မ​က္က​စီ​ကို​တွင်​ ​ပု​လင်း​ဗုံး​ဖြင့်​ ပစ်​ခတ်​​ တိုက်​ခိုက်​မှု​ကြောင့်​ ​လူ​ ​၈​ ဦး​သေ​ဆုံး

alt

မ​က္က​စီ​ကို​နိုင်ငံ​၊​ အ​ပမ်း​ဖြေ​မြို့​ ​ကန်​ကန်​ရှိ​ ​အ​ရက်​ဘား​တစ်​ခု​တွင်​ ​ပု​လင်း​ဗုံး​ဖြင့်​ ​ပစ်​ခတ်​တိုက်​ခိုက်​မှု​ကြောင့်​ ​လူ​ ​၈​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​လက်​နက်​ကိုင်​ ​လူ​ ​၆​ ဦး​သည်​ ​ကား​အ​နက်​များ​ဖြင့်​ ​ရောက်​လာ​ပြီး​ ​ကက်​စ​တီ​လို​ဒီ​မာ​ဘား​ ​အ​ပြင်​ဖက်​မှ​ ​မို​လို​တော့​ ​ပု​လင်း​ဗုံး​များ​ ​ပစ်​သွင်း​ခဲ့​ခြင်း​ဟု​ ​ရဲ​များ​က​ဆို​သည်​။​ ဩ​ဂုတ်​ ​၃၁​ ​ရက်​နေ့​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​ဘား​အ​တွင်း​ရှိ​ ​အ​မျိုး​သ​မီး​ ​၆​ ဦး​နှင့်​ ​အ​မျိုး​သား​ ​၂​ ဦး​တို့​ ​သေ​ဆုံး​ခဲ့​သည်​။​ ​မ​က္က​စီ​ကို​ ​အ​စိုး​ရ​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ဒေ​သ​တွင်း​ ​မူး​ယစ်​ဆေး​ဝါး​ ​ရောင်း​ဝယ်​မှု​ ​ဂိုဏ်း​ကြီး​တစ်​ခု​ဖြစ်​သည့်​ ​ဇီ​တာ​ဂိုဏ်း​က​ ​ယ​ခု​ကိ​စ္စ​၏​ ​နောက်​ကွယ်​တွင်​ ​ပါဝင်​ပတ်​သက်​နေ​သည်​ဟု​ ​ယူ​ဆ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ကွင်​တာ​နာ​ပြည်​နယ်​ ​အ​စိုး​ရ​ရှေ့​နေ​ ​ဖ​ရန်​ဆစ်​စ​ကို​အေ​လာ​က​ ​အ​ရက်​ဘားတစ်​ခု​လုံး​ ​မီး​ကျွမ်း​အောင်​ ​ပစ်​ခတ်​တိုက်​ခိုက်​မှု​အ​တွက်​ ​စုံ​စမ်း​မှု​များ​ ​ပြု​လုပ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​မျက်​မြင်​များ​က​ ​ကား​နှစ်​စင်း​ပေါ်​မှ​ ​လူ​ ​၆​ ဦး​သည်​ ​အ​ရက်​ဘား​သို့​ ​မို​လို​တော့​ဗုံး​များ​ဖြင့်​ ​တိုက်​ခိုက်​ပြီး​နောက်​ ​ပြန်​လည်​ထွက်​ခွာ​သွား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယင်း​အ​ရက်​ဘား​မှာ​ ​စား​ပွဲ​ပေါ်​ ​အ​မျိုး​သ​မီး​များ​က​ ​တက်​က​ခြင်း​နှင့်​ ​အ​ခြား​ဖျော်​ဖြေ​မှု​များ​ ​ပြု​လုပ်​သည့်​ ​နေ​ရာ​တစ်​ခု​ဟု​လည်း​ ​သိ​ရ​သည်​။​ ​မ​က္က​စီ​ကို​တွင်​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​အ​ချို့​သည်​ ​မူး​ယစ်​ဆေး​ဝါး​ ​ရောင်း​ဝယ်​ရေး​ ​ဂိုဏ်း​များ​နှင့်​ ​ဆက်​စပ်​မှု​ ​ရှိ​နေ​ပြီး​ ​ပုံ​မှန်​ပေး​သွင်း​နေ​ကျ​ ​ငွေ​ကြေး​ကို​ ​ပေး​ချေ​ရန်​ ​ပျက်​ကွက်​ပါ​က​ ​ယ​ခု​လို​ ​တိုက်​ခိုက်​မှု​မျိုး​ ​တွေ့​ကြံု​ရ​တတ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here