အိပ်​ချိန်​ မ​လုံ​လောက်​သ​ည့်​ ​က​လေး​များ​ ​အ​သက်​ကြီး​ချိန်​တွင်​ ​အဝ​လွန်​နိုင်

alt

အိပ်​ချိန်​လုံ​လောက်​စွာ​ ​မ​အိပ်​ရ​ခြင်း​သည်​ ​က​လေးငယ်​များ​အား​​ ​အ​သက်​ကြီး​လာ​ချိန်​တွင် ​အ​ဝ​လွန်​သည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ကြံု​ရ​စေ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​ပြော​ကြား​သွား​သည်​။​

​က​လေးငယ်ငယ်​ရွယ်​ရွယ်​များ​၊​ ​မူ​လ​တန်း​ ​ကျောင်း​သား​များ​သည်​ ​တစ်​နေ့​လျင်​ ​အ​နည်း​ဆုံး​ ​၁၀​ ​နာ​ရီ​မျှ​ ​အ​ချိန်​ယူ​ ​အိပ်​စက်​သင့်​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ဆို​သည်​။​ ယင်း​သို့​မ​ဟုတ်​ပါ​က​ ၎င်း​တို့​သည်​ ​အ​ရွယ်​ရောက်​လာ​ချိန်​တွင်​ ​ကိုယ်​အ​လေး​ချိန်​ ​တိုး​ပွား​လာ​မှု​မျိုး​ ​ကြံု​ရ​နိုင်​စေ​ကြောင်း​ ​သု​တေ​သ​န​ ​ရ​လဒ်​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​ ​

က​လေး​အ​ရွယ်​တွင်​ ​အိပ်​ချိန်​မ​လုံ​လောက်​ခြင်း​က​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ရှိ​ ​ဟို​မုန်း​များ​ ​တည်​ရှိ​မှု​ကို​ ​မ​ညီ​မ​မျှ​ ​ဖြစ်​စေ​ပြီး​ ​အ​ဝ​လွန်​သော​ ​အ​ကျိုး​ဆက်​ကို​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​လာ​ချိန်​တွင်​ ​တွေ့​ကြံု​ရ​စေ​နိုင်​ကြောင်း​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​ဝါ​ရှင်​တန်​နှင့်​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​တ​က္က​သိုလ်​များ​မှ​ ​သု​တေ​သီ​များ​က​ ​က​လေးငယ်​ ​၁၀၀၀​ ​ကျော်​၏​ ​ကျန်း​မာ​ရေး​ ​အ​ခြေ​အ​နေ​ကို​ ​လေ့​လာ​ပြီး​နောက်​ ​ပြော​ဆို​ခဲ့​သည်​။​ ​အ​သက်​ ​၅​ ​နှစ်​အောက်​ ​က​လေးငယ်​များ​သည်​ ​ပုံ​မှန်​အိပ်​ချိန်​ ​၁၀​ ​နာ​ရီ​အောက်​တွင်​သာ​ ​ရှိ​ခဲ့​ရာ​ ​နောက်​ထပ်​ ​၅​ ​နှစ်​အ​ကြာ​တွင်​ ​အ​ဝ​လွန်​သည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ဖြစ်​ပေါ်​ရန်​ ​နှစ်​ဆ​မျှ​ ​တိုး​မြင့်​လာ​ကြောင်း​ ​သိ​ရ​သည်​။

 

​ ​အ​မေ​ရိ​ကန်​တွင်​ ​က​လေးငယ်​များ​ ​အ​ဝ​လွန်​မှု​သည်​ ​ပြီး​ခဲ့​သည့်​ ​နှစ်​ပေါင်း​ ​၂၀​ ​မျှ​အ​တွင်း​ ​သိ​သိ​သာသာ​တိုး​ပွား​လာ​ခဲ့​သည်​။​ သု​တေ​သီ​များ​က​ ​ဟို​မုန်း​မ​ညီ​မျှ​မှု​ကြောင့်​ ​အ​ဝ​လွန်​မှု​ကို​ ​ဖြစ်​ပေါ်​စေ​နိုင်​ပြီး​ ​နှစ်​ပေါင်း​ ​၃၀​ ​မျှ​ ​ကာ​လ​အ​တွင်း​ ​၀ဝ​လင်​လင်​ ​အိပ်​စက်​ချိန်​ ​နည်း​ပါး​သူ​ ​အ​များ​စု​သည်​ ​အ​၀လွန်​မှု​နှင့်​ Type2​ဆီး​ချို​ရော​ဂါ ​ဖြစ်​နိုင်​ခြေ​ ​ပို​မို​များ​ပြား​ကြောင်း​ ​ယုံ​ကြည်​နေ​ကြ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here