​မ​က္က​စီ​ကို​ ​မူး​ယစ်မှောင်​ခို​ဂိုဏ်း​များ နှိမ်​နင်း​ေ​ရး​နှင့်​ပတ်​သက်​ပြီး​ ​ဟီ​လာ​ရီ​က​လင်​တန်​ ​ဝေ​ဖန်​ သုံး​သပ်

alt

မ​က္က​စီ​ကို​နိုင်ငံ​အ​တွင်း​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ကို​ ​နှိမ်​နင်း​နေ​ရ​သည့်​ ​စစ်​ပွဲ​မှာ​ ​နိုင်ငံ​အ​စိုး​ရ​ကို​ ​ပုန်​ကန်​နေ​သည့်​ ​သူ​ပုန်​များ​အား​ ​တိုက်​ခိုက်​နေ​ရ​ခြင်း​နှင့်​ပင်​ ​အ​သွင်​တူ​လာ​ကြောင်း​ ​ဟီ​လာ​ရီ​ ​က​လင်​တန်​က​ ​ဝေ​ဖန်​လိုက်​သည်​။​

​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​က​ ​မ​က္က​စီ​ကို​၏​ ​မူး​ယစ်​ဆေး​ဝါး​ ​ကိ​စ္စ​များ​သည်​ ​ကို​လံ​ဘီ​ယာ​ကဲ့​သို့​ ​အ​ခြေ​အ​နေ​မျိုး​ ​ဖြစ်​လာ​အောင်​ ဦး​တည်​နေ​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​လွန်​ခဲ့​သည့်​ ​နှစ်​ပေါင်း​ ​၂၀​ ​အ​တွင်း​ ​ကို​လံ​ဘီ​ယာ​ ​အ​စိုး​ရ​သည်​ ​ပြည်​တွင်း​သူ​ပုန်​များ​နှင့်​ အ​ကြိတ်​အ​နယ်​ ​စစ်​ခင်း​ခဲ့​ရ​ကြောင်း​၊​ ​မ​က္က​စီ​ကို​ ​အ​စိုး​ရ​နှင့်​ ​မူး​ယစ်​ဂိုဏ်း​များ​ကြား​ ​ထိပ်​တိုက်​တွေ့​မှု​သည်​ ​ယင်း​နှင့်​ ​အ​လား​သဏ္ဍန်​ ​တူ​လာ​ကြောင်း​ ​က​လင်​တန်​က​ ​ပြော​ဆို​သွားသည်​။​

သူ​မ​၏​ ​ပြော​ဆို​မှု​ကို​ ​မ​က္က​စီ​ကို​က​လည်း​ ​အ​လျင်​အ​မြန်​ပင်​ ​တုန့်​ပြန်​ခဲ့​ပြီး​ ​မ​က္က​စီ​ကို​ ​သ​မ္မ​တ​ ဖိ​လစ်​ပီ​ ​ကယ်​ဒါ​ရွန်​၏​ အ​မျိုး​သား​ ​လုံ​ခြံု​ရေး​ဌာ​န​ ​အ​ကြံ​ပေး​အ​ရာ​ရှိ အ​လီ​ဂျန်​ဒ​ရို​ ​ပီ​အို​ရီက​ ​မ​က္က​စီ​ကို​ ​အ​စိုး​ရ​သည်​ ​မူး​ယစ်​ဆေး​ဝါး​ ​တိုက်​ဖျက်​မှု​ကို​ ​အင်​တိုက်​အား​တိုက်​ ​ဆောင်​ရွက်​နေ​ကြောင်း​၊​ ​ယ​နေ့​မ​က္က​စီ​ကို​ ​ကြံု​နေ​ရ​သည့်​ ​အ​ကြပ်​အ​တည်း​သည်​ ​ကို​လံ​ဘီ​ယာ​နှင့်​ ​များ​စွာ​ကွာ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​က​လင်​တန်​သည်​ ​မ​က္က​စီ​ကို​ ​အ​စိုး​ရ​က​ ​အ​မေ​ရိ​ကန်​နှင့်​ ​ပူး​ပေါင်း​ကာ​ ​မူးယစ်​ဆေး​ဝါး​ ​မှောင်​ခို​သည့်​ ​လက်​နက်​ကိုင်​ ​တပ်​ဖွဲ့​များ​ကို​ ​ပြင်း​ပြင်း​ထန်​ထန်​ ​အ​ရေး​ယူ​နေ​ခြင်း​ကို​မူ​ ​ချီးကျူး​ပြော​ကြား​ခဲ့​သည်​။​

​မ​က္က​စီ​ကို​သည်​ ​မူး​ယစ်​ရာ​ဇာ​ ​ပက်​ဘ​လို​ ​အက်​စ​ကို​ဘာ​ကဲ့​သို့​ ​ထိပ်​သီး​ရာ​ဇ​ဝတ်​သား​များ​အား​ ​ကူ​ညီ​ဖမ်း​ဆီး​ပေး​ခဲ့​ကြောင်း​ ​က​လင်​တန်​က​ဆို​သည်​။​ မ​က္က​စီ​ကို​ ​အ​စိုး​ရ​အ​တွက်​ ​မူး​ယစ်​ဂိုဏ်း​များ​ကို​ ​ထိန်း​ချုပ်​နိုင်​ရေး​သည်​ ​အ​ကြီး​မား​ဆုံး​ ​စိန်​ခေါ်​မှု​ ​တစ်​ခုအ​ဖြစ်​ ​တည်​ရှိ​နေ​ပြီး​ ​၂၀၀၆​ ​ခု​နှစ်​ ​ဒီ​ဇင်​ဘာ​လ​က​ ကယ်​ဒါ​ရွန်​၏​ ​မူး​ယစ်​ဆေး​ဝါး​ ​တိုက်​ဖျက်​ရေး​ ​စီ​မံ​ကိန်း​ ​စ​တင်​ပြီး​နောက်​ပိုင်း​ ​နှစ်​ဖက်​တိုက်​ပွဲ​များ​အ​တွင်း​ ​လူ​ပေါင်း​ ​၂၈၀၀၀​ ​ထက်​မ​နည်း​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here