အ​မေ​ရိ​ကန်​တို့​ ​အ​ချိန်​ပေး​သုံး​စွဲ​မှု​ အ​များ​ဆုံး​ ​အ​ဖြစ်​ Facebook​ ​ထိပ်​ဆုံး​မှ​ ရပ်​တည်

alt

အ​မေ​ရိ​ကန်​တွင်​ ​အင်​တာ​နက်​ ​သုံး​စွဲ​သူ​ ​အ​များ​စု​တို့​ ​အ​ချိန်​ပေး​ ​သုံး​စွဲ​သည့်​ ​ဝက်​ဆိုက်​များ​ ​အား​လုံး​အ​နက်​ Facebook​​ သည်​ ​ထိပ်​ဆုံး​မှ​ ​ရပ်​တည်​နေ​ပြီး​ Google​ ​ကို​ပါ​ ​ကျော်​တက်​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​သုံး​စွဲ​သူ​ ​သန်း​ ​၄၀၀​ ​ကျော်​ ​ရှိ​နေ​သည့်​ ​က​မ္ဘာ့​အ​ကြီး​ဆုံး​ Social​ Networking​ ​ဝက်​ဆိုက်​ကြီး​တွင်​ ​အ​ချိန်​ကုန်​နေ​သူ​ ​အ​ရေ​အ​တွက်​သည်​ ​နာ​မည်​ကျော်​ Search​ Engine​များ​ဖြစ်​သည့်​ Google​ ​နှင့်​ Yahoo​တို့​ကို​ ​သုံး​စွဲ​မှု​ထက်​ ​ပို​များ​လာ​ခဲ့​သည်​။​ ဩ​ဂုတ်​လ​ ​တစ်​လ​လုံး​တွင်​ Facebook​ပေါ်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​သား​များ​ ​အ​ချိန်​ကုန်​ခဲ့​မ​ှု​သည်​ ​မိ​နစ်​ပေါင်း​ ​၄၁.​၁​ ​သန်း​ထိ​ ​ရှိ​ခဲ့​ရာ​ ​နိုင်ငံ​သား​ ​အား​လုံး​၏​ ​ဝက်​ဆိုက်​များ​ ​တစ်​လ​တာ​အ​တွင်း​ ၀င်​ရောက်​ကြည့်​ရှု​မှု​ စု​စု​ပေါင်း​အ​ချိန်​၏​ ​၉.​၉​ ​ရာ​ခိုင်​နှုန်း​ ​ရှိ​ခဲ့​သည်​။​ Google​ကို​ ​သုံး​စွဲ​သည့်​ ​မိ​နစ်​ပေါင်း​ ​၃၉.​၈​ ​သန်း​သာ​ ​ရှိ​ခဲ့​ရာ​ ​စု​စု​ပေါင်း​ ​အင်​တာ​နက်​ ​သုံး​စွဲ​မှု​၏​ ​၉.​၆​ ​ရာ​ခိုင်​နှုန်း​စာ​ ​နေ​ရာ​ရ​ခဲ့​သည်​။​

Facebook​သည်​ ​ယ​ခင်​က​ Google​နောက်​ ​ဒု​တိ​ယ​နေ​ရာ​ ​အ​မြဲ​လို​လို​ ​ရ​ယူ​ထား​သော​ Yahoo​​ ကို​ ​ဇူ​လိုင်​လ​က​ ​ကျော်​ဖြတ်​ခဲ့​သည်​။​ ​၂၀၀၇​ ​ခု​နှစ်​၊​ ဩ​ဂုတ်​လ​က​ ​စာ​ရင်း​အ​ရ​မူ​ ​ထို​စဥ်​က​ Facebook​ ​၏​ ​တစ်​လ​တာ​ ​လူ​သုံး​စွဲ​မှု​ ​စု​စု​ပေါင်း​ ​အ​ချိန်​ကာ​လ​သည်​ ​၂​ ​ရာ​ခိုင်​နှုန်း​စာ​သာ​ ​ရှိ​ခဲ့​သည်​။​ နှိုင်း​ယှဥ်​မှု​များ​အ​ရ​ Google​ ၏​ ဝင်​ရောက်​သုံး​စွဲ​ကြ​သည့်​ ​အ​ချိန်​စု​စု​ပေါင်း​ ​အ​ရေ​အ​တွက်​သည်​ ​၄​ ​ရာ​ခိုင်​နှုန်း​ ​ကျ​ဆင်း​သွား​ပြီး​ Yahoo​ က​မူ​ ​၁၂​ ​ရာ​ခိုင်​နှုန်း​ထိ​ ​ထိုး​ဆင်း​သွား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here