​ထိန်း​ ​စောင့်​ကြည့်​ရေး​ ​ကိ​ရိ​ယာ​ ​တစ်​ခု​သ​ဖွယ်​ ​ဆ​ရာ​ဝန်​များ​နှင့်​ ​ဆက်​သွယ်​ချိတ်​ဆက်​ ​အ​သုံး​ပြု​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခု​စစ်​တမ်း​အ​တွက်​ ​အ​မေ​ရိ​ကန်​ပြည်​သူ​ ​၂၀၀၀​ ​နှင့်​ ​ဆ​ရာ​ဝန်​ ​၁၀၀၀​ ​တို့​အား​ ​မေး​မြန်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

​၂၇​ ​ရာ​ခိုင်​နှုန်း​သော​ ​သူ​များ​က​ ​ကျန်း​မာ​ရေး​နှင့်​ ​ပတ်​သက်​ပြီး​ ​သ​တိ​ပေး​ ​နှိုး​ဆော်​သည့်​ Text​ Message​များ​ကို​ ​နှစ်​သက်​ပြီး​ ​အ​သုံးဝင်​သည်​ဟု​ ​ယူ​ဆ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​အ​မျိုး​သား​များ​သည်​ ​အ​မျိုး​သ​မီး​များ​ထက်​ ​ကျန်း​မာ​ရေး​အ​တွက်​ ​မို​ဘိုင်း​ဖုန်း​ကို​ ​သုံး​စွဲ​မှု​ ​နှစ်​ဆ​ပို​များ​ကြောင်း​လည်း​ ​သိ​ရ​သည်​။​

​ဆ​ရာ​ဝန်​များ​၏​ ​၈၈​ ​ရာ​ခိုင်​နှုန်း​က​ ​မိ​မိ​တို့​၏​ ​နေ​အိမ်​တွင်​ ​ထိုင်​နေ​ရင်း​ ​မိ​မိ​၏​ ​လူ​နာ​ဖြစ်​ခဲ့​သူ​များ​၏​ ​ကျန်း​မာ​ရေး​ကို​ ​စောင့်​ကြည့်​ထောက်​လှမ်း​ပေး​နိုင်​ခြင်း​ကို​ ​သ​ဘော​ကျ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​ဆ​ရာ​ဝန်​ ​၅၇​ ​ရာ​ခိုင်​နှုန်း​က​ ​လူ​နာ​များ​အ​တွက်​ ​အ​ဝေး​ထိန်း​ ​ကိ​ရိ​ယာ​တစ်​မျိုး​ဖြင့်​ ​ကျန်း​မာ​ရေး​ ​စောင့်​ရှောက်​မှု​ ​ပြုလုပ်​ပေး​နိုင်​ခြင်း​ကို​ ​နှစ်​သက်​ကြောင်း​ ​ဖြေ​ဆို​ခဲ့​သော်​လည်း​ ​အ​လွန်​များ​ပြား​သော​ ​သ​တင်း​အ​ချက်​အ​လက်​များ​ ​ပေး​ပို့​ခြင်း​က​မူ​ ​မ​လို​လား​အပ်​ဟု​ ​ယူ​ဆ​ကြောင်း​ ​ပြော​ကြား​ခဲ့​ကြ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here