ကြက်​တောင်​ပံ​ ​အ​စား​ပြိုင်​ပွဲ​​တွင်​ ​ဗိုလ်​စွဲ​သွား​သည့်​ ​အ​မျိုး​သ​မီး

alt

အ​မေ​ရိ​ကန်​ ​အ​မျိုး​သ​မီး​ ​တစ်ဦးသည်​ ​ဘက်​ဖဲ​လိုး​မြို့​တွင်​ ​ကျင်း​ပ​သည့်​ USI​ ​အ​စား​ပြိုင်​ပွဲတွင်​ ​၁၂​ ​မိ​နစ်​အ​တွင်း​ ​ကြက်​တောင်​ပံ​ ​၁၈၁​ ​ချောင်း​ကို​ ​စား​ပြ​ပြီး​နောက်​ ဗိုလ်​စွဲ​သွား​ပြီ​ဖြစ်​သည်​။​

​စက်​တင်​ဘာ​ ​၅​ ​ရက်​နေ့​ ​ပြိုင်​ပွဲ​တွင်​ ​ဆို​ညာ​သွမ်​ဆင်​သည်​ ​၂.​၂​ ​ ​ကီ​လို​ဂ​ရမ်​ ​အ​လေး​ချိန်င်္ရှိ​သော​ ​ကြက်​တောင်​ပံ​ပေါင်း​ ​၁၈၁​ ​ချောင်း​အား​ ​အ​သည်း​အ​သန်​ ​စား​ပြ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​န​ဝ​မ​အ​ကြိမ်​မြောက်​ ​ဘတ်​ဖဲ​လိုး​ ​ကြက်​တောင်​ပံ​ ​အ​စား​ပွဲ​တော်​တွင်​ ​ပူ​ပူ​နွေး​နွေး​ ​ကြော်​လှော်​ထား​သည့်​ ​ကြက်​တောင်​ပံ​များ​အား​ ​အ​ပြိုင်​အ​ဆိုင်​ ​စား​သောက်​ရ​သည့်​ ​ပြိုင်​ပွဲ​အား​ ​ထည့်​သွင်း​ပေး​ထား​သည်​။​

​န​ယူး​ယောက်​မှ​ ​အ​နောက်​မြောက်​ဖက်​ ​ကီ​လို​မီ​တာ​ ​၄၈၀​ ​မျှ​ ​အ​ကွာ​တွင်​ ​တည်​ရှိ​သော​ ဘတ်​ဖဲ​လိုး​မြို့​၏​ ​ပြိုင်​ပွဲ​တွင်​ ​အ​မေ​ရိ​ကန်​၏​ ​နံ​ပါတ်​ ​၁​ ​အ​စား​ချန်​ပီ​ယံ​နှင့်​ ​က​မ္ဘာ​ကျော်​ ​အ​စား​သ​မား​ကြီး​ ​ဂျို​ယေး​ချက်​စ​နော့​က​ ​သ​ရ​ဖူ​ဆောင်း​မည်​ဟု​ ​ခန့်​မှန်း​မှု​များ​ ​ထွ့်​ပေါ်​နေ​သော်​လည်း​ ​ကြက်​တောင်​ပံ​ ​၁၆၉​ ​ချောင်း​သာ​ ​စား​နိုင်​သ​ဖြင့်​ ​၂.​၀၆​ ​ကီ​လို​ဂ​ရမ်​သာ​ကုန်​ပြီး​ ​ဒု​တိ​ယ​ဖြင့်​ ​ကျေ​နပ်​ခဲ့​ရ​သည်​။​ ​ဗား​ဂျီး​နီး​ယား​တွင်​ ​နေ​ထိုင်​သော​ ​ဆို​ညာ​သည်​ ​ကြက်​တောင်​ပံ​ ​အ​စား​ပြိုင်​ပွဲ​ ​တစ်​ခု​သို့​ ​ယ​ခု​အ​ကြိမ်​ ​ပ​ထ​မ​ဆုံး​အ​နေ​နှင့်​ ဝင်​ပြိုင်​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရ​သည်​။​

​ပြိုင်​ပွဲဝင်​များ​သည်​ ​အ​လွန်​ကြိုး​စား​ပမ်း​စား​ ​ယှဥ်​ပြိုင်​ခဲ့​ကြောင်း​ ​စီ​စဥ်​သူ​ ​ဒ​ရူ​ကာ​ဇာ​က​ဆို​သည်​။​ ​အ​သက်​ ​၄၃​ ​နှစ်​အ​ရွယ်​ရှိ​ပြီ​ဖြစ်​သော​ ​ဆို​ညာ​က​ ​ပြိုင်​ပွဲ​တွင်​ ​မည်​မျှ​ထိ​ ​စား​နေ​မိ​မှန်း​ပင်​ ​သ​တိ​မ​ထား​မိ​ခဲ့​ဘဲ​ ​အ​နိုင်​ရ​ရှိ​မှန်း​ ​သိ​ချိန်​တွင်​မှ​ ​အ​လွန်​ပျော်​ရွှင်​မိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သူ​မ​က​ ​အ​ပူ​ဆုံး​ ​ကြက်​တောင်​ပံ​ကို​ ​စား​မိ​ချိန်​တွင်​ ​ရေ​အ​တော်​များ​များ​ ​သောက်​လိုက်​ရ​သေး​ကြောင်း​လည်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here